<div style='background-color: none transparent;'></div>

Home » » အနုပညာရှင်စည်းရုံး ဖျော်ဖြပွဲကို သွားရောက်အားပေးတဲ့ရွာ မီးလာင်မှုဖြစ်ပွား

အနုပညာရှင်စည်းရုံး ဖျော်ဖြပွဲကို သွားရောက်အားပေးတဲ့ရွာ မီးလာင်မှုဖြစ်ပွား

အနုပညာရှင်များ စစ်ကိုင်းတိုင်းအတွင်း စည်းရုံးရေးဆင်းဖျော်ဖြေနေစဉ်

DVB ,30 March 2012 —- နာမည်ကြီး အနုပညာရှင်တွေရဲ့  ရွေးကာက်ပွဲ မဲပေးမှုဆိုင်ရာ  ပညာပေး စည်းရုံးရေးနဲ့ ဖျော်ဖြေရးပွဲကို သွားရောက် အားပေးနေချိန် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ရွာတရွာမှာ မီးလောင်မှုတခု ဖြစ်ပွားခဲ့လို့ ရွာတ၀က်နီးပါး မီးထဲပါသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာမှာ မတ် ၂၉ ရက်ေန ညနေ ၃ နာရီလောက်မှာ မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၃၀ လောက် ပါသွားတယ် လို့ ယင်းမာပင်မြို့နယ် မီးသတ်ဌာနက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။
မီးလောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး  မီးဘေး ဒုက္ခသည်တွေ ကိုလည်း တာဝန်ရှိသေူတွက ကူညီဖို့ လုပ်ဆောင်နေတယ်လို့ မီးသတ်ဌာနက ပြောဆိုခဲ့ပါတယ်။
လူမင်း၊ ထွန်းအိန္ဒြာဗို၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သေုဝ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်ေတွ က  ရွေးကောက်ပွဲအတွက်  မဲ ပညာပေး စည်းရေုံးရးနဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ လာရောက်ဖျော်ဖြေနေချိန် တရွာလုံး သွားရာက် အားပေးနစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့နယ် အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ်က ပြောပါတယ်။
အိမ်ခြေ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ၀င်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီး ရေရှားပါးတဲ့ အရပ်ဖြစ်ပါတယ်။
ကိုထွေး
Share this article :

2 comments:

Yin Sue said...

စိတ်မကောင်းစရာဗျာ.....မီးကလည်း လောင်လိုက်တာ ခဏခဏဘဲ.....

Unknown said...

သြော်ဘဝတွေကလည်း ဆိုးလိုက်တာဗျာ...
ကံကံ၏အကျိုးပေါ့ဗျာ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map