<div style='background-color: none transparent;'></div>

Home » » လှမ်းလို့ ယူပါ ချစ်သူ................

လှမ်းလို့ ယူပါ ချစ်သူ................


ချစ်သူ .............



ဒီမှာ ငါကမ်းလင့်ပေးတဲ့ လက်တစ်စုံ...........



ဒီလက်တစ်စုံမှာ အားကိုးခြင်းတွေ ၊ ယုံကြည်ခြင်းတွေ ၊ မျှော်လင့်ချက်တွေ ရစ်ပတ်စီးဆင်းနေတယ်.............



ဒီလက်တစ်စုံမှာ ချစ်ခြင်းတရားတွေ ၊ သံယောဇဉ်တွေ ၊ သစ္စာတရားတွေ ခိုဝင်နေတယ်...............



ဒီလက်တစ်စုံမှာ စာနာနားလည်နိုင်ခြင်း ၊ နှစ်သိမ့်အားပေးတတ်ခြင်း နဲ့  ခွန်အားများစွာ ခြံရံနေတယ်...............



ငါ့ရင်ထဲက ငါ့ချစ်ခြင်းတွေ ဒီလက်တစ်စုံနဲ့ အတူ မင်းအတွက် ကမ်းပေးထားမယ်.......



လှမ်းလို့ ယူပါ ချစ်သူ................




ကြုံလာသမျှ အခက်အခဲတိုင်းအတွက် အားမလျော့နဲ့ ...........။ ဒူးမထောက်နဲ့ ............။ အရှုံးမပေးနဲ့ ...........



အခက်အခဲဆိုတာ အားလျော့ ဒူးထောက် အရှုံးပေးဖို့ မဟုတ်ဘူး...။ ကျော်ဖြတ်နိုင်ဖို့ ဆိုတာ တွေးထားပြီး ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ပါချစ်သူ.....။



ငါတို့ တွေ မိုင်ပေါင်းထောင်ချီဝေးနေလဲ တို့ နှစ်လုံးသားတွေ ထပ်တူကျနေဆဲပါ...........။



ကြုံလာသမျှ အခက်အခဲ ရင်ဆိုင်ကာသွားမယ်............။



ငါတို့  မျှော်မှန်းထားတဲ့ “တစ်နေ့ ” ဆိုတဲ့ မိုးကောင်းကင်အောက်ကို အရောက်သွားပြီး ခိုဝင်နိုင်ဖို့  မင်းရော ငါပါ ယုံကြည်မှုနဲ့  ခွန်အား လိုအပ်နေမယ်...........။



ငါပေးထားတဲ့ လက်တစ်စုံနဲ့  မင်းပိုင်ဆိုင်တဲ့ လက်တစ်စုံ လက်ချင်းယှက်လို့  ကွေ့ ကောက်နေတဲ့ လမ်းကို အတူ ဖြတ်လျှောက်ရအောင်နော်..........။

လာ အတူသွားမယ်...................။


ဟော ..............ဟိုမှာ မျှော်လင့်ခြင်း မနက်ဖြန်တွေ..............။



ငါ့ရဲ့  မနက်ဖြန်တွေတိုင်းမှာ ငါ့မျှော်လင့်ချက်တွေ ရှင်သန်နေတယ်................။


မင်းကို ချစ်တဲ့ အချစ်တွေ ရင်မှာပိုက်ရင်းနဲ့ ပေါ့...................။
Share this article :

3 comments:

ဘိုဖြူ said...

ချစ်ရသူနဲ့ အတူလက်တွဲနိုင်ရင်တော့အကောင်းဆုံပါပဲညီရေ

ဧဒင်အချစ်ပုံပြင် said...

ကောင်းတယ်ဗျာ

စံပယ်ချို said...

ဘ၀မှာအကောင်းဆုံးကတော့ချစ်ရသူလက်ကိုမြဲမြဲတွဲရခြင်းပါပဲ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map