ကျွန်တော်ရဲ့ငယ်ဘဝစိတ်ကူးအိ
Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံတင်ဆက်သူတစ်ဦးပါ။ သူ့အသံက ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစက သူဟာ တည်းဖြတ်သူပေါ့။ ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။ အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ ကြော်ငြာစာသားတွေ အင်မတန်ရေးတတ်သူလည်းဖြစ်တယ်
Philဟာ (A M) အသံလွှင့်ခေတ်ကတည်းက ဒီအလုပ်လုပ်ကို လုပ်ခဲ့သူဖြစ်တယ်။ အခု ကျွန်တော်တို့ရဲ့ အသံလွှင့်ဌာနက (F M) ဖြစ်တယ်။ Philရဲ့တတ်ကျွမ်းမှုက ခေတ်သစ်နည်းပညာတွေနောက် အမီမလိုက်နိုင်ခဲ့ဘူး။ သူတည်းဖြတ်တဲ့ကြော်ငြာတွေက A M လိုင်းမှာ အရမ်းနားထောင်လို့ ကောင်းပေမယ့် FMလိုင်းမှာတော့ ရိုးလွန်း၊ သာမန်လွန်းနေပါတယ်။
တည်းဖြတ်သူဖြစ်စမှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှား
ဒီလိုနဲ့ Philကို နှစ်သက်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ကြည်ညိုလေးစားမ
တည်းဖြတ်ခန်းမှာ အသံလုံမှန်နံရံကြီးတစ်ခု ခြားထားပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ မှန်နံရံတစ်ဘက်တစ်ချက်ကနေ အသံမကြားရဘဲ အမူအရာနဲ့တင် အချင်းချင်း ဝေဖန်ဆဲဆိုကြပါတယ်။ လည်ပင်းကြောတွေ ထောင်လာတဲ့အထိ၊ မျက်နှာတွေ နီးမြန်းလာတဲ့အထိ အော်ကြပါတယ်။ အသံမကြားဘဲ အမူအရာနဲ့ ဆဲဆိုနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုအမူက တခြားလုပ်ဖော်ကိုင်ဖက်ရဲ့အြ
တစ်နေ့မှာ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်ဆဲဆိုနေတုန်းမှာ Philဟာ နာရီတစ်ချက်ကြည့်ပြီး "နင့်ရဲ့အပိုစကားတွေ နားထောင်ဖို့ ငါအချိန်မရှိဘူး။ မိတ်ဆွေတစ်ယောက်နဲ့ ထမင်းစားဖို့ ငါချိန်းထားတယ်" လို့ဆိုပြီး အခန်းထဲကနေ ထွက်သွားပါတယ်။ မှန်ပြတင်းကနေ သူထွက်သွားရာဖက် ကျွန်တော်လိုက်ကြည့်မိတယ်။ ဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတဲ့ သူနဲ့အသက် မတိမ်းမယိမ်းအရွယ် လူတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့ ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပါတယ်။
Philနဲ့ သူ့မိတ်ဆွေထွက်သွားတာကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ
အဲဒီညမှာ ကုတင်ပေါ်လဲရင်း ကျွန်တော်စဉ်းစားခန်း ဝင်နေမိတယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ အားရဝမ်းသာဖြစ်ပြီး ကျွန်တော်က Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ စိတ်ပျက်ဒေါသဖြစ်ရတာပါလိမ့်
Philနဲ့ သူ့မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်နဲ့ Philရဲ့ပေါင်းသင်းဆက်စပ်ရေး
ကျွန်တော်မှာတော့ Philအကြောင်းတွေးမိတာနဲ့ ကျွန်တော်ရင်ထဲမှာ သူ့ဆိုးကွက်၊ သူ့ဝေဖန်အပြစ်တင်သံတွေပဲ ရှိနေခဲ့တယ်။ "Philဟာ တကိုယ်ကောင်းဆန်သူ၊ ဘဝင်မြင့်သူ၊ လူအမြင်ကပ်ဖို့ကောင်းသူ" ဒါတွေဟာ Philကို ဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွှန်းချက်ြ
Philနဲ့ သူ့မိတ်ဆွေရဲ့ ဆက်ဆံရေးက ကျွန်တော်နဲ့မတူခဲ့ဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့ရင်ထဲမှာဖော်ညွန်းတဲ့ Philနဲ့ ကျွန်တော့်ရင်ထဲမှာ ဖော်ညွန်းတဲ့Philရဲ့ ဖော်ညွန်းချက်တွေ မတူလို့ပါပဲ။
"တခြားလူကို ငါ ဘယ်လိုပြောင်းလဲရမလဲ?" ဒါဟာ ကျွန်တော့်ကို လူအများကမေးတဲ့ မေးခွန်းဖြစ်တယ်။ Philနဲ့ကျွန်တော့်ရဲ့အတွေ့အ
"တခြားလူကိုပြောင်းလဲဖို့ တစ်ခုတည်းသောနည်းက သူ့အပေါ်ထားတဲ့ ကိုယ့်အထင်၊ ကိုယ့်အတွေးကို ပြောင်းလဲဖို့ပါပဲ"
"Relationship" (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတ
တနည်းပြောရရင် "ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့ အခြေခံက တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်" (ရှင်းရှင်းပြောရရင် တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက ဒီမှာတင်ပြီးသွားမယ် ဒါမှမဟုတ် ပိုဆိုးလာနိုင်တယ်။ တကယ်လို့ ကောင်းနေရင် ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)
ရေးသားသူ-- Will Bowen
မူရင်း--- Complaint free Relationships စာအုပ်မှ ကောက်နှုတ်ပါသည်။
နိုင်းနိုင်းစနေ
1 comments:
အရမ်းကောင်းတဲ့ ပညာပေး စာစုလေးပါ။ ကျနော်တို့လဲ ဒီစာကိုဖတ်ပြီ: တိုတောင်းလှတဲ့လူ့ဘဝလေးထဲ အသိတရားကို ပြန်လည်ဆန်:စစ် လေ့ကျင့်ယူပါ့မယ်။
Post a Comment