Home »
ဟာသ
» နွမ်းနေလား..ညစ်နေလား..ဒါလေးတွေဖတ်ရင် လန်း သွားမယ်
နွမ်းနေလား..ညစ်နေလား..ဒါလေးတွေဖတ်ရင် လန်း သွားမယ်
ဒုက္ခပေးတဲ့အကောင်
ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ
သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
...လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´ “ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´
iPad ပြန်ရမှ
သူကြီးဦးကွန့်အိမ်ရှေ့တွင်ရွာသူရွာသားများကြွက်စီကြွက်စီဖြစ်နေကြသည်။မြို့မှအလည်ရောက်နေသောလူရွယ်၂ဦး၏အထုတ်အပိုးများကိုရွာခံသူခိုးက မ သွားသဖြင့်ပြသသနာတက်နေကြတာပင်...
သူကြီးက
“စိတ်မပူပါနဲ့ငါ့တူတို့ရယ် မောင်တို့အထုတ်တွေပြန်ရရပါစေ့မယ်၂ရက်၃ရက်ပဲစောင့်ပါ”
ဒေါသထွက်နေသောမြို့သား၂ဦးက
“ကျွန်တော်တို့မှာအချိန်မရဘူးဗျ”
“ဒါဖြင့်ပြန်နှင့်ပါကွယ် ဒီကောင့်ကိုမိတာနဲ့ကျုပ်တို့ချက်ချင်းအကြောင်းကြားပါ့မယ်ပြောတဲ့ရက်ကျော်လို့မှ
မမိရင်ရွာကစိုက်လျော်ပါ့မယ်ရွာနာမည်ပျက်တော့မခံကြပါဘူး”
မြို့သား၂ဦးထဲမှ၁ယောက်က
“ဘာပဲပြောပြောကျွန်တော်ကတော့ iPad ပြန်ရမှဖြစ်မယ်”
ထိုအခါသူကြီးလည်းဝမ်းသာအားရဖြင့်
“ဒါများငါ့တူရယ်မင်းဝါသနာကိုမသိလို့ပါစိတ်ချဖြစ်ရမယ်...ဟေ့ကောင်ကျောက်လုံး ဒီကမောင်ပြောတာကြားရဲ့ဟုတ်လားသူကအိုင်ပက်ရမှပြန်မယ်တဲ့
သွားရွာမြောကဘက်ညောင်ပင်နားကအိုင်ကြီးကိုခေါ်သွားချေအဲဒီမှာကငါးတွေပေါလိုက်တာမှ အဲ့ ဒီမှာ အိုင်သွားပက်ခိုင်းလိုက် "
တွေးတွေးပြီးရယ်
(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
...မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=
မိန်းမ နဲ့ ယောက်ျား
လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။
ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
...စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။
ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။
မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။
ကျဉ်းမြောင်းသော ကမ္ဘာ
"ဒါလင်ရေ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ဘဲနော်။ ဒါလင်ရဲ့
တတိယဇနီးနဲ့ ကျွန်မရဲ့ ဒုတိယ ယောက်ျားတို့ဟာ ဒါလင် ဒုတိယဇနီးနဲ့ ကျွန်မ
ပထမယောက်ျားပိုင် ပင်လယ်ကမ်းစပ်က တိုက်အိမ်မှာ သူတို့ရဲ့
ပျားရည်ဆမ်းခရီးကို ကုန်လွန်ခဲ့တယ်ဆိုဘဲ"
`ရှင် မိုက်ရိုင်းလှချည်လား´
ပါတီတစ်ခုမှာ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် အချိန်တော်တော်ကြာ တစ်ဦးနဲ့ တစ်ဦး စိုက်ကြည့်ပီးနောက်မှာ ကောင်မလေးက ကောင်လေးကို မေးတယ်.... ရှင်ကျွန်မကို ကြည့်ပီး ဘာတွေ တွေးနေတာလဲတဲ့..... ကောင်လေးက ကောင်မလေးကို ခင်ဗျားတွေးသလိုတွေးနေတာလို့ ပြန်ဖြေလိုက်တော့ ကောင်မလေးကကောင်လေးကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်ပုံက `ရှင်မိုက်ရိုင်းလှချည်လား´
လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း
ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။
"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"
မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။ ပြီးရင်မှ ယောကျာ်ဖြစ်သူက စဉ်းစားမိသတဲ့
ငါက ဘာပါလိမ့်...တဲ့..
အချစ်
"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
...
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"
ချစ်တဲ့အကြောင်းပဲပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
...
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."
(နားလည်မှု)
မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး....
ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."
လူမှန်နေရာမှန်
"မောင်ဘမောင်. မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့
ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။ မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး
မယ်ဒလင် ထိုင်တီးနေတယ်"
...
"မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ။
(မေးလ်မှတဆင့်မျှဝေပါသည်)
4 comments:
အားလုံးရယ်ရပါတယ်..ဒီဟာလေးကိုပိုကြိုက်တယ်
(မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ)
ဟုတ်သားပဲ သူကတီးတတ်လို့တီးပြနေတာပေါ့လေ-----
အားရပါးရ ရယ်ခဲ့ပါတယ်ဗျာ
ဟဟဟ ရယ်ရပါတယ် မောင်လေးရေ
ကျေးဇူးပါနော်
ဘယ်လိုလုပ်မလဲ? ရယ်၇ွန်းလို့ အာဗြဲသွားတယ်..
Post a Comment