<div style='background-color: none transparent;'></div>

♪♫♪အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ♪♫♪

Shwe Yoe

ဘယ်နိုင်ငံကလာတာလဲ

Popular Posts

"ငါမမူးသေးဘူး၊ ငါမမူးသေးဘူး"




အရက်ဆိုင်တဆိုင်အတွင်းမှာ... ...
အမူးသမားတစ်ယောက်က အရက်ထပ်မှာတော့ ဘားကောင်တာစာရေးက ရောင်းမပေးတော့ဘူး...

"ခင်ဗျား တအားမူးနေပြီ၊ မသောက်နဲ့တော့"
"မဝူးတေးပါဝူးကွ"
"ဆောဒီးဗျာ၊ ရောင်းမပေးနိုင်တော့ဘူး"

...ဆိုတော့
အမူးသမားက တံခါးပေါက်နားမှာ ရှိနေတဲ့ ကြောင်ကို လက်ညိုးထိုးပြပြီး ပြောတယ်... ...

"ငါမဝူးတေးဝူးဆိုဒါ တက်တေပြမယ်၊ ခု တံခါးပေါက်ကနေ ဝင်လာတဲ့ ကြောင်ကိုကြည့်၊ တူ့ရဲ့ မျက်လုံးနှစ်လုံးကို ငါတဲတဲကွဲကွဲ မြင်ရတယ်၊ ဒဂယ်လို့ ငါမူးနေရင် တူ့မျက်လုံးက လေးလုံးလို့ မြင်မှာပေါ့ကွ... ကဲ"

ဒီတော့ ကောင်တာစာရေး ပြန်ပြောတယ်... ...

"ခင်ဗျားတော့ ကျုပ်ထင်တာထက် ပိုမူးနေပြီ"
"ဘာရို့ရဲကွ"

"ကြောင်က ဝင်လာတာမဟုတ်ဘူး၊ ထွက်သွားတာ"
"ဟင်... ဟုတ်ရား"


သန်၎ကို-ဘာသာပြန်သည်။




Myanmar Forward.................မှ
Continue Reading | comments

ပြည်သူလူထုလွတ်လပ်စွာအားပေးကြည့်ရူနိုင်မယ့် အခမဲ့ တင်ဆက်ဖျော်ဖြေမူပွဲကြီးဖြစ်တဲ့ Road To Sea Games,Road To Myanmar

ပြည်သူလူထုလွတ်လပ်စွာအားပေးကြည့်ရူနိုင်မယ့်
အခမဲ့ တင်ဆက်ဖျော်ဖြေမူပွဲကြီးဖြစ်တဲ့
Road To Sea Games,Road To Myanmar အမည်ရ
27th SEA Games အကြိုလှုံ့ဆော်မှုဂီတနဲ့ ဖက်ရှင်ပွဲ
ကြီးအတွက်စိတ်ရောကိုယ်ပါအားသွန်ခွန်စိုက်ဆောင်ရွက်နေတဲ့
နိုင်ငံဂုဏ်ဆောင်အလှမယ်နန်းခင်ဇေယျာရဲ့ 
နိုင်ငံချစ်စိတ်နဲ့ စေတနာအားပေါ်ပြူလာမှအလေး
အနက်ဂုဏ်ပြုအပ်ပါတယ်။
 
 popularmyanmarjournal
Continue Reading | comments

သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်


eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။

ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။


AP.NewsLover
Continue Reading | comments

ဆင်မလေးမိုမို၏ အသက်၆၀ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၁၉ရက် သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပခဲ့

ဆင်မလေးမိုမို၏ အသက်၆၀ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၁၉ရက် သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။ ဆင်မလေးမိုမိုကို ၁၉၆၁ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးဆုံဒန္ဒာက ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 AP.NewsLover
Continue Reading | comments

ရေကျော်သီတင်းကျွတ်ပွဲဈေး

ရေကျော်သီတင်းကျွတ်ပွဲဈေး
;

AP.NewsLover
Continue Reading | comments

နိုင်းနိုင်းတို့ မိသားစုရဲ့ သီတင်းကျွတ်နားရက်အပန်းဖြေပုံရိပ်များ




အများပြည်သူအလုပ်ပိတ်ရက်အနားယူအပန်းဖြေကြတဲ့ပြည်သူတွေ
နည်းတူပြည်သူတွေထဲကပြည်သူချစ်အနုပညာရှင်နိုင်းနိုင်းတို့  မိသားစု
ရဲ့ ကြည်နူးဖွယ်သီတင်းကျွတ်နေ့ရက်အနားယူအပန်းဖြေပုံရိပ်လေးများ...။

credit-Sandy Cho
popularmyanmarjournal
Continue Reading | comments

ဝဋ်ကြွေးတော်ပြေစေတီတော်သို့ သွားရောက်ဖူးမျှော်မည့် ဘုရားဖူးများအား မြစ်ဆိပ်တွင် တွေ့ရစဉ်

ဝဋ်ကြွေးတော်ပြေစေတီတော်သို့ သွားရောက်ဖူးမျှော်မည့်
ဘုရားဖူးများအား မြစ်ဆိပ်တွင် တွေ့ရစဉ်

ဓာတ်ပုံ - ဇေယျာ

popularmyanmarjournal
Continue Reading | comments

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မြင်ကွင်းများ



 
အောက်တိုဘာ ၁၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရားဖူးများနှင့်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။


 /popularmyanmarjournal
Continue Reading | comments (1)

စင်ကာပူတွင် ရေပန်း စားနေသော မြန်မာအိမ်ဖော် သုံးသောင်းခန့် မည်သို့ ရောက်လာကြ


စင်ကာပူတွင်ဒုက္ခရောက်နေသော နိုင်ငံခြားသား အိမ်ဖော်တစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ
ရန်ကုန် ၊ အောက်တိုဘာ ၁၇

တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင်သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက်လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က  ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အ ကူလုပ်သား ၂၇ဝဝဝကျော်ခန့် လုပ်ကိုင်နေကြောင်း သိရသည်။ ယခုအခါ အဆိုပါအိမ်အ ကူလုပ်ကိုင်ခွင့်ကိုရရှိရန်အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင် ပြထားသည့်အခါတွင် ခွင့်ပြုချက် ကျရန် အလွန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်ရသဖြင့် ယင်းကဲ့သို့တရား မဝင်သွားရောက်မှုမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လင်း ဟိုက်ပါဝါ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ ဒေါ်ပေါ်လင်း က ''သွားလုပ်မယ့်သူတွေက ချက် ချင်းသွားချင်ကြတယ်။

တရားဝင်သွားရောက်လုပ်ကိုင် ဖို့အတွက် ခွင့်ပြုမိန့်စောင့်ရမယ် ဆိုတော့ အမြန်ရောက်မယ့်နည်း လမ်းဖြစ်တဲ့ တရားမဝင်သွားဖို့ ကိုပဲ ရွေးချယ်လာကြတယ်။ ဒီလို တရားမဝင်သွားရောက်တာ ကြာ လာရင် လူကုန်ကူးမှုလမ်းကြောင်း ကို ရောက် သွား နိုင်တယ်''ဟု ပြော သည်။ယင်းကဲ့သို့ တရားမဝင်သွား လာသည့်အတွက် လုပ်သားများ အတွက် လုံခြုံစိတ်ချမှုများအပါ အဝင်၊ အလုပ်သမားအခွင့်အ ရေးတန်းတူမရရှိနိုင်ကြောင်း၊ သွားရောက်လုပ်ကိုင်ခွင့်ကို မြန် ဆန်စွာလုပ် ကိုင်ခွင့် ပေး မည်ဆိုပါ က နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေဝင်ရနိုင်ကြောင်း ပြောသည်။

ပြည်တွင်းအေဂျင်စီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ''အစိုးရ ခွင့်ပြုချက်နဲ့သွားလို့ရရင် အလုပ် သမားအတွက်လည်း ထိုက်တန် တဲ့လုပ်ခလစာရမယ်။ နောက် တရားဝင်လွှတ်ရင် သေချာစစစ် လွှတ်နိုင်တယ်။ ဘာသာစကား သင်တန်းနဲ့ လုပ်ငန်း ခွင်သင်တန်း တွေပေးပြီးလွှတ်ရင် အလုပ်ရှင် နဲ့ ပြဿနာဖြစ်မှုတွေ ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ် အကူလုပ်သားများအရေအတွက် မှာ စင်ကာပူနိုင်ငံအေဂျင်စီအသင်း ချုပ်၏စစ်တမ်းအရ ယင်းကဲ့သို့ ၂ရဝဝဝခန့်ရှိနေကြောင်း၊ ယင်း ထဲမှလုပ်သားအချို့မှာ သတ်မှတ် ထားသည့်အသက် ၂၁နှစ်အောက် လျော့နည်း သူများ ပါဝင်လာ ကြောင်းနှင့် တစ်လလျှင် စင်ကာ ပူဒေါ်လာ ၃၅ဝနှင့် ၄၅ဝကြား ရရှိကြောင်း စင်ကာပူနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားကူညီရေး အသင်း(HOME) မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။

ယင်းက ''တရားမဝင်လာ ရောက်လုပ်ကိုင်ပြီး အလုပ်ရှင်နဲ့ အဆင်မပြေလို့ ကျွန်တော်တို့ဆီ ရောက်လာလို့ စစ်လိုက်ရင် မြန် မာနိုင်ငံအနှံ့အပြားက နယ်စွန် နယ်ဖျားက ရောက်လာတာတွေ့ ရတယ်။ ဒီလိုတရားမဝင်လာ ရောက်မှု တွေများ လာတာ ဟာ မကောင်းဘူး။ အလုပ်သမားတွေ အတွက်လဲ အခွင့်အရေးဆုံးရှုံး တယ်''ဟုပြောသည်။ မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီအ သင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ''နိုင်ငံတော်က မလေးမှာဖြစ်ပေါ် နေတဲ့ကိစ္စ တွေကြောင့် အမျိုးသမီး လုပ်သားတွေလွှတ်တဲ့အခါ ထိန်း ထိန်းသိမ်းသိမ်း လွှတ်နေရတယ်။ အိမ်အကူစေလွှတ်တာက အဆင့် နိမ့်တဲ့အတွက် မလွှတ်တာလဲဖြစ် တယ်။ စက်ရုံအလုပ်ရုံပိုင်းလွှတ် တာတောင် သေချာစိစစ်ပြီးလွှတ် နေရ တယ်''ဟု ပြောသည်။

စိုင်းဟန်
Yangon Media Group 
 
 mmforward
Continue Reading | comments
 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map