<div style='background-color: none transparent;'></div>

Home » » မီးနီဖြတ်မောင်းစဉ်

မီးနီဖြတ်မောင်းစဉ်

ရန်ကုန်၊ စက်တင်ဘာ ၉

၉.၉.၂၀၁၃ရက်နေ့ ၀၀၃၀အချိန် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းမီးပွိုင့်တွင် ပြည်လမ်းအတိုင်း ဒဂုံမြို့နယ်ဘက်မှ လမ်းမတော်မြို့နယ်ဘက်သို့(မြောက်မှတောင်) ယာဉ်မောင်း ကံမင်းလှိုင်၊ (ဘ)ဦးသန်းဝင်း၊ စမ်းချောင်းမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၎င/----၊ Mazata RX-8 အဖြူရောင်ကိုယ်ပိုင်ယာဉ်မှ မီးနီဖြတ်မောင်းစဉ် ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှအရှေ့သို့
ယာဉ်မောင်း ဦးထွန်းထွန်း (ဘ)ဦးဟုတ်စိန်၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်လာသည့် AA/----၊ ဗင်ဖင်ကောက်ခဲရောင်အငှားယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့်ယာဉ်(၂)စီးပျက်စီးခဲ့ပြီး ယာဉ်မောင်းဦးထွန်းထွန်းတွင် ၀ဲနားထင်စုတ်ပြဲ၊ ယာမျက်ကွင်းဖူးယောင်ညိုမဲ၊ ဦးခေါင်းငယ်ထိပ်စုတ်ပြဲ၊ ၀ဲတံတောင် ပွန်းပဲ့စုတ်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသရသောကြောင့် ယာဉ်အားမဆင်မခြင်
မောင်းနှင်သူ ကံမင်းလှိုင်အား လမ်းမတော်မြို့မရဲစခန်းယာဉ်(ပ) ၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police


သစ်ထူးလွင်................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map