<div style='background-color: none transparent;'></div>

Home » » ဘာလော့တယ်လီ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရမည်

ဘာလော့တယ်လီ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရမည်




နာပိုလီကို အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ ကွင်းလယ်ဒိုင်ကို ရန်စောင်ခဲ့သည့်အတွက် ပွဲစဉ်ပြီးဆုံးချိန်တွင်ဒုတိယအ၀ါကတ် ပြသခံရသည့် ဘာလော့တယ်လီမှာ (၃)ပွဲပယ်ခံရတော့မည် ဖြစ်သောကြောင့် ဂျူဗင်တပ်နှင့်ပွဲစဉ်တွင် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ ဘာလော့တယ်လီမှာ ဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် ဒုတိယမြောက် ပင်နယ်တီပေးရန် စောဒကတက်ခဲ့ရာတွင် အချင်းများခဲ့ပြီး ပွဲပြီးဆုံးချိန်၌ ကွင်းလယ်ဒိုင်ကို ရန်စောင်ခဲ့သည့်အတွက် ဒုတိယ အ၀ါကတ် ပြခံရခြင်းဖြစ်သည်။

ဘာလော့တယ်လီသည် အဆိုပါပွဲစဉ် ပြီးဆုံးရန် (၁)မိနစ်အလိုတွင် ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ကစားသမားဘ၀တစ်လျှောက် ပထမဆုံး ပင်နယ်တီ မ၀င်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါပွဲစဉ်မှ ၎င်း၏ အပြုအမူများကြောင့် စီးရီးအေဘောလုံးအဖွဲ့ချုပ်မှ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဘာလော့တယ်လီအနေဖြင့် ဆမ်ဒိုးရီးယား၊ဘိုလော့နာတို့၏ပွဲစဉ်များကို
လည်း လွဲချော်ရတော့မည်ဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)..........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map