<div style='background-color: none transparent;'></div>

Home » » ပရီးမီးယားလိဂ် ပွဲစဉ်(၅)၏အကောင်းဆုံးအသင်း

ပရီးမီးယားလိဂ် ပွဲစဉ်(၅)၏အကောင်းဆုံးအသင်း



ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ စုစုပေါင်းသွင်းဂိုး(၂၉)ဂိုးရှိခဲ့ပြီး လီဗာပူး ခြေချော်ချိန်မှာ စတုတ်စီးတီးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ကတော့ အမှတ်ပေးဇယား ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ နေရာအလိုက်ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတွေကို Goal.com က ၄-၄-၂ ပုံစံနဲ့ ရွေးချယ်ခဲ့ပြီး မန်စီးတီး ကစားသမား(၃)ဦးထိ ပါဝင်လာခဲ့ပါတယ်။

ဒီလူစာရင်းမှာ အကောင်းဆုံး ဂိုးသမားအဖြစ်မာရှယ်(ခရစ္စတယ်ပဲလေ့စ်)
ရွေးချယ်ခံရပြီးနောက်ခံလူတွေအဖြစ် ဘာကူနာ(ဗီလာ)၊ ကွန်ပနီ(မန်စီးတီး)၊ လိုဗရန်(ဆောက်သမ်တန်)၊လေတန်ဘိန်းစ်(အဲဗာတန်)တို့ ပါဝင်လာသလို ကွင်းလယ်လူတွေကတော့အမယ်ဖီတာနို(၀က်စ်ဘရွန်း)၊ အော်စကာ(ချဲလ်ဆီး)၊ အိုဇဲလ်(အာဆင်နယ်)၊ နာဆရီ(မန်စီးတီး)တို့ပါပဲ။ ဒါ့အပြင် အကောင်းဆုံး တိုက်စစ်မှူးတွေအဖြစ် (၂)ဂိုးစီ သွင်းယူနိုင်ခဲ့ကြတဲ့ အဂူရို(မန်စီးတီး)နဲ့ ရီမီ(နယူးကာဆယ်)တို့ ရွေးချယ်ခံခဲ့ရပါတယ်။

ဇော်ထွန်း(ရိုးရာလေး)................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map