<div style='background-color: none transparent;'></div>

Home » » စိတ်ထားလေးများ

စိတ်ထားလေးများ

  • မိမိ၏ အဖျက်စိတ်ကူးများကို ပြည်လည်သုံးသပ်၍ စစ်ဆေးကြည့်လျှင် လူတစ်ယောက်သည် မိမိမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ မိမိ၏ အတွင်း ငြိမ်းချမ်း မူနှင့် စိတ်တည်ငြိမ်မူတို့ကို အနှောက် အယှက်ပြုရန် စွမ်းအားမရှိကြောင်း သိလာလိမ့်မည်။ သူ့ကို သူတစ်ပါးတို့နှင့် သူညှိနိုင်းသော အခါ သူသည် သူတစ်ပါးတို့လောက် မချမ်းသာ၊ သူတစ်ပါးတို့က သူ့ထက်ပို၍ အောင်မြင်သည် စသည် တွေးတော ခြင်းဖြင့် သူ၏ဆင်းရဲဒုက္ခကို သူကိုယ်တိုင် ဖန်တီး၏ ။ မနာလိုမူကို ရင်ဝယ်ပိုက်ထားခြင်းဖြင့် မည်သည့် အကျိုး အမြတ်ကိုမျှ ရရန် မရှိပါ။ ဤ မနာလိုမူသည် ကမ္ဘာလောကအတွင်း`၌ မညီညွတ်မူမြောက်များစွာကို ဖြစ်ပေါ်စေတတ်သော အကြောင်းတစ်ရင်း တစ်ခု ဖြစ်သည်။
  • မနာလိုမူ၊ စိတ်ဆိုးမူနှင့် စိတ်ထားမကောင်းမူ စသော အကျိုးယုတ်လျော့စေသည့် စိတ်လှုပ်ရှားမူများသည် စိတ်၏ ဖွံ့ဖြိုးတိုးတက်မူကို အဟန့် အတားပြုကြောင့် ကျွန်ုပ်တို့ သိနားလည်ထားသင့်၏ ။ ထိုသို့သော မကောင်းသည့် စွမ်းမိုးမူများမှ ကျွန်ုပ်တို့ လွတ်မြောက်ရန် အတွက် ကျွန်ုပ်တို့ အရိုးကြေကြေ အရေခန်းခန်း အစွမ်းကုန် ကြိုးစားကြည်ရမည် ။ မနာလိုမူသည် ကျွန်ုပ်တို့ အလိုရှိသော အရာကို ယူဆောင်ပေးလာမည် မဟုတ်ပါ ။ မယူဆောင်လာရုံမျှ မက ကျွန်ုပ်တို့ကို မုန်းတီးခြင်း, မငြိမ်သက်ခြင်း.လွန်ကဲသော ကိုယ်စိတ်ဆင်းရဲခြင်း ဟူသည့် မှောင်မိုက်သောလမ်းကျဉ်း အတွင်းသို့ ပို့ဆောင်ပေးလိမ့်မည်။
  • မကောင်းသော စိတ်ကူးများကို ၎င်းတို့ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သိအောင် ကျွန်ုပ်တို့ အမြဲတစေ သတိ .ဝီရိယရှိရမည် ။ စိတ်ထဲ`၌ အဖျက်စိတ်ကူး တစ်ခု ပေါ်ပေါက်လာသည့် အခါ ထို အဖျက်စိတ်ကူးကို အပြုစိတ်ကူး တစ်ခုနှင့် အစားထိုးပေးနိုင်အောင် ကျွန်ုပ်တို့ ကြိုးစားရမည် ။ ဤ သို့ အစားထိုးပေးနိုင်ဖို့ အတွက် စိတ်ထဲသို့ မည်သည် အရာ ဝင်သွားပြီးစိတ်ထဲမှ မည်သည့် အရာ ထွက်လာသည်ကို သိဖို့လိုသည် ။ ဤ သို့ မိမိစိတ်ကိုသိရန် စောင့်ကြည့်သော အလေ့အထ ကို တဖြည်းဖြည်းလေ့ကျင့်ပေးရမည် ။လေ့ကျင့်ဖန်များလာသည့် အခါ အဖျက် စိတ်ကူးများက ကျွန်ုပ်တို့အား ကျေးကျွန်အဖြစ်သို့ မသွတ်သွင်းမီ ကျွန်ုပ်တို့က ၎င်း တို့ကို ဟန့်တား၍ ဖယ်ရှားပစ်နိုင်လာလိမ့်မည် ။
Share this article :

3 comments:

စံပယ်ချို said...

ဟုတ်တယ်---မကောင်းတဲ့စိတ်တွေရှိနေရင် အမြန်ဆုံးဖယ်တာ
အကောင်းဆုံးပါပဲ

လမင်းငယ် said...

ဤ သို့ မိမိစိတ်ကိုသိရန် စောင့်ကြည့်သော အလေ့အထ ကို တဖြည်းဖြည်းလေ့ကျင့်ပေးရမည် ။လေ့ကျင့်ဖန်များလာသည့် အခါ အဖျက် စိတ်ကူးများက ကျွန်ုပ်တို့အား ကျေးကျွန်အဖြစ်သို့ မသွတ်သွင်းမီ ကျွန်ုပ်တို့က ၎င်း တို့ကို ဟန့်တား၍ ဖယ်ရှားပစ်နိုင်လာလိမ့်မည် ။မှတ်သား
စရာလေးပါ

Candy said...

ဟုတ်ကဲ့ မကောင်းတဲ့စိတ်တွေကို ကိုယ်တိုင်ကြိုးစားပြီး ဖယ်ရှားပါ့မယ် :D

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map