<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးတယောက်ရဲ့ ရင်သွေး

အမျိုးသမီးတယောက်ရဲ့ ရင်သွေး

အခုတင်လိုက်တဲ့ဓါတ်ပုံလေးဟာ ကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီးတယောက်ရဲ့ ရင်သွေးလေးပါ..ဘာကြောင့်မို့ ယခုပိုစ့်လေးကိုတင်ရသလဲဆိုရင်

ယခုဆိုရင်ကျွန်တော်တို့ မြန်မာနိုင်ငံဟာအိမ်းနီးချင်းနိုင်ငံတွေနဲ့ တန်းတူဖြစ်အောင်ဆောင်ရွက်နေတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့  ယဉ်ကျေးမှုတွေ၊အယူဝါဒတွေ၊၀တ်စားဆင်ယင်မှုနဲ့ လူနေမှုစတိုင်တွေဟာ ကျွန်တော့်တို့ မြန်မာနိုင်ငံထဲသို့ သိသိသာသာစီးဝင်နေပြီဆိုတာ အားလုံးပဲသိကြပါလိမ့်မယ်။ ထို့ အတူ ကောင်းကျိုးဆိုးကျိုး တွေကိုလဲနေ့ စဉ်နှင့် အမျှတွေ့ မြင်နေကြရပါတယ်။ ယခုပုံနဲ့ ဘာဆိုင်လဲလို့ မေးရင် အဖြေကဒီလို ပါတဲ့ ခင်ဗျာ.............
ယခုခေတ်မှာဆိုရင် living-together တော်တော်များလာတယ်....နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ယခုပုံလို မိခင်ဝမ်းဗိုက်ထဲမှာတင်အရှင်လတ်လတ်အသတ်ခံရတဲ့ကလေးတွေဟာ လူကြီးတွေရဲ့ ပေါ့ဆမှုတခုကြောင့် အချိန်နဲ့ အမျှအသက်ဆုံးရှုံးနေရတာပါ........ကြည်ပါ ပုံကိုသေချာကြည့်ပါ အဲဒီကလေးရဲ့ နေရာမှာသင်တို့ ဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ ကြည့်ပါ...သနားစရာအရမ်းကောင်းပါတယ်နော်.....
ဒါကြောင်မို့ ယခုခေတ်ယောကျာင်္းလေးတွေကိုပြောချင်တာကတော့ မိန်းခလေးတယောက်ရဲ့ ဘ၀ကိုလုံခြုံပျော်ရွှင်အောင်မထားနိုင်ဘူးဆိုရင် သူမအင်္ကျှီ ကိုချွတ်ဖို့ မကြိုးစားသင့်ဘူး ဒီလိုမှမဟုတ်ရင်လဲ ယခုတိုးတက်နေတဲ့ ခေတ်မှာ အကာကွယ်တွေ နေရာတိုင်းမှာဝယ်လို့ ရနေတာပဲ အကာကွယ်နဲ့ ဆိုတော့ နှစ်ဦးနှစ်ဖက်နစ်နာမှုတွေကို အတတ်နိုင်ဆုံးကာကွယ်ရာရောက်တာပေါ့..........
မိန်းခလေးဘက်ကဆိုရင်လဲ မိမိလက်တွဲဖော်ဆိုတာသေချာမသေချာ စမ်းစစ်ပြီးမှ စိတ်စေရာကိုလိုက်ဖို့ သင့်လျော်မယ်မဟုတ်လား...ဘယ်ခေတ်တွေဘယ်လိုပဲပြောင်းလာလို့  ဆုံးရှုံးမှုတွေကသက်သာလျော့ပါးသွားမယ်မထင်လေနဲ့  ခေတ်ပြောင်းလေ ပိုနာလေ ပိုခံစားရလေ ပဲ........ဒီလောက်ပဲရေးတတ်ပါတော့တယ်
အမှားပါရင်ခွင့်လွှတ်ပါ



စေတနာဖြင့် စိုင်းသူရ


Today Myanmar.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map