<div style='background-color: none transparent;'></div>

Home » » သင်္ကြန်ရက်နီး၍ အချိုရည်ပစ္စည်းပြတ် ဈေးတက်

သင်္ကြန်ရက်နီး၍ အချိုရည်ပစ္စည်းပြတ် ဈေးတက်


The Street View —- သင်္ကြန်ပွဲတော်သို့ နီးကပ်လာပြီဖြစ်သောကြောင့် စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့ ဈေးတက်ခဲ့ပြီး အချိုရည်များမှာ ပစ္စည်းပြတ်သည်အထိ ရောင်းအားသွက်ခဲ့သည်ဟု သိရသည်။ သင်္ကြန်ပွဲနီးကပ်လာခြင်း၊ ပူပြင်းသောရာသီဥတုကြောင့် အချိုရည်မျိုးစုံ ဈေးတက်ခဲ့ပြီး အချို့မှာ ပစ္စည်းပြတ်သည်အထိပင်ဖြစ်ခဲ့သည်။

ထိုသို့ ပစ္စည်းပြတ်လပ်ရမှုမှာ နယ်စပ်မှ ၀င်ရောက်လာသော Coke , Sprite သံဘူးများမှာ နယ်စပ်၌ပင် လိုသလောက်ဝယ်၍ မရခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။ ´´မြ၀တီမှာတောင် ဟိုဘက်က ပစ္စည်းမ၀င်ဘူးဖြစ်နေတယ်။ ၀င်ပြန်ရင်လည်း လိုသလောက်မရဘူး။ ထိန်းပြီးရောင်းနေရတယ်´´ဟု ရွှေဆည်တော်မုန့်မျိုးစုံ ရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသားပိုင် လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သော Shark တံဆိပ်အားဖြည့်အချိုရည်များမှာလည်း ဈေးကွက်တွင် ပစ္စည်းပြတ်နေသည်ဟု သိရသည်။ထို့ပြင်Queen တံဆိပ်အချိုရည်ပုလင်းများမှာလည်း ဈေးကွက်တွင် ပစ္စည်းပြတ်၍ ဈေးတက်နေသည်ဟု Coke နှင့် Sprite ကဲ့သို့ သံဘူးများမှာ ၂၄ လုံးပါ တစ်ဖာလျှင် ကျပ် ၃၀၀ ခန့်ဈေးတက်သွားပြီး ၀ယ်လိုအားများနေသော်လည်း လိုသလောက်မရနိုင်ဟု သိရသည်။
´´သင်္ကြန်ရက်နီးရင် ဈေးတက်တာတော့ထုံးစံပဲ။ အခုတော့နည်းနည်းစောနေသေးသလားလို့ ပစ္စည်းပြတ်တာတွေကလေ၊ ၀ယ်လိုအားများရင် ဈေးတက်တက်တယ်ဆိုတော့ ဈေးတင်ချင်လို့ ပစ္စည်းတွေအောင်းထားတာလည်းဖြစ်နိုင်တယ်´´ဟု မုန့်မျိုးစုံဖြန့်ချိရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့ပြင် နာမည်ကြီး ဘီယာတံဆိပ်မျိုးစုံလည်း တစ်ဘူးလျှင် ကျပ် ၃၀မှ  ၁၀၀ အထိဈေးတက်ခဲ့သည်ဟု သိရသည်။
ဥက္ကာ
Share this article :

1 comments:

ချစ်စံအိမ် said...

သကြံန်ကမရောက်သေးဘူးဈေးကတက်ပြီ :(

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map