<div style='background-color: none transparent;'></div>

Home » » မထုံဋ္ဌာနီအနီး လူမှောင်ခိုကား တိမ်းမှောက်

မထုံဋ္ဌာနီအနီး လူမှောင်ခိုကား တိမ်းမှောက်



နေ့သစ်သတင်း. ၂၉မတ်လ ၂၀၁၂ —- တရားမဝင် မြန်မာပြည်သား ၂၁ သယ်ဆောင် လာတဲ့ ကားတစီး ထိုင်းနိုင်ငံ ပထုံဋ္ဌာနီ အနီးက နေရာတခုမှာ မတ်လ ၂၇ ရက်နေ့က တိမ်းမှောက်ခဲ့တယ်လို့ သိရှိရပါတယ်။
လူကယ်ရီ ကားနဲ့ တရားမဝင် မြန်မာပြည်သား ၂၁ ယောက်တင်ဆောင်လာတဲ့ ကားဟာ ပထုံဋ္ဌာနီအနီးက လန်စစ် အဝင် စစ်ဆေးရေးဂိတ်ကို အစစ်ဆေးမခံဘဲ ဖြတ်မောင်းပြေးရာက တိမ်းမှောက်ခဲ့ပြီး၊ ကားရောလူတွေပါ အနီးနားမှာရှိတဲ့ ချောင်းထဲ ထိုးကျသွားခဲ့တယ်လို့ သိခဲ့ရပါတယ်။

အခင်းဖြစ်ပွားမှုမှာ ကားမောင်းသူ ထိုင်းလူမျိုးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာနဲ့ အယုဒ္ဓယ ဆေးရုံမှာ ရှိနေပါ တယ်။ ကျန်တဲ့ ၉ ယောက်ကိုတော့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။ တရားမဝင် ဝင်ရောက်လာသူ တွေဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းက အများစုဖြစ်ပါတယ်။ သူတို့ကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဦးကို ကယ်ရီခ ဘတ်ငွေ ၁၄၅၀ ဘတ်ပေးပြီး မဟာချိုင် ချွန်ဘူလီ ဘန်ကောက် စတဲ့ နေရာတွေမှ အလုပ်လုပ်ဖို့ တက် လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
Share this article :

4 comments:

Unknown said...

စိတ်မကောင်းစရာပဲဗျာ....
ဖတ်ရှုသွားပါတယ်....

Yin Sue said...

အေးဗျာ စိတ်မကောင်းစရာဘဲ......တရားမ၀င်သွားရတဲ့ ဒုက္ခတွေပေါ့ဗျာ.......

ချစ်စံအိမ် said...

စိတ်မကောင်းစရာပဲ... ဟူးးးးးးးးး

စံပယ်ချို said...

အဲလိုသတင်းတွေကြားရတာစိတ်မကောင်းဖြစ်မိတယ် ဒါနဲ့မြန်မာနိုင်ငံ
အခြေအနေကောင်းနေပြီဆို ဘာကြောင့်ထွက်လာရတာလဲနော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map