<div style='background-color: none transparent;'></div>

Home » » ချဲလ်ဆီး တိုက်စစ် တွင် အီတူး အစွမ်းပြ နိုင်မည် ဟု မီခေးလ် ထောက်ခံ ထား

ချဲလ်ဆီး တိုက်စစ် တွင် အီတူး အစွမ်းပြ နိုင်မည် ဟု မီခေးလ် ထောက်ခံ ထား



ချဲလ်ဆီး ကွင်းလယ်လူ မီခေးလ်က အီတူး အနေဖြင့် အကောင်းဆုံး ပုံစံ ရရှိလိမ့် မည်ဟု ယုံ ကြည် ကြောင်း ထောက်ခံ အားပေး သွားခဲ့ သည်။ အီတူးမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလ တွင် အန်ဇီ မှ အလွတ် ပြောင်းရွှေ့ကြေး ဖြင့် ရောက်ရှိ လာသူ ဖြစ်ပြီး အဲဗာတန်ကို ( ၁ - ၀ ) ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည့် ပွဲတွင် ချဲလ်ဆီး အတွက် ပွဲထွက် ပါဝင်ခွင့် ရရှိခဲ့ သည်။ သို့သော် ၎င်း မှာ အဆိုပါ ပွဲစဉ် တွင် ဂိုးသွင်းခွင့် အများအပြား ရရှိ ခဲ့သော် လည်း ဂိုးသွင်း ယူနိုင် ခြင်း မရှိခဲ့ သည့် အ တွက် ဝေဖန်မှု များ နှင့် ရင်ဆိုင် နေရပြီး ပရီးမီးယားလိဂ် ဘောလုံး လောကနှင့် အသား ကျရန် အ တွက် အီတူး ကို အချိန်ပေး ရမည်ဟု လည်း မီခေးလ် က ထောက်ပြ ခဲ့သည်။

“အီတူး ဟာ ထူးထူး ခြားခြား လုပ်ပြ နိုင်တဲ့ ထိပ်တန်း ကစား သမား တစ်ဦး ပါ။ သူ့ ကစားပုံေ ကြာင့် အခွင့်အရေး တော်တော် များများ ရရှိ ခဲ့ပြီး ဒီ အတွက် လည်း မော်ရင်ဟို က သူ့ကို ခေါ်ယူ ခဲ့တာပါ။ အင်္ဂလန် ဘောလုံး လောက နဲ့ အသားကျ ဖို့ ခက်ခဲ ပြီး အီတူး ကတော့ ပထမ ဆုံး ပွဲ မှာ တောင် လှလှပပ လုပ်ပြ နိုင်ခဲ့ ပါတယ်” ဟု မီခေးလ် က ချီးကျူး သွားခဲ့ သည်။ သို့သော် ချဲလ် ဆီး နည်းပြ မော်ရင်ဟို မှာ မူ အဲဗာတန် ကို ရှုံးနိမ်ခဲ့ သည့် ပွဲစဉ် အပြီး အသင်း ၏ အဆုံးသတ် ပိုင်း အားနည်း မှု ကို ညည်းညူ သွားခဲ့ သည်။

Football Cafe

Golden Land Myanmar................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map