<div style='background-color: none transparent;'></div>

Home » » ဧပြီ(၁)စမည့် အခွန်စနစ်သစ်အရ တစ်ဦးချင်း တစ်လဝင်ငွေ တစ်သိန်းနှစ်သောင်းရလျှင် ဝင်ငွေခွန်ဆောင်ရမည်

ဧပြီ(၁)စမည့် အခွန်စနစ်သစ်အရ တစ်ဦးချင်း တစ်လဝင်ငွေ တစ်သိန်းနှစ်သောင်းရလျှင် ဝင်ငွေခွန်ဆောင်ရမည်



Yangon Media Group ,27 March 2012 —- ဧပြီလ(၁)ရက်မှစတင်ပြောင်း လဲသတ်မှတ်လိုက်ဝင်ငွေခွန်သတ်မှတ် ချက်အရတစ်ဦးချင်းတစ်လ၁၂၀၀၀ဝကျပ်၊ စီးပွားရေးလုပ်ငန်းများ တစ်လကျပ်တစ်သိန်း မှစတင်ကာပေးဆောင်ရမည်ဖြစ်ကြောင်း ၊ယင်းသတ်မှတ်ချက် သည်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအားလုံးနှင့်အကြုံးဝင်ကြောင်း ဘဏ္ဍာရေးနှင့်  အခွန်ဝန်ကြီးဌာနပြည်တွင်း အခွန်များ ဦးစီးဌာနက  ထုတ်ပြန်ပြောကြား လိုက်သည်။
ယခင်ကတစ်ဦးချင်းအနေဖြင့် တစ်နှစ်ဝင်ငွေကျပ် ၃၀၀၀ဝ ရရှိသူများက စတင်ပေးဆောင်ရ ရာမှ ပြောင်းလဲ သတ်မှတ် ချက်အရ  တစ်ဦးချင်း  ဝင်ငွေတစ်လ ကျပ်တစ်သိန်း နှစ်သောင်းနှင့်အထက်ရရှိသူများသည် တစ်ကျပ်မှ ငါးသိန်း အထိအခွန်တစ်ရာ ခိုင်နှုန်းဖြစ်ကာ  ငါးသိန်းတိုးတိုင်းတစ်ရာ ခိုင်နှုန်း အထိတက် သွားမည်ဖြစ်ပြီး သိန်း နှစ်ရာနှင့် အထက်ရရှိသူများသည်၂ဝရာ ခိုင်နှုန်းအထိပေးဆောင်ရမည်ဖြစ် သည်။  
ထို့နောက်  အခြေခံအ ခွန်သက်သာခွင့်၂ဝရာခိုင်နှုန်းအထိပေး မည်ဖြစ်ကာ  ယင်းအတွက် ကျပ်သိန်းတစ် ရာပမာဏ  အထိပေး မည်ဖြစ်ပြီး၊အိမ် ထောင်ဖက်အတွက်   သက်သာခွင့်ကျပ် သုံးသိန်း၊သားသမီးတစ်ဦးအတွက် သက်သာခွင့် ကျပ်နှစ်သိန်း တို့ဖြစ်ရာ ဝင်ငွေကျပ်တစ်သိန်းသုံးသောင်းရရှိ သည့်အိမ်ထောင်မရှိသူတစ်ဦးသည် တစ်လဝင် ငွေခွန် ၁၈၇ဝ ကျပ်ပေးဆောင် ရမည်ဖြစ်ကြောင်းသိရသည်။ သမဝါယမအသင်းများ  အနေဖြင့် တစ်လဝင်ငွေ တစ်သိန်း  ရရှိ သည့် လုပ်ငန်းများ  မှစတင်သာဝင်ငွေ ခွန်ပေးဆောင် ရမည်ဖြစ်ပြီး  ဝင်ငွေငါးသိန်း တိုးတိုင်းအခွန်၂ရာခိုင်နှုန်းတိုး  သွားမည်ဖြစ် ကာဝင်ငွေကျပ်သိန်း ၃၀ဝနှင့် အထက်သည် အများဆုံး၃ဝရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး အခြေခံ သက်သာ ခွင့်၂ဝ ရာခိုင်နှုန်း ဖြစ်ကြောင်း  သိရသည်။
စီးပွါးရေးလုပ်ငန်းများမှာ မူတစ်လဝင်ငွေကျပ်တစ်သိန်းရရှိသည့် လုပ်ငန်းများမှစတင်ကာဝင်ငွေခွန်ပေး ဆောင်ရ မည်ဖြစ်ပြီး အခြေခံသက်သာ ခွင့်မရှိပဲတစ်ကျပ်မှ ငါးသိန်းအထိ၂ရာ ခိုင်နှုန်းမှစတင်မည်ဖြစ် ကာဝင်ငွေ ငါးသိန်း တိုးတိုင်း  အခွန်နှစ်ရာခိုင်နှုန်း  တိုးမည်ဖြစ်ပြီးသိန်း၃၀ဝနှင့်အထက် သည်အခွန်၃ဝ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရ သည်။ အခြေခံပစ0×081စများလဲလှယ်ရောင်း ချသောလုပ်ငန်းများ (အိမ်ခြံမြေရောင်း ဝယ်ခြင်း ကဲ့သို့သော လုပ်ငန်းများ) အတွက် ဝင်ငွေခွန်အား   တစ်လကျပ် ဆယ့်နှစ်သိန်း ရရှိသည့် လုပ်ငန်းများ ကစတင်ကာပေး  ဆောင်ရမည်ဖြစ်သည်။”ဒီအခွန်နှုန်းထားတွေ ကိုကုန်သည်စက်မှုအသင်း ချုပ်နဲ့အ ကြိမ်ကြိမ်အပြန်အလှန်ဆွေးနွေးညှိနှိုင်း ပြီးသတ်မှတ်ခဲ့ တာဖြစ်ပါ တယ်။  လက် ရှိခေတ်နဲ့ အဆီလျော်ဆုံးဖြစ်ပါလိမ့် မယ်”ဟုပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်ကပြော ကြားသည်။
ယင်ခင်နှုန်းထားများမှာ  တစ်နှစ်လျှင်  တစ်ဦးချင်း၃၀၀၀ဝကျပ်၊ သမဝါယမလုပ်ငန်း   ၃၀၀၀ဝကျပ်၊စီးပွါး ရေးလုပ်ငန်း ၃၀၀၀ဝကျပ်၊ အခြေခံပစ္စည်း များလဲလှယ်ရောင်းချခြင်း  ကျပ်တစ်သိန်း ဖြစ်ကြောင်းသိရသည်။ ” အရင်က နှုန်းထား တွေက  ခေတ်နဲ့ မလျှော်ညီတော့ ပါဘူး။ ဒါကြောင့်လိုက်နာဖို့  ခက်ခဲခဲ့ပါတယ်” ဟု  ဦးမြတ်မော်က ဆက်လက်ပြောကြားသည်။ ယင်းနှင့်ပတ်သတ်၍  စီးပွါးရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်း ကမကြာမီက ရန်ကုန်တိုင်းမ် နှင့် တွေ့ဆုံ ရာတွင် ဝင်ငွေခွန်အား ကျပ်သုံးသောင်း မှစတင်ကာပေး ဆောင်စေသည့် အတွက် အားလုံးလိုက်နာ  နိုင်ရန်ခက်ခဲကြောင်း၊ ထို့ကြောင့်အများလိုက်နာနိုင်သည့် ဝင်ငွေပမာဏနှင့် ပေးဆောင်နိုင်သည့် ရာခိုင်နှုန်းကို  သတ်မှတ် ခြင်းဖြင့် အခွန်ထမ်း  သူဘက်မှ  သက်သာ မည်ဖြစ်သကဲ့ သို့အစိုးရအတွက်လည်း အခွန်ငွေပို မိုရရှိနိုင်မည်  ဖြစ်ကြောင်း  ပြောကြားခဲ့ သည်။ အခွန်ရှင်းလင်းပွဲအခမ်း အနားသို့တက် ရောက်ခဲ့သည်ဦးတင်ဝင်း ဆိုသူ လုပ်ငန်းရှင် တစ်ဦးက  ” အခွန်နှုန်းတွေ လျှော့လိုက် တာနဲ့ အခွန်ဆောင် ကြမယ်လို့ တော့  မထင်ပါနဲ့။ဒါကိုကြီးကြပ်မယ့်   အဖွဲတစ်ဖွဲ့လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။
မရမ်းကုန်းမြို့နယ်နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ” အခုလိုတစ်လကိုတစ်သိန်းသုံးသောင်းလောက် ရတဲ့သူမှ တစ်လကို ထောင့်ရှစ်ရာလောက် ပဲဆောင်ရမယ်ဆိုတော့ပေးနိုင်ပါတယ်။ ဒါကိုယ့်တိုင်းပြည် အတွက်ပဲ” ဟုပြော ကြားသည်။ လက်ရှိ ပြောင်းလဲသတ်မှတ်   လိုက်သော  အခွန်စနစ်သည်  နှုန်းထား အားလျှော့ချပြီး ပေးနယ်ပယ်အား ကျယ်ပြန့်စေရန်ပြုလုပ်လိုက်ခြင်းဖြစ်ကာ အခွန်ဝင်ငွေပိုမိုရရှိနိုင်မည်ဟုမျှော်မှန်း ထားကြောင်း ပြည်တွင်း အခွန်ဦးစီး ဌာန မှပြောကြား သည်။
လက်ရှိ အချိန်တွင်မြန်မာ နိုင်ငံ့၏ဂျီဒီပီနှင့် အခွန်အချိုးအားနှိုင်း ယှဉ်ပါက၃ရာခိုင်နှုန်း  ကျော်သာရှိပြီး အခြားသောဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံများ နှင့်နှိုင်းယှဉ်လျှင်ပင်   အလွန်နည်းပါး နေသေးသည်။
ဇော်ထိုက်
Share this article :

1 comments:

Unknown said...

မှတ်သားသွားပါတယ်ဗျာ...:)

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map