<div style='background-color: none transparent;'></div>

Home » » မြန်မာနှင့်ထိုင်း စုံတွဲ နေအိမ်တွင် အသတ်ခံရ

မြန်မာနှင့်ထိုင်း စုံတွဲ နေအိမ်တွင် အသတ်ခံရ



                                            ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း


အသတ်ခံရတယ်လို့ ယူဆရတဲ့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ထိုင်း နိုင်ငံသား ၁ ဦးတို့ရဲ့ အလောင်းတွေကို

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ဒေသခံတွေက ကနေ့ တွေ့ရှိခဲ့တဲ့အကြောင်း မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ထိုင်းဘာသာနဲ့ ဖော်ပြထားပါတယ်။

ဒေသခံတွေက ရဲကို သတင်းပေးခဲ့တဲ့အတွက် သေဆုံးသူတွေရဲ့ နေအိမ်ကို လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဓားဒဏ် ရာတွေနဲ့ သေဆုံးနေပြီး အသက် ၃၅ နဲ့ ၆၅ နှစ် အရွယ်တို့ ဖြစ်ပါတယ်။

ထိုင်းသတင်းမှာ ရေးသားထားချက်အရတော့ မြန်မာ အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘန်ကောက်နဲ့ တခြား မြို့နယ်တွေကို နှင်းဆီပန်းတွေ ဖောက်သည်ယူပြီးတော့ ပြန်ရောင်းနေသူ တယောက်လို့ သိရပါတယ်။ နှင်းဆီပန်း ရောင်းရတဲ့ လုပ်ငန်းလည်ပတ်မှုမဟာ ၁ သိန်း လောက် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသမီးကတော့ သူ့ခင်ပွန်းကို နှင်းဆီပန်း ၀ယ်တဲ့အလုပ်ကို ကူလုပ်ပေးတဲ့ အပြင် မြန်မာနိုင်ငံသားတွေကို ငွေလွှဲတဲ့ အလုပ်ကိုလည်း လုပ်ပေးနေတယ်လို့ သိပါတယ်။

လတ်တလော လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ တရားခံ မမိသေးပေမယ့် အလောင်းတွေကိုတော့ မဲဆောက် ဆေးရုံကြီးကို ယူသွားပြီး စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။


Share this article :

3 comments:

ချစ်စံအိမ် said...

သနားပါတယ်ကွယ်ဖြစ်မှဖြစ်ရလေ

စံပယ်ချို said...

အသတ်ခံရတယ်ဆိုတော့အကြောင်းရင်းတော့ရှိမှာပဲ
ဘာမှမရှိဘူးဆိုရင်တော့ ရုပ်ရှင်တွေထဲကလို စိတ္တဇလူသတ်သမားဖြစ်မယ်နော်

ဧဒင်အချစ်ပုံပြင် said...

သတင်းထူးလေးတွေ ကိုကြားရ တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map