<div style='background-color: none transparent;'></div>

Home » » ၁၅၀၀ cdma ဖုန်း ဘာလဲ . . . ဘယ်လဲ . .

၁၅၀၀ cdma ဖုန်း ဘာလဲ . . . ဘယ်လဲ . .


cdma 800 ဖုန်းတွေ ချမပေးတော့ဘူး ရပ်လိုက်ပြီဆိုပြီး နိုင်ငံတကာသုံးမဟုတ်သော ၁၅၀၀ . . . ကိုဘာလို့ဆက်ချပေးရတာလဲ။ ယခုမြန်မာနိုင်ငံမှာ သုံးနေသော cdma ဖုန်းကို တရုတ်နိုင်ငံတောင် တစ်နိုင်ငံလုံးမသုံးပါ။
ဦးပိုင် MEC ကရော အော်ပရေတာ မလျှောက်ရပဲ ဘာလို့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရသွားတာလဲ၊ အခုချပေးသော 1500 cdma 800 ဖုန်းမှာ မြန်မာ့ဆက်သွယ်ရေး MPT နှင့်ဘာမျှမဆိုင် မပတ်သတ်ပါ။
ထပ်ပြီးတိုင်ထောင်ရတာချင်းအတူအတူ gsm ထပ်ချမပေးပဲ ဘာလို့ cdma 800 ဖုန်းတွေချပေးရတာလဲ
- cdma 800 Network ထပ်ချဲ့ပြီးချပေးတယ်ဆိုရင်လည်း အရင် cdma 800 ဖုန်းတွေနဲ့ ဘာလို့ Network မတူပဲ ဘာလို့ Network အသစ်ထပ်တည်ဆောက်ရတာလဲ။ အရင် cdma 800 ဖုန်းတွေက အခု 1500 cdma 800 ဖုန်း Network မှာလုံးဝသုံးမရပါ။ အကယ်၍ အရင် cdma 800 ဖုန်း Network ကိုထပ်ချဲ့ပြီးချပေးပါက အရင်ဖုန်းတွေပါ သုံးလို့ရတဲ့ ဒေသပိုများ မသွားနိုင်ဘူးလား။ အခုတော့ cdma 800 ဖုန်းကိုပဲ အမျိုးစားနှစ်မျိုးဖြစ်သွားပါပြီ . . . ပြည်သူတွေလည်း မျက်စိတွေလည် ကုန်ပါပြီ . . .

ပြီးတော့ 1500 cdma 800 ဖုန်းတွေက အရေအတွက် ဘယ်လောက်ထိ ချပေးမှာလဲ တစ်နိုင်ငံလုံးသုံး လို့ရအောင် Network တွေချဲ့သွားမှာလား။ အခု ၁ သန်းပြည့်သွားလို့ ရပ်သွားပြီလို့လည်းကြားပါသည်။
အရင် cdma ဖုန်းတွေလိုထပ်မချပေးတော့ပဲ ရပ်သွားမှာလား ။ အရင် cdma ၄၅၀ ဖုန်းသမားတွေမှာ အင်တာနက်လည်းသုံးမရ ဘာမရနဲ့ ငုတ်တုပ်မေ့နေကြပါပြီ . . .

ဥာဏ်ကြီးရှင်များ စဉ်းစားကြည့်ပါအုံး . . .

အခုဆိုရင်မြန်မာပြည်မှာ Gsm, WCDMA, cdma 800, cdma 450, 1500 cdma 800 ဆိုပြီးကမ္ဘာပေါ်မှာ ဖုန်းအမျိုးအစား အများဆုံးအသုံးပြုသော တိုင်းပြည်ဖြစ်နေပါပြီ။ ကမ္ဘာသုံးဖြစ်တဲ့gsm တစ်မျိုးတည်းချပေးလို့မရဘူးလား ပြည်သူတွေက ဘယ်ဖုန်းကို ကိုင်ရမှာလဲ တစ်နိုင်ငံလုံးသယ်ပြီးသုံးလို့ရအောင် လူတစ်ဦးကို ဖုန်းသုံးမျိုး လောက်ကိုင်ထားရမယ့်ပုံဖြစ်နေပါပြီ . . .

တစ်မိနစ်ကို ၈ ကျပ်လောက်သာကျသင့်သော ဖုန်းပြောဆိုခကို ၅၀ ကျပ်တောင်းထားတာတောင် တစ်လ အနည်းဆုံး ၂၅၀၀ ဖိုးသုံးရမယ်ဆိုတော့ ဆင်းရဲသားပြည်သူတွေ တွေဆီက ငွေကို အေးဓားမြတိုက်နေ တာနဲ့တူနေပါတယ်။
နောက်ဆုံးအရေးကြီးတာမေးချင်တာက ဒီ 1500 cdma 800 ဖုန်းကရရှိသော ဖုန်းပြောခငွေတွေဟာ နိုင်ငံ့ဘဏ္ဍာ ထဲကို ဘယ်လောက်ရောက်လည်းဆိုတာ ပါပဲ . . .

ခင်ဗျားတို့ ပိုင်ဆိုင်ချမ်းသာမှုဟာ နောက်ဆယ်သက်ထိုင်စားလည်း မကုန်နိုင်ပါဘူး . . .
ပြည်သူတွေကို နှစ်ပေါင်း ၅၀ ကျော် အနိုင်ကျင့်ဒုက္ခပေးခဲ့ရတာ ကျေနပ်ပါတော့ အားရပါတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြပါတော့ . . .


- ကျော်ကြီး(4.7.13)

ZinYawNews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map