<div style='background-color: none transparent;'></div>

♪♫♪အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ♪♫♪

Shwe Yoe

ဘယ်နိုင်ငံကလာတာလဲ

Popular Posts

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်



(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား။
ပုရွက်ဆိတ်တွေကသခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီး အခွံတွေကိုပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေသန့်သန့် သောက်ချင်ပါသလား။
ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်လျော်ရာ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်တော့ ရေခဲရေသန့်သန့်ရပြီပေါ့။

(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား။
Sprite အချိုရည်နဲ့မှန်ကိုသုတ်ပေးလိုက်ပါ။

(၄) အဝတ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါ သလား။
အဲဒီအဝတ်အထည်ကို ရေခဲသေတ္တာထဲ တစ်နာရီလောက်ထည့် ပေးပြီးနောက်မှာတော့ ပီကေတွေခွာလို့ရပါပြီ။

(၅) အဝတ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား။
ဇလုံတစ်ခုထဲမှာ ရေနွေးပူပူထည့်ပြီးရင် သံပရာသီးတစ်စိတ်လောက် ညှစ်ထည့်ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အဝတ်ဖြူ ၁ဝ မိနစ်လောက် စိမ်ထားပြီးမှ ပုံမှန်အတိုင်း ဆပ်ပြာတိုက်လျှော်ဖွတ်ပေးပါ။

(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား။
ရှလကာရည် တစ်ဇွန်းလောက်ကို ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင် ရေအေးနဲ့လျှော်ချလိုက်ပါ။ (ရေခဲရေ မဟုတ်ပါ)

(၇) သံပရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား။
ဦးစွာ သံပရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တစ်နာရီလောက် စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။

(၈) ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ အစိမ်းနံ့နံနေတာကို ဘယ်လိုဖျောက် ရမလဲ။
ဂေါ်ဖီထုပ်ချက်နေတဲ့ဟင်းအိုးထဲကို ပေါင်မုန့်အပိုင်းအစလေး ထည့်ချက်လိုက်ရုံပါပဲ။

(၉) ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့။
ပီကေဝါးရင်း ကြက်သွန်နီ လှီးပေးပါ။

(၁ဝ) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား။
မပြုတ်ခင်မှာ အာလူးရဲ့ တစ်ဖက်တစ်ချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာရန်မလိုအပ်ပေ)

(၁၁) အဝတ်ပေါ်က မင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါ သလား။
မင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေးများများအုံပြီးနောက် အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့တဲ့အခါမှ အဝတ်လျှော် လိုက်ပါ။

(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား။
ပြုတ်ပြီးစ ကန်စွန်းဥပူပူကို အိုးထဲကဆယ်ယူပြီး ရေအေးထဲ ချက်ချင်းနှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)

(၁၃) ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့။
ကြွက်တွေလာတတ်တဲ့နေရာကို ငရုတ်ကောင်းမှုန့် (အမည်းရောင်) ဖြူးပေးထားရုံပါပဲ။ ငရုတ်ကောင်းမှုန့်အနံ့ကြောင့် ကြွက်တွေထွက်ပြေး ကုန်ပါလေရော။

(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ရာမဝင်ခင် ဘာလုပ်သင့်သလဲ။
နှလုံးရောဂါသည်တွေ သောက်ရေအေး တစ်ခွက် (သို့မဟုတ်) နှစ်ခွက်သောက် ပြီးမှ ညအိပ်ရာဝင်ပါ။ ဒါဆို နံနက်အိပ်ရာထ အမော မဖောက်စေတော့ပါဘူး။ (ရေခဲရေ မဟုတ်ပါ)

ပေါက်ပေါက်
Union Daily
Continue Reading | comments (1)

ဒီထူးဆန်းတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား???



အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။

သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။

ပို ၍ ထူးခြားတာက..

လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး

ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး

နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

ဆက်လက်လေ့လာကြပါစို့.....

လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး

ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။

သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။

သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။

သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်

မပြီးသေးပါဘူး......

လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။

ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????


 newskingmm
Continue Reading | comments

တညင်းသီးး(မွန်ပုံပြင်)


ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။

ပည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင် နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင် နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြ သာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ် တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီး ကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်က ဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည် ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသား တွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင် ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေ လာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။

နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်း ပါလို့ မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန် နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက် မောမော စားနေမိတယ်။

လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။

နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့် ကျွန်ုပ် ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါ တော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့ မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက် တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူ သွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။

နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။

မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွား တယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။

ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာ ဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံ သွားတယ်။

မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ် သင်္ဂြုဟ် လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာ ခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။

ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူ လာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။

ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့ မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။

မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တော လက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။

တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့ အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီး ကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင် ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။

လူထုဦးလှ
တိုင်းရင်းသား ပုံပြင်များ

Continue Reading | comments (1)

သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်


eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။

ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။


AP.NewsLover
Continue Reading | comments

" မိန်းကလေးများအတွက် ခွန်အားဖြစ် ပုံပြင် "


တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ....
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"

ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား"

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"

ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"

ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"

ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။


ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .နိဂုံးချုပ်လိုက်ပါသည်။

Credit@ အိမ့်မှူးသော်


 myanmaronlinemedianews
Continue Reading | comments
 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map