<div style='background-color: none transparent;'></div>

Home » » ပိုပြီး ဆွဲဆောင်မှု ရှိစေဖို့

ပိုပြီး ဆွဲဆောင်မှု ရှိစေဖို့


ဆွဲဆောင်မှုရှိတယ်ဆိုတာဟာ ထူးဆန်းတဲ့ အရာတစ်ခုပါပဲ။ လူတစ်ယောက်ဟာ လုံးဝ ချို့ယွင်းချက်မရှိအောင် ချောချင်ချောမယ်၊ ဒါပေမဲ့ ဆွဲဆောင်မှုမရှိဘူးဆိုရင် သူ့ရဲ့ အလှအပကို ဘယ်သူကမှ သတိထားမိမှာမဟုတ်ပါဘူး။ ဆွဲဆောင်မှုရှိတယ်ဆိုတာ ကျနော်တို့ ရုပ်ချောရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒီလို ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်မလဲ။

သင့်ရဲ့ ပင်ကိုဟန်အတိုင်း နေပါ
လူအတော်များများက သူတို့ရဲ့ ပင်ကိုဟန်ကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ တခြားတစ်ယောက်ယောက်ရဲ့ ပုံစံအတိုင်း ဟန်ဆောင်ကြတယ်။ သင့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားစရာ၊ ဒါမှမဟုတ် သင့်ရဲ့ အားနည်းချက်တွေ မရှိသလို ဟန်ဆောင်စရာ မလိုပါဘူး။ ပြီးပြည့်စုံတဲ့သူ Perfect ဖြစ်တဲ့သူဆိုတာ မရှိလို့ပါပဲ။ သူတို့ရဲ့ ပင်ကိုဟန်အတိုင်း နေတဲ့သူတွေဟာ ပိုပြီး ဆွဲဆောင်မှုရှိကြတယ်။ ရှက်ရွံ့မနေပါနဲ့။ သင့်ကိုယ်သင် ချစ်ပါ။ သင့်ကို အခြားသူတွေကလည်း ချစ်လာပါလိမ့်မယ်။
လိုရင်းကို ပြောပါ
အဓိပ္ပါယ်ရှိတဲ့စကားတွေကိုပဲ ပြောတဲ့လူတွေမှာ ဆွဲဆောင်မှုတစ်ခု ရှိနေပါတယ်။ စကားကို ဘာရယ်မဟုတ်ဘဲ ပြောချင်လို့ လျှောက်ပြောနေတာမျိုး မဖြစ်ပါစေနဲ့။
ဒါပေမဲ့ သင်ဟာ စကားပြောကောင်းသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ သင် စကားပြောတာကိုက ဆွဲဆောင်မှုရှိနေပါလိမ့်မယ်
အခြားသူတွေကို နားထောင်ပါ
ဒီကနေ့ခေတ်မှာ နားထောင်ခြင်းအတတ်ပညာကို လူအတော်များများက မေ့နေကြပါတယ်။ ဒါပေမဲ့ အလွန် အသုံးဝင်နေဆဲပဲဖြစ်ပါတယ်။ သင်ဟာ တစ်ယောက်ယောက်ကို နားထောင်တဲ့အခါ အမှန်တကယ် နားထောင်ရပါလိမ့်မယ်။ သင်နဲ့ စကားပြောရတာဟာ နံရံနဲ့ စကားပြောနေရသလိုပဲဆိုရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူး။ ဘယ်လိုနားထောင်ရမယ်ဆိုတာကို သိတဲ့လူတွေမှာ သံလိုက်ဓာတ်တစ်မျိုး ရှိနေပါတယ်။
ရယ်ပါ
ဘယ်သူမဆို ရယ်လိုက်တဲ့အခါ အလွန့်အလွန် ဆွဲဆောင်မှုရှိပါတယ်။ ကမ္ဘာကြီးကို ကောင်းတဲ့ ရှုထောင့်အမြင်ကနေပဲ ကြည့်ပါ။ မကြာခဏ ပိုပြီးရယ်တတ်ဖို့ ကြိုးစားပါ။ ဟာသဥာဏ်ရှိတဲ့သူကို လူတိုင်းက သဘောကျကြပါတယ်။ မကောင်းတဲ့စိတ်ရှိတဲ့သူ၊ အမြဲစိတ်ဓာတ်ကျနေတဲ့သူကို ဘယ်သူကမှ သဘောမကျကြပါဘူး။
ပြုံးပါ
ပြုံးခြင်းဟာ ဆွဲဆောင်မှုရှိဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းပါပဲ။ သင်ပြုံးလိုက်တဲ့အခါ သင်ဟာ တခြားသူတွေအပေါ်မှာ ပိုပြီး ပွင့်လင်းမှုရှိပါတယ်။ အအောင်မြင်ဆုံးလူတွေဟာ အမြဲတမ်းပြုံးနေတယ်ဆိုတာ သင် သတိထားမိပါသလား။
မညည်းညူပါနဲ့
လူအတော်များများက အမြဲတမ်း ညည်းညူနေတတ်ကြတယ်။ သူတို့ ညည်းညူနေကြတဲ့အရာတွေ အဆင်ပြေလာဖို့ ဘာမှလည်း မကြိုးစားကြဘူး။ သင့်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ ညည်းညူနေတာတွေကို ရပ်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ အဆင်မပြေတာတွေ ပိုပြီး ဖြစ်လာပါလိမ့်မယ်။ ဘ၀ကို နှစ်ခြိုက်စွာ ခံစားပါ။ ဘ၀ရဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်လိုက်ပါ။
သင့်ရဲ့ စွဲဆောင်မှုရှိမှုကို ခံစားပါ
သင့်ရဲ့ ကိုယ်ပိုင်စွဲဆောင်မှုကို သင်ကိုယ်တိုင် မခံစားနိုင်သေးသ၍ တခြားသူတွေရဲ့ အမြင်မှာလည်း သင်ဟာ ဆွဲဆောင်မှု မရှိနိုင်ပါဘူး။ သင့်ကိုယ်သင်တန်ဖိုးထားပါ။ ပြီးတော့ ယုံကြည်မှုရှိပါ။
အခြားသူများအပေါ် ပွင့်လင်းပါ
မပွင့်မလင်းနဲ့ ဆက်ဆံရခက်တဲ့လူတွေကို ဘယ်သူမှ မကြိုက်ကြပါဘူး။ မိတ်ဆွေအသစ်တွေ၊ ဆက်ဆံရေးအသစ်တွေအတွက် သင့်ကိုယ်သင် အမြဲတမ်း ဖွင့်ထားပါ။
ပြီးတော့ နောက်ဆုံးအချက်အနေနဲ့ -
ဒီကမ္ဘာကြီးဟာ သိပ်လှတယ်ဆိုတာကို ကြည့်ပါ။ ကမ္ဘာကြီးကလည်း သင့်အလှကို သတိထားမိပါလိမ့်မယ်။
Ref: Becoming More Attractive by Roman Soluk
Share this article :

4 comments:

Candy said...

ကန်ဒီကတော့ ဆွဲဆောင်မှုရှိတဲ့ထဲ ပါဘူး ဟီးဟီး
နားထောင်တဲ့ ကိစ္စကို လုံးဝလက်ခံတယ်။ လူတယောက်စကားပြောနေရင် သူ့ကို ဂရုစိုက်နားထောင်နေတဲ့ပုံ ရှိသင့်တယ်။
နောက်ပြီး နေကာမျက်မှန်တပ် စကားပြောခြင်းကို ရှောင်သင့်တယ်..ဟိဟိ
ကိုယ်တွေးမိတာ ပြောတာ :P

ချစ်စံအိမ် said...

မှတ်ထားပြီလုပ်ကြည့်အုံးမယ် မမဆွဲဆောင်နိုင်ရင်တော့ဟီဟီ

ဘိုဖြူ said...

အရင်ကတော့ ပြုံးတာကိုရှောင်တယ် ခုတော့အတော်ကြီးပြုံး
တတ်နေပါပြီ

စံပယ်ချို said...

ဘာမှ ဆွဲဆောင်မှုမရှိဘူး လို့ထင်နေပါတယ်
ရယ်လွန်း ပြုံးလွန်းလို့ ခက်နေတာ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map