<div style='background-color: none transparent;'></div>

Home » »့ မြန်မာနိုင်ငံမှာ..ဒီ မင်္ဂလာမောင်မယ် နှစ်ဦးရဲ့ လုပ်ရပ် က အင်မတန်မှ ချီးကျူး လေးစားစရာ ကောင်းနေလို့  ကိုကျော်သူ့ facebook က ပုံတွေနဲ့  ရေးသားထားမှုကို ပြန်လည်ကူးယူ မျှဝေလိုက်ပါတယ်။

့မြန်မာနိုင်ငံမှာ..ဒီ မင်္ဂလာမောင်မယ် နှစ်ဦးရဲ့ လုပ်ရပ် က အင်မတန်မှ ချီးကျူး လေးစားစရာ ကောင်းနေလို့  ကိုကျော်သူ့ facebook က ပုံတွေနဲ့  ရေးသားထားမှုကို ပြန်လည်ကူးယူ မျှဝေလိုက်ပါတယ်။

**************************************************************************
လူမှုရေးသူရဲကောင်း ဇနီးမောင်နှံ

မင်္ဂလာဝတ်စုံတွေနဲ့ အသုဘလိုက်ချပေးနေတဲ့ မောင်ဇင်ဖြိုးအောင်နဲ့ မထက်ထက်ထွေးတို့ ဇနီးမောင်နှံ

နာရေးဆိုလျှင် အများက မင်္ဂလာမရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟု ထင်မြင်ကြပြီး ဝေးဝေး ပြေးကြပြန်တယ်။ အမှန်တော့ ဒါတွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာဖြစ်ပါသည်။






















၎.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ် ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ်နေသူဖြစ်သည်။

မင်္ဂလာအခမ်းအနား ပြီးပြီးချင်း မွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအား မင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံးမင်္ဂလာကို ကူညီဖေးမရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။







မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာ အခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကို သတို့သား၊ သတို့သမီး ဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံများသည်လည်း များစွာရှိခဲ့ပြီးဖြစ်သည်။ အချို့သော နာမည်ကြီး ဟိုတယ်/စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနားကျင်းပရာတွင်လည်း မိမိတို့အား ဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများအစား လူမှုရေးအသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။






ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင် ပြုကာ မြင့်မြတ်သောကုသိုလ်ရေးကိစ္စများကို လုပ်ဆောင်ကြသည့် မင်္ဂလာဇနီးမောင်နှံများအား လူမှုရေး သူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။


Share this article :

4 comments:

Yin Sue said...

ဖတ်ပြီးသားပေမဲ့ ထပ်ဖတ်ရင်း ထပ်လေးစားသွားပါတယ်ဗျာ....

စံပယ်ချို said...

တကယ်လဲ ဂုဏ်ပြုသင့်ပါတယ်

လွင်ပြင်လှိုင်းငယ် said...

ဂုဏ်ယူဖို့ကောင်းပါတယ်

Unknown said...

Good

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map