ယူကရိန်းနိုင်ငံတွင် တွေ့ရှိခဲ့သော ရင်ချင်းဆက်လိပ်အမြွှာကို အများပြည်သူကြည့်ရှုနိုင်ရန် မြို့တော် ကိယက်ဗ်ရှိ သဘာဝသိပ္ပံပြတိုက်တွင် ပြသထားကြောင်း သိရသည်။ ခေါင်းနှစ်လုံး၊ ခြေခြောက် ချောင်းနှင့် လိပ်ဟု ထင်ရှားခဲ့သောလည်း အမှန်တကယ်မှာ ကိုယ်ချင်းဆက်နေသော လိပ်အမြွှာသာဖြစ်ကြောင်း သတ္တဗေဒပညာရှင် ယူရင်ယူရက်ဗ်လီယော့ဗ်က ပြောကြားခဲ့သည်။
လိပ်နှစ်ကောင်မှာ အသည်း တစ်ခုစီ၊ ရှေ့ခြေနှစ်ဖက်စီရှိသော်လည်း နောက်ခြေမှာ နှစ်ကောင်ပေါင်းမှ တစ်စုံသာရှိသလို အူမှာလည်း တစ်စုံသာပါရှိသည်။
ငါးနှစ်အရွယ်ရှိသည့် လိပ်၏ အခွံမှာ အသည်းပုံသဏ္ဌာန်ဖြစ်နေ သည်။ ဦးခေါင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု စားသောက်ပုံအကျင့်စရိုက်ကအစ မတူညီဟုသိရသည်။ ဘယ်ဘက်မှ ဦးခေါင်းမှာ ပိုပြီးသွက်လက်သလို ဦးဆောင်သည့်သဘောရှိကာ စိမ်းစိုသည့် အစားအစာများကို ပို မိုနှစ်သက်ပြီး ညာဘက်ဦးခေါင်းမှာ မုန်လာဥကဲ့သို့သော အရောင်တောက်တောက် အစားအစာများကို ပိုမိုနှစ်သက်သည်ဟု ဆိုသည်။ ဦးခေါင်းနှစ်ခုမှာ တစ်ခါတစ်ရံတွင် သွားလိုသည့်ဦးတည်ရာဘက် မတူတတ်သလို တစ်ခေါင်းနှင့်တစ်ခေါင်းလည်း မြင်တွေ့နိုင်ခြင်းမရှိဟု ဆိုသည်။
Updates +++
4 years ago


0 comments:
Post a Comment