<div style='background-color: none transparent;'></div>

Home » , » လေဆိပ်ရှိ ပစ္စည်းသယ်တဲ့စက်ပေါ် ပြုတ်ကျသွားတဲ့ ငါးလသားကလေးငယ် သေဆုံး

လေဆိပ်ရှိ ပစ္စည်းသယ်တဲ့စက်ပေါ် ပြုတ်ကျသွားတဲ့ ငါးလသားကလေးငယ် သေဆုံး

စပိန်လေယာဉ်တွင်းတွင် စပိန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် အလည်လာသော အသက်(၃၂)နှစ်အရွယ် အမေရိကန်နိုင်ငံသူ၏ ငါးလအရွယ် သားလေးသည် Alicante လေဆိပ်တွင် လေဆိပ်ရှိ ပစ္စည်းနှင့် အိတ်များသယ်သော အလိုအလျောက်သွားနေသည့် စက်ပေါ် ပြုတ်ကျခဲ့ပြီးနောက် ကြီးမားသည့် ခေါင်းဒဏ်ရာရသွားခဲ့သော ကလေးဟာ စက်ပေါ်ပါသွား၍ စက္ကန့်ပိုင်းအတွင်းမှာပင် ၁၀ စင်တီမီတာရှိသော အပေါက်အတွင်း ပါသွားခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေးအထက် အကြီးတစ်ယောက် ၊ ကနေဒါနိုင်ငံသား ခင်ပွန်းတို့နှင့်အတူ မိသားစုလိုက် အားလပ်ရက်ခရီးအဖြစ် ထွက်လာသော ထိုအမျိုးသမီးက အိတ်များရွေးရာနေရာတွင် မရွေ့ဘဲ ကပ်နေသော အိတ်ကိုရွေ့စေရန် စက်ပေါ်ဖက်တက်ပြီး အိတ်ရွေ့စေရန် ကြိုးစားခဲ့ကြောင်း ၊ အိတ်ရွေ့သွားသောအခါ ကိုယ်ယိုင်ပြီး ဟန်ချက်ပျက်သွားခဲ့သော ကလေးအား ဆုပ်ကိုင်ထားခဲ့သည့် မိခင်ဟာ အနီးရှိ ကလေးတွန်းလှည်းကို မှီထိန်းလိုက်နိုင်ပေမယ့် ကလေးဟာ ပြုတ်ကျ၍ ဦးခေါင်းထိသွားခဲ့ပြီးနောက် ရွေ့လျားစက်ပေါ် ပါသွားခဲ့ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေအချို့၏ အပြောအရ သိရသည်။

စက္ကန့်ပိုင်းတွင် လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သော ထိုအဖြစ်အပျက်ကြောင့် မိခင်ဟာ အော်ဟစ်ရုံအပြင် မင်တက်ကာ ဘာမှ မလုပ်နိုင်ခဲ့ဘဲ လေဆိပ်လုံခြုံရေး ၊ ရဲ ၊ ဝန်ထမ်းနှင့် ဆေးဝန်ထမ်းများက အခင်းဖြစ်ရာသို့ ချက်ချင်းလာရောက်၍ ကလေးအား ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ကလေးဟာ ဦးခေါင်းခွံ ကွဲအက်ခဲ့ဟန်ရှိသော မြင်သာသည့် ဦးခေါင်းဒဏ်ရာဖြင့် အိတ်များထားရှိရာ ဟောခန်းထဲတွင် သေဆုံးသွားခဲ့ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မှ ကလေးအား ကယ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထိုအခင်းဖြစ်ပျက်ပြီးနောက် ဗြိတန်ကြက်ခြေနီအသင်းမှ စိတ်ပညာရှင်များနှင့် လုပ်သားများကို ထိုမိသားစုသို့ ပံ့ပိုးကူညီပေးရန် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများကတော့ ကလေးမိဘများအား စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သိရသည်။
စပိန်နိုင်ငံ၏ ဥပဒေအရ တရားသူကြီးဟာ အခင်းဖြစ်နေသာနေရာသို့ ရောက်မလာမချင်း သေဆုံးသွားခဲ့သော ထိုကလေးအား ရွှေ့လို့ မရသေးဘဲ ကလေးမိဘများဟာလည်း ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။
စပိန်နိုင်ငံရှိ Denia သို့ အလည်ထွက်သော ထိုမိသားစုရှိ မိဘနှစ်ပါးဟာ ထိုအမှုအပေါ် တရားရုံးက ဆုံးဖြတ်ချက်မချသေးသရွေ့ ၎င်းတို့တည်းခိုရာ တည်းခိုခန်း၌ နေထိုင် တရားရုံးဆုံးဖြတ်ချက်အား စောင့်ဆိုင်းရမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ် ကြာနိုင်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်လကလည်း ထိုမြို့၌ပင် အသက်(၂၆)နှစ်အရွယ် မိခင်က အနီးအနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် နှစ်နှစ်သမီးကလေးဟာ ရေကူးကန်ထဲ ချော်လဲခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်းနှင့် မိခင်နိုးထချိန်တွင် ကလေး၏အလောင်းဟာ ရေပေါ်ပေါလော ပေါ်နေခဲ့ကြောင်းလည်း သိရသည်။
ထို မတော်တဆမှု ဖြစ်ပွားချိန်တွင် ကမ်းခြေအနီးရှိ အိမ်ထဲတွင် ကလေး၏ မိဘများ ၊ အဘိုးအဘွားများနှင့် အသက်လေးနှစ်အရွယ် အစ်ကိုတို့ဟာ နေထိုင်နေခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

(burmesehearts.com)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map