<div style='background-color: none transparent;'></div>

Home » » ကွင်းအတွင်း ရုတ်တရတ် အသက်ရှူ ရပ်သွားပြီးနောက် သေကံမရောက် သက်မပျောက်ပဲ အသက်ပြန်လည် ရှူနိုင်ခဲ့ပြီး တည်ငြိမ်သည့် အခြေအနေသို့ ပြန်ရောက် လာခဲ့သည့် မူယမ်ဘ (မှတ်တမ်း ဓာတ်ပုံများဖြင့်)

ကွင်းအတွင်း ရုတ်တရတ် အသက်ရှူ ရပ်သွားပြီးနောက် သေကံမရောက် သက်မပျောက်ပဲ အသက်ပြန်လည် ရှူနိုင်ခဲ့ပြီး တည်ငြိမ်သည့် အခြေအနေသို့ ပြန်ရောက် လာခဲ့သည့် မူယမ်ဘ (မှတ်တမ်း ဓာတ်ပုံများဖြင့်)

 
ကွင်းအတွင်း ရုတ်တရတ် အသက်ရှူ ရပ်သွားပြီးနောက် သေကံမရောက် သက်မပျောက်ပဲ အသက်ပြန်လည် ရှူနိုင်ခဲ့ပြီး တည်ငြိမ်သည့် အခြေအနေသို့ ပြန်ရောက် လာခဲ့သည့် မူယမ်ဘ (မှတ်တမ်း ဓာတ်ပုံများဖြင့်)
ကွင်းအတွင်း ရုတ်တရတ် အသက်ရှူ ရပ်သွားပြီးနောက် သေကံမရောက် သက်
မပျောက်ပဲ အသက်ပြန်လည် ရှူနိုင်ခဲ့ပြီး တည်ငြိမ်သည့် အခြေအနေသို့
 ပြန်ရောက် လာခဲ့သည့် မူယမ်ဘ (မှတ်တမ်း ဓာတ်ပုံများဖြင့်)
ပြီးခဲ့သည့် သတင်းတွင် တင်ပြခဲ့သည့် အတိုင်း ကွင်းအတွင်း ကစားနေစဉ် ရုတ်တရတ် လဲပြိုကျသွားခဲ့ပြီး အသက်ရှူ ရပ်သွားခဲ့သည့် ဘော်လ်တန်နှင့် အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟောင်း အသက် ၂၃ နှစ်ရှိပြီဖြစ်သည့် ကွင်းလယ် ကစားသမား မူယမ်ဘဟာ အခုဆိုလျှင် လန်ဒန် ဆေးရုံကြီးတွင် ကုသမှု ပြုလုပ်ခဲ့ပြီးနောက် သူ၏ အသက်ရှူမှုအား ပြန်လည် ထိမ်းချုပ်မှု ပြုလုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်း အဖြစ် သိရသည်။


မည်သူနှင့်မျှ ထိခိုက်မှု မရှိပဲ ပွဲချိန် ၄၁ မိနစ်ခန့်တွင် ရုတ်တရတ် လဲပြိုကျသွားကာ အသက်ရှူ ရပ်သွားမှုကြောင့် အရေးပေါ် ဆေးကုသမှုများ ပြုလုပ်ပြီးနောက် ကွင်းအတွင်းမှ အမြန်ဆုံး သယ်ထုတ်သွားကာ လန်ဒန် ဆေးရုံကြီး စီသို့ ချက်ချင်း ပို့ဆောင် ကုသမှု ခံယူခဲ့ရပြီးနောက် ယခုတွင် ပြောရေးဆိုခွင့် ရှိသူ တစ်ဦးအား ကိုးကားပြီး ဆန်းသတင်းစာ၏ ဖော်ပြချက်တွင် အဆိုပါ ကစားသမားဟာ အသက်ပြန်လည် ရှူရှိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။


ဘော်လ်တန် ကွင်းလယ် ကစားသမား ဖာဘရိုက် မူယမ်ဘဟာ တစ်ဖန် အသက်ပြန်ရှူ ခဲ့ပြီးနောက် ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးမှ သူဟာ တစ်ကယ်ပဲ တည်ငြိမ်တဲ့အခြေအနေ တစ်ရပ်ကို ရောက်ရှိနေခဲ့ပါပြီဟု ပြောသွားကြောင်း သိရသည်။

အဆိုပါ ကစားသမားသည် Zaire (ယခု ကွန်ဂို) နိုင်ငံတွင် မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပြီး ယခု အသက် ၂၃ နှစ်ရှိပြီ ဖြစ်သည်။ ယင်းနောက် ဗြိတိန် နိုင်ငံသား ဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆင်နယ် အသင်းနှင့် အတူ ဘာမင်ဂမ် စီးတီး အသင်းများတွင်လည်း ကစားခဲ့သူ ဖြစ်သည်။ သူသည် ရှန်နာ မာဂန်ဒါ ဆိုသည့် ချစ်သူနှင့် ဗာလင်တိုင်းဒေး (ချစ်သူများနေ့)ကမှ စေ့စပ် ထားသူဖြစ်ပြီး သိက္ခာရှိသည့် ဖခင် တစ်ဦး ဖြစ်ချင်သည်ဟုလည်း ကြွေးကြော်ခဲ့ဘူးသည်ဟု သိရသည်။



အဆိုပါ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ပွဲတစ်ပွဲလုံးကိုပါ ရပ်ပြစ်လိုက်ပြီး ထပ်မံ ကစားရမည် ဖြစ်သော်လည်း နှစ်ဘက် ပရိတ်သတ်များမှ မျက်ရည်များ ကျဆင်းခဲ့ကြသည်။ ထို့အပြင် ကွင်းအတွင်းရှိ နှစ်ဘက် အသင်းသား ကိုယ်တိုင် စိတ်မကောင်း ဖြစ်ကြရင်း ဆိုင်ရာ ဘုရားများအား တ,ကာ ဆုတောင်းပေးခဲ့ကြသည်။ ထိုအထဲတွင် မျက်ရည် မဆဲနိုင်သူမှာ စပါး တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးပင် ဖြစ်သည်။
ဂျာမိန်း ဒီဖိုးမှ မူယမ်ဘ အတွက် တွစ်တာစာမျက်နှာမှ နေပြီး ““ ဖက်ဘ် (ဖာဘရိုက် မူယမ်ဘ) အတွက် ဆုတောင်းပါတယ်။ ဘုရားသခင်က သူ့ကို ရှင်သန်အောင် ကူညီပါလိမ့်မယ်။ မူယမ်ဘအတွက် ဆုတောင်းပါတယ်””ဟု ရေးသားခဲ့သည်။



ဂန်းနားတို့၏ ကွင်းလယ် ကစားသမားလေး ဝီရှိုင်းယားမှလည်း ““မူယမ်ဘဟာ အဆင်ပြေပြေနဲ့ အိုကေမယ်လို့ မျှော်လင့် ပါတယ်။ သူနဲ့အတူ ဖြတ်ကျော် ကြပါစို့””ဟု ဆုမွန်ကောင်း တောင်း ပေးခဲ့ကြသည်။ ထို့အပြင် နှစ်ဘက် အသင်းဖန်များမှလည်း အဆိုပါ ကစားသမားအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြကြောင်း သိရပါသည်။





mutdfan.com
Share this article :

2 comments:

Yin Sue said...

ဒီလိုလေးကြားရတာလည်း ၀မ်းသာပါတယ်ဗျာ......တော်သေးလို့ ဘာမှမဖြစ်တာ...

စံပယ်ချို said...

တခါတလေအဲဒီလိုဖြစ်တတ်ကြတယ်နော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map