<div style='background-color: none transparent;'></div>

Home » » တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားပြဿနာ အခြေခံလစာ ကျပ် ၇၀၀၀၀ ဖြင့် အဆုံးသတ်

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားပြဿနာ အခြေခံလစာ ကျပ် ၇၀၀၀၀ ဖြင့် အဆုံးသတ်



Yangon Media Group ,31March2012 — တိုင်ရီဖိနပ်စက်ရုံအလုပ်သမား များနှင့်အလုပ်ရှင်အကြားဖြစ်ပွားနေ သောလုပ်ခလစာပြသာနာများကိုနှစ် ဦးသဘောတူညီချက်ဖြင့်စာချုပ်ချုပ် ဆို၍အဆင်ပြေခဲ့ပြီဖြစ်ကြောင်းသိရ သည်။
မြို့နယ်ဝါဏိစ္စရုံးမှချမှတ်သော လုပ်ခလစာကို မကျေနပ်၍ တိုင်းခုံရုံး သို့ဆက်လက် အယူခံတင်သွင်း ခဲ့သောအလုပ်သမား ကိုယ်စားလှယ်(၄၅)ဦး ပါအဖွဲ့၏တောင်းဆိုချက်များ အတိုင်း အလုပ်ရှင်ဘက်မှ လိုက်လျောပေးခဲ့ ခြင်းဖြစ်ကြောင်း အလုပ်သမားကိုယ် စားလှယ်တစ်ဦးထံမှ သိရသည်။
”ကျွန်မတို့တိုင်းရုံးကိုအယူခံတင် ထားတဲ့အတိုင်းပေးမယ်လို့လိုက်လျော တဲ့အတွက်သဘောတူလိုက်တာပါ။ ကျွန်မတို့ တောင်းဆိုထားတဲ့အခြေ ခံလစာဒေးကြေးတစ်နာရီ(၁၂၀)ကျပ်၊ ရက်မှန်ကြေး(၇၀၀၀)ကျပ်၊အိုတီကြေး တနေ့(၄) နာရီအတွက်(၁၈)ရက်စာ တောင်းဆိုထားတာပါ။အခုလိုက်လျော ထားတဲ့အတိုင်းဆိုရင်တော့ဝင်ဝင်ခြင်း အလုပ်သမား တစ်ဦးရဲ့အခြေခံလစာ က(၇၀၀၀၀)လောက်ဖြစ်သွားမယ်။ လုပ်သက်(၁)နှစ်နဲ့အထက်ကိုအတတ် ပညာပိုင်းအရ ကျွမ်းကျင်သူဆိုရင်အနိမ့် ဆုံးလစာကရှစ်သောင်းကိုးသောင်း လောက်ရသွားမှာပေါ့။လုပ်သက်နဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီးလစာတိုး သွားတဲ့သဘောပါပဲ။သဘောတူစာ ချုပ်ချုပ်ဖြစ်တဲ့အချိန်ကမတ်လ(၃၀) ရက်နေ့ည(၈:၃၀)နာရီလောက်မှာ ပါ”ဟုအလုပ်သမားကိုယ်စားလှယ် အဖွဲ့မှ မတင်တင်ဦးကပြောသည်။
ထိုသို့သဘောတူစာချုပ်ချုပ်ဆို ရာတွင်အလုပ်ရှင်ဘက်မှအလုပ်ရှင်၏ အခွင့်ရကိုယ်စားလှယ်တစ်ဦး၊စာရင်း စစ်နှစ်ဦး၊ စကားပြန်တစ်ဦး၊အလုပ်သမား ကြီးကြပ်ရေးဘက်မှ ဦးဇော်ဇော်ဦး၊ ဦးအောင်နိုင်၊ဦးဝင်းရှိန်တို့ပါဝင်၍ အလုပ်သမားများဘက်မှအလုပ်သမား ကိုယ်စားလှယ်(၄၅)ဦးပါဝင်ကြောင်း သိရသည်။    အလုပ်သမား များဘက်မှ လည်း နှစ်ဖက်သဘောတူညီချက်များရရှိပြီ ဖြစ်၍စာချုပ်ပါ  အတိုင်းမိမိတို့ဘက်မှ မတ်လ(၃၁) ရက်နေ့ တွင်အလုပ်သမား များအားလုံး နဂိုမူလအလုပ်ချိန်အတိုင်း အလုပ်ပြန်ဆင်းဖြစ်ကြောင်းလည်းသိ ရသည်။
”အခုလိုနှစ်ဘက်သဘောတူညီချက် ရသွားတဲ့အတွက်ဦးတို့အနေနဲ့ဝမ်းသာ ပါတယ်။အဲဒီလိုဖြစ်သွားတဲ့အတွက် အလုပ်သမားတွေ လည်းအဆင်ပြေ ပြေနဲ့အလုပ်လုပ်နိုင်သလိုအလုပ်ရှင် အတွက်လည်းအဆင်ပြေသွားတာပေါ့ အခုလိုဖြစ်သွားတာ ကောင်းပါတယ်။ ဟုအလုပ်ရုံနှင့်အလုပ်သမားဥပဒေရေး ရာဌာနမှတာဝန်ရှိသူ တစ်ဦးကပြော သည်။
ယခုတစ်ကြိမ် အလုပ်သမားများ၏ ဆန္ဒပြမှုသည်(၃)ကြိမ်မြောက်ဖြစ်ပြီး ဆန္ဒပြမှုနှစ်လအကြာတွင်မှယခုကဲ့ သို့နှစ်ဘက် သဘောတူ ညီမှုရရှိခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။     တိုင်ရီဖိနပ်စက်ရုံတွင်အလုပ်သမား ဦးရေနှစ်ထောင်ခန့် အလုပ်လုပ်ကိုင် လျှက်ရှိကြောင်း လည်းသိရသည်။
ကောင်းမြတ်ကျော်
Share this article :

1 comments:

Unknown said...

အဆင်ပြေသွားတာကြားရလို့ဝမ်းသာပါတယ်ဗျာ...:)

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map