<div style='background-color: none transparent;'></div>

Home » » သူနဲ့ဆို အားလုံးအဆင်ပြေ

သူနဲ့ဆို အားလုံးအဆင်ပြေ





Wednesday, September 18, 2013

အိမ်ကြို အိမ်ကြား ပလပ်ကျွတ် ဖွတ်ကြား
အလွန်ငယ်သော ကောင်လေး ၂ ယောက် စတိုးဆိုင်ထဲသို့ ဝင်လာသည် ။ ထို့နောက် အမျိုးသမီးလစဉ်သုံး ပစ္စည်းအထုပ်ကြီး တစ်ထုပ်ဝယ်ပြီး ကောင်တာတွင် ငွေသွားရှင်းသည် ။

ကောင်တာမှလူက " သား အသက် ဘယ်လောက်ရှိပြီလဲ "

တစ်ယောက်သော ကောင်ကလေးက " ၈ နှစ်ပါ "

ကောင်တာမှ လူက ဆက်၍ " ဒီပစ္စည်းက ဘာ အတွက် သုံးလဲဆိုတာ သိလို့လား"

ကောင်ကလေးက " အတိအကျတော့ မသိဘူး ပြီးတော့ အဲ့ဒါတွေက ကျွန်တော့ညီအတွက်ပါ အသက်က ၄ နှစ်ပဲရှိသေးတယ်လေ ဒီမနက် ကျနော်တို့ တီဗီကြည့်တော့ အဲ့ဒါသုံးရင် စက်ဘီးကောင်းကောင်းစီး ရေကောင်းကောင်းကူးတတ်သွားတယ်လို့ပြတာနဲ့ လာဝယ်တာ ကျွန်တော့်ညီက ခုထိဘာမှ မတတ်သေးဘူးလေ "

Aye Mi Khine

Today Myanmar.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map