<div style='background-color: none transparent;'></div>

Home » » ၂၀၁၀ ခုနှစ်ရဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲသတင်း

၂၀၁၀ ခုနှစ်ရဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲသတင်း

၂၀၁၀ ခုနှစ်ရဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ယခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုတော့ နေပြည်တော်ရှိ လဟာပြင် ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ပေးဖို့ အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားတွေကတော့ ဟက်ထိတယ်
၊ ကျောက်သင် ပုန်းတွေ မိုးထားတဲ့အိမ် ၊
အချစ်လား လာထား ၊ ဂွတ်ရှယ်သမက် ၊ နတ်ဖက်တဲ့ စုံတွဲများ ၊ နယူးမော်ဒန် ၊ ရင်ဘတ်ကြီးနဲ့ ချစ် လိုက်မယ် ၊ ဆွေတစ်ရာ မောင်တစ်ကျိပ် ၊ ဘာမီတွန် ၊ အာဒံ ရယ်-ဧ၀ရယ်-ဒဿရယ် ၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ၊ အငိုမျက်လုံးအပြုံးမျက်နှာ ၊ လာထားအာဘွား ၊ ပင်လယ်ထက် က နေ၀န်းနီ စတဲ့ ရုပ်ရှင်ဇာတ်ကား ၁၄ ကား ပါဝင်တယ်လို့ သိရပါတယ်။

 မြန်မာ့ရုပ်ရှင် ထူးချွန်ဆုဟာ ဆုချီးမြှင့်လေ့ရှိတဲ့ ဆုအမျိုးအ စားတွေ အနေနဲ့ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ပို့ဆု ၊ ရုပ်ရှင် ဇာတ်ညွှန်းဆု ၊ ရုပ်ရှင် တေးဂီတဆု ၊ ရုပ်ရှင် အသံဆုနဲ့ ရုပ်ရှင် တည်းဖြတ်ဆု ဆိုပြီး ဆုအမျိုးအစား ၁၁ မျိုး ရှိတယ်လို့ သိရပါတယ်။ 

ကျေးဇူးတင်ပါတယ်ညီမနှင်းနွယ်ဝေ
Share this article :

2 comments:

လမင်းငယ် said...

အာဒံ ရယ်-ဧ၀ရယ်-ဒဿရယ် ဒီကားကြည့်ချင်တယ်ကွယ်

စံပယ်ချို said...

jasmine ရဲ့ကဗျာတွေကျတော့ဘယ်သူမှလဲ
အကယ်ဒမီ မပေးကြပါလား

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map