<div style='background-color: none transparent;'></div>

Home » » စင်္ကာပူက ဖုန်းတစ္စေ.....

စင်္ကာပူက ဖုန်းတစ္စေ.....



မာကျူရီမီးရောင်အောက်မှာ စင်္ကာပူမြို့တော်က လှပလျက်။ ညသည် နက်လျက်ရှိသော်လည်း မတိတ်စိတ်သေး ။ ကားတွေက ဟိုမှဒီမှ သွားလာလျက်ရှိနေပေသေးသည်။ မီးရောင်အောက်မှာ ငြိမ်သက်စွာရှိနေခဲ့တာတော့ စင်္ကာပူရဲ့ ကျက်သရေဆောင် ခြင်္သေ့ရုပ်ကြီး.. ဘယ်လိုအရာတွေက သူကိုကမ္ဘာကျော်စေခဲ့သည်လည်း ကျွန်မ မသိပါ။ ကျွန်မ မျက်လုံးထဲမှာတော့ ရွှေတိဂုံဘုရား ခြေရင်းက ခြင်္သေ့ရုပ်လောက် ထူးခြားပြီးခံ့ငြားမနေ။ ရေပြင်ကို ယှက်ပြေးလာတဲ့ လေနုအေးက ပါးတွေကို ကလူကြည်စယ်ကာ ထွက်ပြေးသွားကြသည်။ တဖြေးဖြေးနဲ့ လူသွားလူလာ မရှိသလောက်ဖြစ်လာပြီမို့ ကုန်းတံတား လှေကါးထစ်တွေ ထိုင်နေတဲ့ ခန္ဓာကိုယ်ကို စတင်ရွှေ့လျားလိုက်တဲ့ ခဏ...

" please, don't left me go..
please, don't left me go.."
ရှတတနှင့် ယောက်ျားတယောက်ရဲ့အသံ ..ဟိုဟိုဒီဒီကြည့်မိတော့ တံတါးအောက်က သံဘောင်နောက်မှာ မီးလင်းနေတဲ့အရာလေးတခု.. သွားကြည့်မိတော့ ဖုန်းလေးတလုံး.. တယောက်ယောက် ကျကျန်ခဲ့တာ ဖြစ်မည်ဆိုသည့်အတွေးနှင့် ကောက်ယူလိုက်သည်။ ပိုင်ရှင်က သူဖုန်းကိုခေါ်နေတာ ဖြစ်ပေလိမ့်မည်။ ဟုပ်တော့လည်း ပြန်ပေးရတော့ပေါ့လေ..

ဖုန်းကို answerလုပ်တောါ စကြားရတာက ဟယ်လိုဆိုတဲ့ ရှတတ လူငယ်တယောက်အသံ..
"ဟုတ်ကဲ့ ..ပြောပါ"
"ကျွန်တော် ဖုန်းကလေး ခင်ဗျားလက်ထဲ ရောက်ပီပေါ့နော်"
ကျွန်မ အံ့သြမိရင်း
"ရှင်က ကျွန်မကို သိလို့လား"
ဖုန်းထဲမှ တိုးမျှင်းမျှင်း ရယ်သံကို ကြားရပြန်သည်။
ခဏ အကြာမှ...

"သိတာပေါ့ဗျာ.. ကျွန်တော် ခင်ဗျားကို သိနေတာကြာပါပြီ.. ညဘက်တွေ ခင်ဗျား ဒီမရနဘေ ကတံတားမှာ တယောက်ထဲလာထိုင်နေတတ်တယ်။ တခါတလေ ခင်ဗျား သီချင်းနားထောင်နေတတ်တယ်။ လူခြေပျတ်လောက်တဲ့ အချိန်ဆို ခင်ဗျား ပြန်တယ်လေ"
"ရှင် ဘယ်သူလဲ"
"ခင်ဗျားကို သိနေတဲ့သူတယောက်ပေါ့"
မကြောက်ပါနဲ့ဗျာ.. ခင်ဗျားနဲ့ စကားပြောချင်လို့ ဒီဖုန်းလေးကို ထားခဲ့တာပါ" ကျွန်တော့ကို စကားပြောခွငိ့ပြုပါနော်"
အင်းလေ စကားပြောတာတော့ ဘာမှအပမ်းမကြီးပါဘူး ဒါပေမဲ့ ကျွန်မကို စိတ်ရှုပ်အောင်လုပ်ရင်တော့ ရှင့်ဖုန်းကို ဟောဒီ ရေထဲကို ကျွန်မပြစ်ချလိုက်မယ်"
ရုပ်တရတ် သူက ခြောက်ခြောက်ခြားခြားဖြစ်သွားပီး
"ဟာ.. အဲ အဲလိုတော့ မလုပ်ပါနဲ့ဗျာ.. ကျွန်တော်က ရေကြောက်တယ်ဗျ"
ကျွန်မရယ်ချင်သလိုဖြစ်သွားရင်း..
"ဖုန်းကိုပြစ်ချမှာ ရှင့်ကိုပြစ်ချမှာမှ မဟုတ်ပဲ"လို့ပြန်ပြောမိ၏။ သူဘက်က သက်ပြင်းချသံကြားရပြီး
"ကျွန်တော်နဲ့ ဖုန်းနဲ့က တသားထဲပါပဲ.."
အနောက်က သူဘာတွေဆက်ပြောသည်မသိ တဝေါဝေါနှင့်လေသံများကြားရပီး ဆက်သွယ်မူပျတ်တောက်သွားတော့သည်။


နောက်နေ့တွေမှာ ကျွန်မအားသည့်အချိန်တိုင်း သူဖုန်းခေါ်တတ်သည်။ တခါတရန် ကျွန်မသွားသည့်နေရာ ကိုပါသိနေပြန်သေးသည်။ ကျွန်မမေးသည့်အခါတိုင်း ရယ်ကျဲကျဲနှင့်
"ကိုယ်က မင်းနဲ့အတူတူရှိနေတဲ့ဟာ"လိုဖြေတတ်သည်။ မေးသည့်အခါတိုင်း အဲလိုအဖြေမျိုးဖြေတတ်တော့ သူမထပ်မမေးမိတော့။ ကျွန်မသူငယ်ချင်းတယောက်ယောက်နှင့်သိလို့ပဲဖြစ်မည်။
"တခါတရံ ကျွန်တော် သိပ်အထီးတာပဲ ..ဒါပေမဲ့ ခုမင်းနဲ့စကားပြောရတော့ အရင်လောက်အထီးမကျန်တော့ပါဘူး။ မင်းက သိပ်ခင်ဖို့ကောင်းတာပဲ. တပါးသူရဲ့ ခံစားချက်ကိုလည်း နားလည်းပေးတတ်တယ်။"
"ရှင် စင်္ကာပူရောက်တာ ကြာပီလားဟင်"
"အင်း..ဆိုပါတော့ အနူစ်နူစ်ဆယ်လောက်တော့ ရှိတော့မယ်"
"ဟင်..ဒါဆို မြန်မာပြည်ကို မပြန်သေးဘူးလား ရှင့်မိဘတွေတော့ ရှင့်ကိုလွမ်းနေမှာပေါ့"
"ဘယ်လိုပြောပါလိမ့်ဗျာ..တခါတလေ အမေ့ကျွန်တော့်ကို တတဲ့အသံ ကျွန်တော်ကြားရတယ်ဗျ"
""ဒါနဲ့များရှင် ဘာလို့မပြန်တာလည်း.."
သူဘက်က အကြာကြီးတိတ်သွားပြီးမှ..
"ဟငိ... ကျွန်တော်ပြန်လို့မရသေးလို့ပါ"

သူနဲ့ ခင်လာတဲ့ သက်တမ်းကြာလာတဲ့နှင့်အမျှ ဖုန်းကလေးရဲ့ ထူးခြားမူကို စတင်သတိပြုမိလာတာဖြစ်သည်။ အဲဒီဖုန်းကလေးက သူမလက်ထဲရောက်တာကြာလှပြီ ဘက်ထရီ မကုန်သေး.. တခါတလေ ဖုန်းကို သူမ ပါဝါပိတ်ကြည့်သည်။ ပိတ်လို့မရ.. ဘယ်လိုဖြစ်တာပါလိမ့် ဖုန်းကလေးကို လှည့်ပတ်ကြည့်မိတော့လည်း ဘာမှထူးခြားမနေပါ။ တခါ သူမအပြင်သွားရန် အကျီင်္လဲနေတုန်း ဖုန်းမြည်လာတော့
"အဲဒီအကီက မင်းနဲ့မလိုက်ဘူး တခြားအရောင်ဖျော့တာလေးဝတ်ပါလား"
ရုတ်တရပ် အံသြထိပ်လန့်သွားရင်း
"ရှင်.. ဘယ်ကနေ ကျွန်မကိုကြည့်နေတာလဲ ဟန်..
ရှင်မညစ်ပတ်နဲ့နော်.."
"အော်.. ကိုယ်မင်းကိုပြောခဲ့သားပဲ.. မင်းနဲ့အတူတူရှိနေတာပါလို့"
ဒါပေမဲ့ မင်းစိတ်ချပါ.. မင်းမမြင်စေချင်တဲ့အရာမှန်သမျှ ကိုယ်လိုက်မကြညိ့ပါဘူး.."
ပြောပီး သူက ခပ်တိုးတိုးရယ်နေပြန်သေး၏။
"ရှင်.. ရှင်က ဘယ်သူလည်း သရဲလားဟင်"
"ဟူး...ဒီအကြောင်းတွေကို မင်းကို ဘယ်လိုပြောရပါ့မလဲ.. ငါက သူရဲတော့မဟုတ်ပါဘူး.. သေခြင်း ရှင်ခြင်းရဲ့ ကြားထဲက မကျွတ်လွတ်နိုင်တဲ့ ဝိဥာန်တကောင်ပေါ့"
"မင်းငါ့ကို မကြောက်ပါနဲ့ကွာ.. ငါ့အကြောင်းတွေမင်းကိုငါပြောပြပါ့မယ်...
ဖုန်းထဲကသူအသံက ငိုရှိုက်သံနှင့် တုန်ခါလျက်.. ရုတ်တရပ် လန့်သွားတဲ့ကျွန်မရဲ့ စိတ်တွေလည်း အတော်အတန်ငြိမ်သက်သွားပေပီ။

" ကျွန်တော့မှာ သိပ်ချစ်ရတဲ့ ကောင်မလေးတယောက်ရှိတယ်..သူကမြန်မာနိုင်ငံ ပြန်သွားပါပြီ ကျွန်တော့်ကို အထင်လွဲပြီးတော့ပေါ့... ကျွန်တော့ဖုန်းထဲက သူငယ်ချင်းတယောက်က စနောက်ပီးပို့ထားတဲ့ messageတချို့ကို သူတွေ့သွားတယ်။ ကျွန်တော့ကို လူရှုပ်လူပွေလို့ ထင်သွားတယ်လေ.. ကျွန်တော်သူဆီက အဖြေမရသေးပါဘူး.. အဲဒီတွေက မိုးတွေ တဖွဲဖွဲရွာနေခဲ့တယ်.. ကျွန်တော် ဖျားလည်းဖျားနေခဲ့တယ်။ ဖြစ်ချင်တော့ ညပိုင်းပါ အချိန်ပိုဆင်းရတယ်ဗျ.. ဖျားနေတဲ့ဒဏ်နဲ့ တနေလုံးလဲ မိုးထပ်မိတော့ ကျွန်တော်အလုပ် လုပ်ရတဲ့ သင်္ဘောပေါ်က ရေထဲကို့ပုတ်ကျခဲ့တယ်လေ။ ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ နောက်နေ့ရောက်မှသာ ကျွန်တော့ အလောင်းကို သူတို့ရှာတွေ့ခဲ့ကြတယ်။ အဲဒီနေ့မှာ သူက ကျွန်တော့ကို အဖြေပေးမယ်လို့ပြောခဲ့တာပါ.. ဒါပေမဲ့ သူကကျွန်တော့်ကိုမုန်းသွားခဲ့ပီ။ သူဘယ်တော့မှ ကျွန်တော့ဆီ ဖုန်းမဆက်လာတော့ပါဘူး.. ကျွန်တော် သူဆီက ဖုန်းကိုစောင့်နေတာပါ"

သူစကားတွေနားထောင်အပြီးမှာ ကျွန်မရည်တွေ ဖုန်းပေါ် တပေါက်ခြင်း ကျလျက်ရှိပေပီ။
"တော်ပါတော့ ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့..ဆက်မပြောပါနဲ့တော့"
"ကျွန်မဒီအကြောင်းတွေ မသိခဲ့ဘူး.. ဒါကြောင့်ကျွန်မ ရှင့်ကိုမုန်းခဲ့မိတာ.. ကျွန်မ ရှငိ့ကို ချစ်ခဲ့မိတယ် ရှင်က ကျွန်မရဲ့ အချစ်ဦးပါ။ ဒါပေမဲ့ .. ရှင်က လူရှုပ်လူပွေလို့ ထင်ခဲ့မိပြီး ကျွန်မမြန်မာပြည်ကို ပြန်သွားခဲ့တယ်။ ရှင့်ကိုလွမ်းတဲ့စိတ်တွေနဲ့ ကျွန်မ စင်္ကာပူကို ပြန်လာခဲ့တာပါ"
"ကိုယ်သိပါတယ်... မင်းရဲ့ ညိုးငယ်နေတဲ့မျက်နှာလေးကို ကိုယ်မြင်နေရတယ်..အဖြစ်မှန်တွေမသိပဲ မင်းဘဝတလျောက်လုံး ကိုယ့်ကိုမုန်းတီးနေမှာမျိုး ကိုယ်မလိုချင်းဘူး..ဒါကြောင့် ဒီဖုန်းလေးကို မင်းလက်ထဲရောက်အောင် ကိုယ့်ထည့်ခဲ့တာပါ.."
ခု မင်းဆီက ကိုယ့်ကို ချစ်တယ်ဆိုတဲ့ အဖြေကိုယ်လဲ ကိုယ်ကြားရပြီ... ဒီတော့ ကိုယ်ကျေနပ်သွားပါပီကွာ..."
သူပြောနေတဲ့ စကားသံတွေက တဖြည်းဖြည်း တိုးမျှင်းလာပီး ဆက်သွယ်မူ ပျတ်တောက်သွားပြီး တခါမှ ပိတ်မရခဲ့တဲ့ ဖုန်းပါဝါက သူအလိုလို ပိတ်သွားလေပြီ။
ဒါ ဒါဆို သူသွားပီ..သူသွားပီပေါ့.. ဟင့်အင်း..မသွားပါနဲ့ ကျွန်မဆီ ပြန်လာပါ.. ကျွန်မဆီ ပြန်လာခဲ့ပါကွယ်.. လောကကြီးသည် ငိုရှိုက်သံတို့ ထုံမွှန်းလျက် အခန်းငယ်အတွင်းမှာတော့ sim cardမရှိတဲ့ ဖုန်းတလုံးနှင့် ကောင်မလေးတယောက်သည်...........
 
 
 Htet Htet Hlaing
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map