<div style='background-color: none transparent;'></div>

Home » » ကွာလာလမ်ပူမြို့စွန်တွင် ဖွင့်ထားသည့် လိုင်စင်မဲ့မြန်မာဆိုင်အချို့ ဆိုင်းဘုတ်များဖျက်ဆီးခံရ

ကွာလာလမ်ပူမြို့စွန်တွင် ဖွင့်ထားသည့် လိုင်စင်မဲ့မြန်မာဆိုင်အချို့ ဆိုင်းဘုတ်များဖျက်ဆီးခံရ



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ မြန်မာနိုင်ငံသားများရောင်းချသော မြန်မာဆိုင်တန်းရှိ ဆိုင်များကို မလေးရှားစည်ပင်က လာရောက်စစ်ဆေးပြီး လိုင်စင်မရှိသောမြန်မာဆိုင်များ၏ ဆိုင်းဘုတ်များကို ဖြုတ်ချ၍ဆိုင် အချို့ကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၉ရက်တွင် မလေးရှားနိုင်ငံစည်ပင်က မြန်မာဆိုင်တန်းဘက်တွင်ရောင်းချသော ဆိုင်များကို စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်မရှိသောဆိုင်များ၏ ဆိုင်းဘုတ်များကို ဖြုတ်ချသိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လာရောက် စစ်ဆေးသောကြောင့် အနည်းဆုံး မြန်မာဆိုင်ငါးဆိုင်၏  ဆိုင်းဘုတ်များဖြုတ်ချခံရကြောင်း စွန်းငိုင်းဘလို့ရပ်ကွက်တွင်နေထိုင်သော ကိုနေဇော်လင်းကပြောသည်။

““မလေးစည်ပင်က ဆိုင်လိုင်စင်တွေ ရှိ၊ မရှိလာစစ်တာ။ မရှိဘူးဆိုရင် တစ်ခါတည်းဆိုင်းဘုတ်တွေဖြုတ်ပြီး သိမ်းသွားတာ။ မြန်မာဆိုင်တွေဘက်ကိုပဲ လာစစ်တာ။ လိုင်စင်မရှိတဲ့ဆိုင်တွေတော့ အရေးယူခံရမယ်နဲ့တူတယ်””ဟု မြန်မာဆိုင်တန်းဘက် အဆိုပါဆိုင်းဘုတ်များဖြုတ်ချသောနေရာသို့ ရောက်ရှိနေသည့် ကိုနေဇော်လင်းကပြောသည်။

““မြန်မာအင်တာနက်ဆိုင်ကိုဝင်ပြီး ကွန်ပျုတာတွေကို ရိုက်ခွဲနေကြတာ။ လိုင်စစ်စစ်တာလို့ ပြောတာပဲ။ ကျွန်တော်တို့ ထွက်ပြေးလာရတာ””ဟု မြန်မာဆိုင်တန်းဘက်တွင် ရောက်ရှိနေခဲ့သူ ကိုစန်းမျိုးကပြောသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ်အတွင်း မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများ သားမယားပြုကျင့်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ထိုသို့ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားနိုင်ငံတွင် လုံခြုံမှုမရှိဟုဆိုကာ မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအချို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

““အဲဒါတွေဖြစ်နေတာကို သံရုံးကလည်း ကာကွယ်မှုမပေးဘူး။ အကူအညီတောင်းလို့လည်း မရဘူး။ ဒီမှာလာပြီး အလုပ်လုပ်တဲ့သူတွေက အရဲစွန့်ပြီးနေနေကြတာ”” ဟု မလေးရှားနိုင်ငံရောက် ၈၈မျိုးဆက်ကျောင်းသား ကိုအောင်ကြီးကပြောသည်။

7day daily


သစ်ထူးလွင်............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map