<div style='background-color: none transparent;'></div>

Home » » ဒုတိယတန်းကျောင်းသူကို ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ အတန်းပိုင်ဆရာမ

ဒုတိယတန်းကျောင်းသူကို ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ အတန်းပိုင်ဆရာမ

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Share this article :

4 comments:

လွင်ပြင်လှိုင်းငယ် said...

ရက်စက်လိုက်တာနော်

Yin Sue said...

ဒီသတင်းကသိပ်မတိကျသလိုဘဲနော်.....အခုမှတိုင်ဖို့လုပ်တုန်းရှိသေးတာကို ..... ရေးထားလို့ပါ......ထင်တာပြောကြည့်တာပါအစ်ကို......

စံပယ်ချို said...

တစ်ချို့ဆရာမတွေ အဲဒီလိုပါပဲ
တစ်ချို့ဆရာမတွေအလွန်ကောင်းတယ်
ခင်မင်တဲ့ sis jasmine

Candy said...

အဲ့ဒါ ကန်ဒီနေခဲ့တဲ့ကျောင်းပဲ... ဘယ်လိုတွေဖြစ်ကုန်ပါလိမ့် @_@

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map