<div style='background-color: none transparent;'></div>

Home » » နောက်ကျ အနိုင်ဂိုးဖြင့် ဂျော်းန်အသင်း အမျိုးသမီး ချန်ပီယံရှစ် အုပ်စု(က)အား ဦးဆောင်

နောက်ကျ အနိုင်ဂိုးဖြင့် ဂျော်းန်အသင်း အမျိုးသမီး ချန်ပီယံရှစ် အုပ်စု(က)အား ဦးဆောင်



 ၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ အုပ်စုက ပွဲစဉ်များအား စတင်ယှဉ်ပြိုင် ကစားခဲ့ရာ ဂျော်ဒန်အသင်းက မလေးရှားအသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ထိုင်းအသင်းနှင့် ဗီယက်နမ်
အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ထို့ကြောင့် ဂျော်ဒန်အသင်းသည် အုပ်စု(က)၏ ပထမနေ့ပွဲစဉ်များအပြီးတွင် ရမှတ်(၃)မှတ်ဖြင့် အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည်။

ယင်းပွဲစဉ်၏ အဖွင့်ပွဲစဉ်တွင်ထိုင်းအသင်းမှာပထမပိုင်းပွဲကစားချိန်များတွင်ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူ၍ ဗီယက်နမ်အသင်းးအား ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဗီယက်နမ်အသင်းက ဂိုးကန်သွင်းခွင့် အသာစီးရယူနိုင်ခဲ့သည်။ ပွဲချိန်(၁၃)မိနစ်တွင် ဗီယက်နမ်အသင်းမှာငုယင်တီမွန်က ထိုင်းအသင်း၏ ဂိုးဧရိယာထဲသို့ တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းမှုပြုလုပ်ခဲ့ရာ ထိုင်းဂိုးသမားနှင့် နောက်ခံလူတို့ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရသည်။ ထို့အပြင် ပွဲချိန်(၃၀)မိနစ်တွင် ရရှိခဲသောဗီယက်နမ်ကစားသမား သန်နက် ဟောင်၏ ကန်သွင်းမှုကိုလည်း ထိုင်းဂိုးသမားကာကွယ်နိုင်ခဲ့သောကြောင့် ထိုင်းအသင်း ဂိုးမပေးခဲ့ ရခြင်း ဖြစ်သည်။ ပွဲချိန်(၃၃)မိနစ်တွင် ထိုင်းအသင်းရရှိသည့်ထောင့်ကန်ဘောမှတစ်ဆင့် တိုက်စစ်မှူးရိုမန် ခေါင်းတိုက်ခဲ့သော်လည်းဂိုးဘားတန်းပေါ်ကျော်သွားခြင်းကြောင့် ထိုင်းအသင်းနစ်နာ ခဲ့ရသည်။ ဒုတိယပိုင်းတွင်မူ ဗီယက်နမ် အသင်းက ထိုင်းအသင်းအား ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်း ခွင့် အမြောက် အမြားရရှိခဲ့ သော်လည်းအဆုံးသတ်မသေချာမှုများကြောင့် ပွဲအပြီးတွင်သရေကျခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းနည်းပြချန်ရန်ဖက “ကျွန်တော်တို့အသင်းဒီပွဲမှာ ခြေစွမ်းကောင်းမွန်ပြီး အခွင့်အရေး တွေရရှိ ခဲ့ပေမယ့် အဆုံးသတ်မကောာင်းမွန်တာကြောင့် သရေကျခဲ့ရတာပါ။

ချန်ပီယံဘွဲ့ကိုဆက်ထိန်းနိုင်ဖို့က သြစတြေးလျနဲ့ ဂျပန်အသင်းတွေပါဝင်နေတာကြောင့် မလွယ်ကူပါဘူး”ဟု
ပြောသည်။

ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဂျော်ဒန်အသင်းနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်တွင်လည်း ဂျော်ဒန်အသင်းက တစ်ဖက်သက်ဖိအားပေးကစားခဲ့ပြီး မလေးရှားအသင်းဘက်သို့ အဝေးကန်ချက်များဖြင့် ချိန်းခြောက်သွားခဲ့သည်။ မလေးရှားအသင်းသည်လည်း ဂိုးကန်သွင်းခွင့်များရရှိခဲ့သော်လည်း အဆုံးသတ် ပိုင်း၌ လိုအပ်ချက်များရှိနေခဲ့သည်။ ပွဲချိန်ဒုတိယပိုင်းတွင် ဂျော်ဒန်အသင်းသည် မလေးရှားအသင်း ဘက်သို့ ပိုမိုဖိအားပေးကစားခဲ့ပြီး အပိုင်အခွင့် အရေးတော်တော်များများအား လက်လွှတ်ခဲ့ရသောကြောင့် မလေး ရှားအသင်း သက်သာရာရခဲ့ခြင်း ဖြစ်သည်။ ဂျော်ဒနအသင်းအတွက် အနိုင်ဂိုးနှင့် ပြိုင်ပွဲ၏ အဖွင့်ဂိုးအား ပွဲချိန်(၈၃)မိနစ်တွင် လူစားဝင်ကစားသမား ဂျန်ရန်က ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်း ယူခဲ့ခြင်း ဖြစ်သည်။

ထိုပွဲစဉ်တွင် အနိုင်ရရှိခဲ့သောကြောင့် ဂျော်ဒန်အသင်းက ရမှတ်(၃)မှတ်ဖြင့် အုပ်စု(က)၏ အမှတ်ပေး ဇယားအား ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ညီမိုဃ်း

Today Myanmar........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map