<div style='background-color: none transparent;'></div>

♪♫♪အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ♪♫♪

Shwe Yoe

ဘယ်နိုင်ငံကလာတာလဲ

Popular Posts

Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

အောက်တိုဘာလ အတွက် (၇)ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေသားသမီး ။ ။ အစုစပ် လုပ်ငန်းများ အထူး အကျိုးပေးမည် ။ မိတ်ဆွေများ၏  ကူညီမှုကြောင့် လုပ်ငန်းများ အောင်မြင်မှုရှိမည် ။ ကြွေးဟောင်းများ ပြန်လည် ရရှိခြင်းနှင့် ထူးထူးခြားခြား ငွေဝင်မည့်  လဖြစ်သည် ။ သောကြာ သားသမီးနှင့် ခရီးသွားဖြစ်ခဲ့လျှင် သတိထား ပါ ။ ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းသောလ ဖြစ်ပါသည် ။ ယောင်္ကျား လေးဖြစ်ပါက သင်ချစ်နေသူကို ဖွင့်ပြောလိုက်ပါ။ သင်စိတ် ချမ်းသာမည်။ ယတြာ ။ ။ မွေးနေ့  နံက်တွင် (အရဟံ) ဂုဏ်တော်ကို ပုတီးတစ်ပတ် စိပ်ပြီး လိုရာဆုတောင်းပါ ။
တနင်္လာ သားသမီး ။ ။ ငွေချေးခြင်း ငွေပေးခြင်း ကွန်ပျူတာ လုပ်ငန်းများ ကား ကျောက် ကုမ္မဏီ လုပ်ငန်းများ အထူးအဆင်ပြေမည် ။ ဗုဒ္မဟူးသားနှင့် တွဲစပ် လုပ်ကိုင်ပါက အောင်မြင်မှုများ ရရှိမည် ။ ငွေကြေးအကြပ် အတည်း အနည်းငယ် ရှိသော်လည်း မိတ်ဆွေ၏ ကူညီမှုကြောင့် အဆင်ပြေ သွားလိမ့်မည် ။စိတ်ချမ်းသာသော ခရီးသွားရ လိမ့်မည် ။ ခရီးသွားလျှင် မမျှော်လင့်ပဲငွေဝင်မည် ။ ငယ်ရွယ်သူ မိန်းကလေးများ ၂ ယောက်တစ် ပြိုင်နက် ချစ်ရေးဆို ခံရလိမ့်မည် ။
ယတြာ ။ ။ အိမ်က ဘုရားတွင် မွေးနေ့ နံက် ကျောက်ကျော (၁၅)တုံးလှု၍ လိုရာဆုတောင်းပါ။
အင်္ဂါသားသမီး ။ ။ ယခုလ အတွင်း ပြောဆိုထားသော လုပ်ငန်းများ တေ့လွဲလွဲ နေမည် ။ ယုံကြရသူ၏ လုပ်ငန်းမသေခြာမှုကြောင့် ပြသနာများဖြေရှင်း ရလိမ့်မည် ငွေကြး ကုန်ကျမှုဖြစ်မည် ။ ယခုလအတွင်း ခရီးဝေးသွားလျှင်အထူသ တိထားပါ ။ အထင်အမြင် လွဲမှား၍ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်း ခြင်းခံရတတ်သည် ။ စက်ပစ္စည်းဝယ်လျှင် သတိထားပါ စိတ်ညစ်ရလိမ့် မည် ။ စကားများရခြင်း အထင်လွဲခံရခြင်း အစားမှား၍ ကျမ္မာရေးချို့  ယွင်းတတ်ပါသည် ။
ယတြာ ။ ။ စဥ့်အိုးလေး တစ်လုံးအတွင်း ဆန်လက်တစ်ဆုပ် ဇီးရွက် (၈)ရွက် ဆားတစ်ဇွန်း ထည့်ပြီး မိမိအိမ်၏အနောက်ဘက် အရပ်ရေစီးသောချောင်းအတွင်းစွန့် ပေးပါ။
ဗုဒ္မဟူးသားသမီး ။ ။ လုပ်ငန်းများအဆင်ပြေသော်လည်း ငွေကြေးကြောင့်စိတ်ညစ်နေရမည်။ အရောင်းအ၀ယ်ကောင်းသော်လည်း ငွေကြွေးကျခြင်း ငွေကျန်ခြင်းများ နှင့်ကြုံတွေ့ နေရမည် ။ဆန် ဆီ ဆား စက်ပစ္စည်း ရောင်းဝယ်သူများ အထူး သတိထားပါ ။ ရောင်းမှား ၀ယ်မှားကြောင့် ပြသနာဖြေရှင်းရတတ်သည် ။ လက်ဝဲဖက် လက်တွင် ထိခိုက်ဒဏ်ရာ ရတတ်သည် ။ အိမ်ထောင်ရှင်အမျိုး သမီးများ ခင်ပွန်းသည်ကြောင့် စိတ်ညစ်ရတတ်ပါသည် ။ ငယ်ရွယ်သူများ ချစ်သူနှုင့် စကားများနေရသော လဖြစ်နေမည် ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် စက္ကူယပ်တောင် ( ၄) ခုလှု၍လိုရာဆုတောင်းပါ ။
ကြာသပတေး သားသမီး။ ။ ကြန့် ကြာနေသော မြေကွက်များ အရောင်းထွက်မည် ။အမွေ ကိစ္စများသတင်းကောင်းကြားရလိမ့်မည် ။ မြေပဲ ပြောင်း ပဲအမျိုးမျိုး ဘုရားဖူးလုပ်ငန်းများ ပညာပေး ပညာရေးလုပ်ငန်းများ အထူးအကျိုး ပေးမည် ။ ယခုလအတွင်းထူးထူးခြားခြား ငွေဝင်လာပါက ၁ ၂ ၄ ၅ ဂဏန်းများနှင့်ထီကံစမ်းပါ ။ ထီထိုးလျှင် အသားရောင် အင်္ကျီ ၀တ်ထားပြီး ဘဂ၀ါ ဂုဏ်တော်ကို ရွတ်ပေးပါ ။ချေးထားသောငွေကြးများပြန်ဝင်မည် ။ ၀န်ထမ်းဖြစ်ပါက အထက်လူကြီး၏မျက်နှာသာပေးခြင်း ရာထူးတိုးတက် ခြင်းများ ခံစားရတတ်ပါသည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းသော လဖြစ်သည်။ ယတြာ ။ ။ မွေးနေ့ တွင် အိမ်ကဘုရားအား ပဲပင်ပေါက်ကြာ်ဖြင့်ဆွမ်းကပ်င်္ပြီး ကလေးများအား မြေပဲပြုတ်ဝေငှပေးပါ ။
 သောကြာသားသမီး။ ။ အိုး အိမ် အဆောက်အဦးလုပ်သူများမမျှော်လင့်ပဲ အရှုံးပေါ်မည် ။ ထီ ထီး နာရီ ပျောက်တတ်ပါသည် ၀န်ထမ်းများ အထက်လူကြီး၏ ဆူပူ အပြစ်တင်ခြင်း ခံရတတ်သည် ။ရွှေထည်ပစ္စည်း စက်ပစ္စည်း အရောင်း အ၀ယ်မှားသဖြင့် တရားတဘောင် ရင်ဆိုင်ရတတ်ပါသည် ။ ငွေဝင်သ လောက်ပြန်ထွက်နေမည် ။အိမ်ထောင်ရှင်များ အိမ်ထောင်ရေး ရှုပ်ထွေး သောကြာင့် လင်ကွာမယားကွာ ပြသနာများပေါ်တတ်သည် ။ ငယ်ရွယ်သူ မိန်းကလေးများ ချစ်သူ၏အတင်းဓမ္မခိုးယူပေါင်းသင်းခြင်း ခံရတတ် သည် ။ ယခုလအတွင်း ခရီးဝေးမသွားသင့်ပါ ။
ယတြာ ။ ။ မွေးနေ့ တွင် သီလရှင် (၃) ပါးအား သရက်သီး (၂) လုံးစီလှု၍ လိုရာဆုတောင်းပါ။
စနေသားသမီး ။ ။ လုပ်ငန်းအသစ်များမစွန့် စားသင့်ပါ အိမ် ခြံမြေ ခရီးသွားလုပ်ငန်း အထူး သတိထားလုပ်ကိုင်ရမည် ။ ဆန် ဆီ ဆား စက်ပစ္စည်းများ အရောင်းအ ၀ယ် ထင်သလောက်မကောင်းပါ ။ ညီအကိုမောင်နှမ တစ်ဦးဦးကြောင့် ပြသနာဖြေရှင်းပေးရ တတ်သည် ။သောကြာ သားသမီးနှင့် သတိထား ဆက်ဆံပါ ။ သူ့ ကြောင့်မိမိ အရှက်တစ်ကွဲ ဖြစ်ရလိမ့်မည် ။ ငွေချေးခြင်း တစ်ဆင့်အာမခံခြင်းမလုပ်ပါနှင့် ဂတိပျက်ပြီး သူ့ ပြသနာ ကိုယ့်ပြသနာ အဖြစ်ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ စိတ်ကောက်နေသောချစ် သူကိုချော့ရင်း အချိန်ကုန်နေမည် ။ ယာယီ ခရီးသွားနိုင်ပြီး ခရီးဝေးသွား ခြင်းကိုရှောင်ပါ ။သွေးနှင့် ပတ်သက်သောရောဂါ ။သွေးထွက် သံယိုဖြစ်တတ် ပါသည် ။သတိထားပါ ။
ယတြာ ။ ။ အိမ်ကဘုရားတွင် ဒန်းညွန့်  (၇)ညွန့် နှင့် နာနတ်ယိုလှု၍ လိုရာဆုတောင်းပါ ။

yoyarlay
Continue Reading | comments

(၇) ရက်သားသမီး ဟောစာတမ်း (စက်တင်ဘာ)


တနဂ်နွေသားသမီး ။။ ။။ ယခုလအတွင်း ၀န်ထမ်းဖြစ်ပါက မိတ်ဆွေ၏ ကူညီမှုကြောင့် ရာထူးတိုးခြင်း လစာတိုးခြင်း အထက်လူကြီး မျက်နှာသာပေးခြင်း ခံရမည်.။ မြေ ပညာရေး ပညာပေး ပရိဘောဂ ဖုန်း လုပ်ငန်းများ အကျိုးပေးမည် ။ နိုင်ငံခြား ခရီးစီစဉ်ထားသူများ ယခုလအတွင်း အစဉ်မပြေနိုင်သေးပါ ။ ထီ ထီး နာရီ တစ်မျိုး၂ ကြောင့် စိတ်ညစ် ရတတ်သည် ။ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေသော်လည်း မိမိချစ်သူသည် သောကြာသားသမီးဖြစ်လျှင် စိတ်ညစ်နေရမည်။
ယတြာ ။ ။ မွေးနေ့ တွင် အုန်းလက်တစ်တောင်ကို တောင်ဖက်အရပ် ရေထဲသို့  စွန့် ပြစ်ပါ ။

တနင်္လာသားသမီး ။ ။။ ယခုလတွင် စပ်တူလုပ်ငန်းများ အကျိုးမပေးပါ ။ ခရီးသွားလုပ်ငန်း ရွှေလုပ်ငန်းများ အထူးသတိထားလုပ်ကိုင်ပါ ။ဆုံးရှုံးမှုများတတ်သည် ခရီးသွားခြင်း ငွေချေးခြင်း လက်ဝတ်ရတနာငှားခြင်းလုံးဝရှောင်ပါ ငွေကြေး အထားမှားသောကြောင့်ပျောက်တတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ရွှေလုံးဝမ၀ယ်ပါနှင့် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းသော လဖြစ်သည် ။ ပညာရေးနှင့်ပတ်သက်ပြီး သတင်းကောင်းကြားရ တတ်သည်။
ယတြာ ။ ။။ ကော်ပတ်ရုပ်တစ်ရုပ် ၀ယ်ပြီး ကလေးတစ်ယောက်အားလက်ဆောင်ပေးလိုက်ပါ

အင်္ဂါသားသမီး ။။ ။။ ယခုလအတွင်း အလုပ်အကိုင်များမမျှော်လင့်ပဲ အဆင်မပြေဖြစ်နေမည်။ ပြောဆိုထားသော လုပ်ငန်းများလည်း တေ့လွဲ လွဲနေမည် ။ ဆေး စက်ပစ္စည်း စာအုပ် စာပေ လုပ်ငန်းများ ငွေကြေးအရှုပ် အရှင်းကြောင့် စိတ်ည်စရာများတွေ့ ကြုံရတတ်သည်။ ငွေဝင်သော် လည်း လက်ထဲတွင် ကြာရှည်မမြဲပါ ။ ၀န်ထမ်းများ အထက်လူကြီး နှင့်သတိထားဆက်ဆံပါ ။ စကားပြောမှားသောကြောင့် ငြိုငြင်ခံရ တတ်သည် ။ ငယ်ရွယ်သူများ ချစ်သူနှင့်စကားများနေရသောလဖြစ် သည် ။ ခါးနှင့်ပတ်သက်သော ရောဂါဝေဒနာခံစားရတတ်သည် ။
ယတြာ ။။ ။။ ဆင်ကို ကြံကျွေးခြင်း ။ စာကလေးများကို ဆန်ကြွေးခြင်းဖြင့် ကုသိုလ်ယူပါ။

ဗုဒ္မဟူးသားသမီး ။။ ။။ ယခုလအတွင်း ရွှေ ရေ မြေ လုပ်ငန်းများ အဆင်မပြေဖြစ်နေမည်။ ၀န်ထမ်းများ အထက်လူကြီးဆရာသမားများနှင့် အဆင်မပြေဖြစ်နေ လိမ့်မည် ။ စက်မှု စာပေ စာအုပ် စားသောက်ဆိုင် လုပ်ငန်းများ အရင်းအနှီးနဲပါးမှုကြောင့် လုပ်ငန်းရပ်သွားနိုင်သည် ။ မိန်းကလေး တစ်ဦးကြောင့် ပြသနာဖြေရှင်းရလိမ့်မည် ။ လက်ဝဲဖက်လက် ထုံ ကျင်ကိုက်ခဲ သော ဝေဒနာခံစားရတတ်သည် ။ အလုပ်ခွင်အတွင်း မိမိ ကိုမနာလိုသူကြောင့် စိတ်ညစ်နေရမည် ။ စိတ်ကောက်တတ် သောချစ်သူကြောင့် အချစ်ရေးကို စိတ်ကုန်သလိုဖြစ်နေတတ်သည်။
ယတြာ ။။ ။။ မွေးနံ ဘုရားထောင့်တွင် ရွှေပန်း ၄ ကုံး နှင့် ရေသက်စေ့လှုပေးပါ ။။။

ကြာသပတေး သားသမီး ။ ။ အိမ် ကား ကျောက် ကွန်ပျူတာ ငွေကြေးလုပ်ငန်းများအဆင် ပြေမည် ။ မြေ အမွေ ကိစ္စများ သတင်းကောင်းကြားရတတ်သည်။ ဆရာသမား၏ ကူညီဖေးမမှုကြောင့် လုပ်ငန်းများ အဆင်ပြေပြီး စိတ်ချမ်းသာမည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ၂ ၅ ၁ ပါသော ဂဏန်းများနှင့်ထီထိုးပေးပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း လွန်းသဖြင့် မမျှော်လင့်ပဲ အိမ်ထောင်ကျသွားနိုင်သည် ။ ၀ဲဖက်တင်ပါး ပေါင်တို့ တွင် နာကျင်မှုဝေဒနာ ခံစားရတတ်သည်။
ယတြာ ။။ ။။ သံဃာတော်များအား မွေးနေ့ တွင် ကြက်သားဟင်းနှင့် ဆွမ်းလောင်းပါ ။

သောကြာသားသမီး ။။ ။။ စက်ပစ္စည်း ဆေး ကား ကွန်ပျူတာ ကျောက် လုပ်ငန်းများအထူး သတိထားပါ ။ လုပ်ငန်းတူလုပ်သူ သစ္စာမဲ့မှုကြောင့် ငွေကြေးဆုံးပါး ခြင်း ။ ငွေကြေးပြသနာများ ဖြေရှင်းရတတ်သည် ။ ညီအကိုမောင်နှမ (သို့ ) လင်ယောင်္ကျားအတွက်စိတ်ညစ်ရမည်။ ငွေဝင်သော်လည်း ၀င်သလောက်ပြန်ထွက်နေမည် ။ ၀န်ထမ်းဖြစ်ပါက စိတ်ညစ်ပြီး အကျိုးမရှိသောခရီးသွားရတတ်သည် ။ ငယ်ရွယ်သူများအချစ်ရေး ကံမကောင်းသောလဖြစ်သည် ။ ခဏခဏစကားများနေခြင်းဖြင့် အချိန်ကုန်နေလိမ့်မည် ။ ဆီးနှင့်ပတ်သက်သော ဝေဒနာခံစားရ တတ်သည် ။
ယတြာ ။။ ။။ နို့ ဆီခွက်တစ်လုံးအတွင်းသို့  သဲ ၂၁ ဇွန်း သီဟိုရွက် ၂၁ ရွက်ထည့်ပြီး အရှေ့ တောင်အရပ် ရေထဲသို့ မျှောပေးပါ ။

စနေသားသမီး ။။ ။။ ယခုလအတွင်း ခရီးသွားလုပ်ငန်းများ အိုး အိမ် အဆောက်အဦး သံ သဲ သွပ် အရောင်းအ၀ယ်လုပ်ငန်းများ ထင်သလောက်အကျိုးမပေးပါ ဂတိပေးလွယ်သောကြာင့် အချင်းချင်း စကားများရလိမ့်မည် ။ မိမိ နှင့်မအပ်စပ်သော နေရာဒေသ လုပ်ငန်းခွင် နယ်ပယ်သို့  ၀င်ရောက်သွားလာ စွက်ဖက်ခြင်းကြောင့်ဂုဏ်သိက္ခာထိခိုက်စရာ မျက်နှာပျက်စရာများကြုံတွေ့ ရတ်သည် ။ ယခုလအတွင်း အပျော် သဘောခရီးထွက်ခြင်းကိုရှောင်ပါ ။ ငွေကုန်စိတ်ပမ်း ဖြစ်လိမ့်မည်။ ညာဖက် ဒူးတွင်ထိခိုက်ဒဏ်ရာရတတ်သည် ။ ငယ်ရွယ်သူများ မိမိကို အပျော်ချစ်သောချစ်သူနှင့် ဖူးစာဆုံလိမ့်မည် ။
ယတြာ ။။ ။။ မွေးနေ့ နံက်တွင် အိမ်မှဘုရားအား နွားနို့  တစ်ခွက်နှင့် နာနတ်ယိုလှုပေးပါ။

 yoyarlay
Continue Reading | comments

ပြည်မြို့က လူသတ်မှုကြောင့် သေဆုံးသွားရသူ ဈာပန မြင်ကွင်းများ

ဧပြီလ ၂၃ ရက်ညက ပြည်မြို့၌ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ မောင်ဇော်မင်းဦးရဲ့ ဈာပန မြင်ကွင်းတွေပါ
အဆိုပါ လူသတ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ ၃ ဦးစလုံးကို ယခုအခါ ခလရ (၇၅) တပ်ရင်း အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ 


ယမန်နေ့က သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦးရဲ ဈာပနကို လာရောက်ပြီး DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက်များအား စစ်ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ ပြောသွားခဲ့တာပါ။ 


တနေ့ည ၉ နာရီလောက်က ပြည်မြို့ ဆင်စု ရပ်ကွက် အနားက ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစား စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိလိုက်ချိန်မှာ တပ်မတော်သားများ ဖြစ်နေခဲ့တာပါ။ 


Continue Reading | comments

ကိုကျော်လင်းနှင့်သရုပ်ဆောင်မချောရတနာတို့၏ မင်္ဂလာညစာစားပွဲ ဓာတ်ပုံမှတ်တမ်းများ

ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာညစာစားပွဲ
Continue Reading | comments
 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map