<div style='background-color: none transparent;'></div>

Home » » ကန်တော်ကြီးဥယျာဉ်(မြေပဒေသာကျွန်း)တွင် 'ပျော်ရွှင်စရာ ရေခဲကမ္ဘာ' ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ စတင်ဖွင့်လှစ်

ကန်တော်ကြီးဥယျာဉ်(မြေပဒေသာကျွန်း)တွင် 'ပျော်ရွှင်စရာ ရေခဲကမ္ဘာ' ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ စတင်ဖွင့်လှစ်


ကန်တော်ကြီးဥယျာဉ် (မြေပဒေသာကျွန်း)''ပျော်ရွှင်စရာရေခဲ ကမ္ဘာ'' ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချူပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့်၊ Asia Myanmar Consortium Development ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ခိုင်၊ အမူဆောင်ဒါရိုက်တာ ဦးငြိမ်းအောင် တို့က နံနက် ၉ နာရီ၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ''ပျော်ရွှင်စရာ ရေခဲကမ္ဘာ''သို့ ဖေဖော်ဝါရီလ ၂၅ရက်နေ့၊ နေ့လည် ၁၂ နာရီမှစ၍ အများပြည်သူတို့ စတင်ကြည့်ရှုနိုင်ပြီဖြစ်ပြီး ၀င်ကြေးမှာလူကြီးတစ်ဦးလျှင် အစိုးရရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ကျပ် ၅၀၀၀ဖြစ်ပြီး ကျန်ကြား ရက်များတွင် ကျပ် ၄၀၀၀ ကောက်ခံမည်ဖြစ်ကြောင်းနှင့် ရက်အားလုံးအတွက် ကလေးတစ်ဦးလျှင် ကျပ် ၃၀၀၀ဖြစ်ကြောင်း သိရသည်။
''ဒီရေခဲကမ္ဘာပြသထားတဲ့ ရုပ်တုတွေကို ၃လတစ်ခါ ပုံစံပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ပြသမယ့် ကာလကိုတော့ တိတိကျကျ မသတ်မှတ်ရသေးပါဘူး၊ အဆင်ပြေရင် ပြေသလို ၆လ၊ ၁နှစ်လောက် ပြသသွားမှာပါ၊ မင်္ဂလာဆောင်၊ TV ကြော်ငြာ၊ Video စတာတွေ ရိုက်ကူးချင်ရင်လည်း Booking လုပ်လို့ရပါတယ်''ဟု Asia Myanmar Consortium Development ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ခိုင်က ပြောကြားခဲ့သည်။
Share this article :

2 comments:

စံပယ်ချို said...

ဒီတခါပြန်ရင်တော့ သွားလိုက်အုန်းမယ်

Yin Sue said...

ဝင်ကြေးကတော့ မြင့်တယ်နော်.....ဘာပဲပြောပြော ရောက်ဖူးအောင်တော့ ပြန်မှ သွားလိုက်ဦးမယ်...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map