<div style='background-color: none transparent;'></div>

Home » » ဖြစ်မှ ဖြစ်ရလေ

ဖြစ်မှ ဖြစ်ရလေ

မြို့နှင့် အလွန်ဝေးကွာသော ရွာတစ်ရွာမှာ သားအမိနှစ်ယောက် ရှိတယ်။ တစ်နေ့လုပ်မှ တစ်နေ့စား ဆင်းရဲချို့တဲ့တယ် ဆိုပါတော့။ သူမနာမည်ကတော့ ဒေါ်မြအေး လို့ခေါ်တယ်။ စိတ်တိုလွယ်တယ် စိတ်ကြီးတယ်။
ဖခင်ကတော့ သူမ ကိုယ်ဝန်ရှိနေတုန်းမှာပဲ ဆုံးသွားရှာတယ်။ သူသားလေးက ဒီနှစ်မှ သူငယ်တန်းကို စပြီး တက်မှာ ဆိုတော့ သူအလုပ်တွေကို အရင်ထက်ပိုပြီး လုပ်ရမယ်လို့ လူတိုင်းကို ပြောတယ်။ သူမှာ ရည်ရွယ်ချက် တစ်ခုရှိတယ်။ အဲဒါကတော့ သူ၏ သားလေးကို ပညာတတ်ကြီး ဖြစ်စေချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ သူမကတော့ ပညာမတတ်ပါဘူး။ သူမ သိတာဆိုလို့ တောလုပ် တောကိုင် အကြောင်းပဲ သိတယ်။
ဒီလိုနဲ့ တစ်နေ့ရောက်တော့ သူသားက အိမ်ကို အပြေးပြန်လာတယ်။ လက်ထဲမှာလဲ စာရွက်အဖြူလေး တစ်ရွက်ကို ကိုင်လာတယ်။ သူ့သား ဒီနေ့မှ အိမ်ကို ဘာလို့ အပြေးပြန်လာသလဲ ဆိုတာကို သူစဉ်းစားနေတယ်။ ခဏအကြာမှာ သူသားလေး အနားရောက်တော့
" သားလေး ဘာလို့ အိမ်ကို အိမ်ကို အပြေးပြန်လာရတာလည်းလို့ မေးတာပေါ့"
" မေမေ သား အဆင့် ၁ ရတယ်ဗျ "
" သား နင်တော်တော်လေး ညံ့ပါလား အဆင့် ၁ ဆိုတော့ ဘာမှ သုံးလို့ မရတဲ့ ကောင်ပေါ့ " ဆိုပြီး ကလေးကို ရိုက်ပါလေးရော။
အဲဒီအချိန်မှာ သူတို့ကျောင်းက ဆရာမက ကလေးကို အပြင်းအထန် ရိုက်နေတာကို မြင်တော့ ဒေါ်မြအေး ဘာလို့ ကလေးကို ဒီလောက် ရိုက်ရတာလဲလို့ မေးတယ်။
" ဆရာမရယ် ကျွန်မကတော့ ပင်ပင်ပန်းပန်းနဲ့ မစားရက် မသောက်ရက် ပိုက်ဆံတွေကိုစုပြီး သူ ပညာတတ်ပါစေတာ့ ဆိုပြီး ကျောင်းထား ပေးရတာ အခုတော့ အဲဒါတွေ သဲထဲကို ရေသွန်သလို ဖြစ်နေပြီပေါ့။ "
" ကလေးက အခုဘာဖြစ်လို့လဲ ဒေါ်အေးမြ "
" သူ ကျောင်းမှာ အဆင့် ၁ ရတယ်တဲ့လေ "
" ဒေါ်အေးမြ အဆင့် ၁ ဆိုတာက ကျောင်းမှာ အတော်ဆုံးရှင့် "
" ဟင် ဟုတ်လား ကျွန်မက အဆင့်အများကြီးရမှ တော်တယ်လို့ ထင်နေတာ "
ဖြစ်မှ ဖြစ်ရလေ ဒေါ်အေးမြရယ်။

ကျော်လင်းနိုင်
 yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map