<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးအဆောင်ရှေ့ဂစ်တာလာတီးသူတစ်ဦးအရိုက်ခံရ၍ သေဆုံး

အမျိုးသမီးအဆောင်ရှေ့ဂစ်တာလာတီးသူတစ်ဦးအရိုက်ခံရ၍ သေဆုံး

မုံရွာမြို့၊ သလဒာရပ်ကွက်၊ မုံရွာတက္ကသိုလ်အနောက်ပေါက်အနီး ရင်ခွင်သစ် အမျိုးသမီးဘော်ဒါဆောင်ရှေ့တွင် ဖေဖော်ဝါရီ ၂၇ ရက်ညက ဂစ်တာတီးနေသူ ၄ ဦးအား ဆိုင်ကယ် ၅ စီးဖြင့်ရောက်ရှိလာသော လူ ၁၀ ဦးထဲမှ အချို့က  ရိုက်နှက်မှုကြောင့် ဒဏ်ရာများ အပြင်းအထန်ရရှိကာ နောက်တစ်ရက်တွင် တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၇ရက် ည ၁၁နာရီ ၁၅ မိနစ်အချိန်ခန့် မောင်အောင်နိုင်ဝင်း၊ မောင်ကျော်ဇေယျ၊ မောင်သန်းလှိုင်တိုး၊ မောင်သန်းလှိုင်စိုး ညီအစ်ကို ၄ ဦးသည် မုံရွာ
မြို့၊ သလဒာရပ်ကွက်၊ မုံရွာတက္ကသိုလ် အနောက်ပေါက်အနီးရှိရင်ခွင်သစ်အမျိုးသမီးအဆောင်ရှေ့တွင်  ဂစ်တာတီးခတ်နေစဉ် ဆိုင်ကယ်၅စီးနှင့်လူ၁၀ဦးရောက်ရှိလာပြီး ထိုအထဲမှအချို့ကအကြောင်းမဲ့တုတ်နှင့် ရိုက်နှက်ကာ ဆိုင်ကယ်များစီးနင်းထွက်ခွာသွားခဲ့သည်။
မောင်အောင်နိုင်ဝင်းနှင့်အဖွဲ့သည်ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင်   ဆေးဝါးကုသမှုခံယူခဲ့ကြောင်း သိရှိရသည်။ ဂစ်တာတီးခတ်သူများအနက် မောင်သန်းလှိုင်တိုးသည် ရရှိထားသောဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူခဲ့ရာမှ ဖေဖော်ဝါရီ (၂၈)ရက်၊နံနက်၎နာရီခွဲအချိန်တွင် သေဆုံးခဲ့ကြောင်း  သတင်းရရှိသည်။

ရိုက်နှက်ထွက်ပြေးတိမ်းရှောင်သူများအား အရေးယူပေးပါရန် သက်ဆိုင်ရာ မုံရွာမြို့နယ်၊အမှတ်(၂) ရဲတပ်ဖွဲ့စခန်းသို့  မောင်အောင်နိုင်ဝင်းက တရားလိုပြုလုပ်တိုင် ကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်ကို မုံရွာမြို့နယ်၊ အမှတ်(၂)ရဲ တပ်ဖွဲ့စခန်း၊(ပ)အမှတ်-၉၅/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅/၁၁၄)ဖြင့်  အမှုဖွင့်ခဲ့ပြီး လူ
သေဆုံးမှုရှိခဲ့သဖြင့် ပုဒ်မ(၃၂၅/ ၁၁၄) အ စား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၀၂)သို့ ပြောင်းလဲအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အထက်ပါသတင်းအား 7daynewsjournal မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်.။
Share this article :

3 comments:

ချစ်စံအိမ် said...

ဖြစ်မှာဖြတ်ရလေ

လွင်ပြင်လှိုင်းငယ် said...

တော်တော်ဆိုးတာပဲ သေဆုံးသူအတွက် စိတ်မကောင်းပါဘူး

Yin Sue said...

ဘယ်လိုလူတွေလည်းဗျာ.....တော်တော် ဆိုးတာဘဲ....

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map