<div style='background-color: none transparent;'></div>

Home » » ရွှေပြည်သာမြို့နယ်တွင် သူငယ်ချင်းနှစ်ဦးသမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

ရွှေပြည်သာမြို့နယ်တွင် သူငယ်ချင်းနှစ်ဦးသမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ် ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ရဲနောင် တို့သည် ရွှေဘုန်းရှိန်လမ်းတွင် သမီးရည်းစား ကိစ္စဖြင့် အငြင်းပွားရာမှ မောင်ရဲနောင်က အရှည် သုံးလက်မခွဲခန့်ရှိ ခလုတ်ဓားဖြင့် ထိုးသဖြင့် မောင်သူရ (ခ) ဇွဲနောင်ဖြိုးတွင် ဝဲရင်အုပ်ဘေးတွင် ထိုး သွင်းဒဏ်ရာ တစ်ချက် ရရှိကာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောသည်။

“သူတို့က သူငယ်ချင်းတွေပါ။ သူငယ်ချင်း၏ ချစ်သူကို မင်း ကောင်မလေး ငါလိုက်မယ်ဆိုပြီး စရင်းနောက်ရင်းက အခုလို ဖြစ်သွားတာပါ” ဟု အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် မောင်ရဲနောင်တို့သည် ရွှေပန်းထိမ်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်ကြသူ သူငယ်ချင်းများ ဖြစ်ပြီး အလုပ်မှအပြန် သူငယ်ချင်း နှစ်ဦး အပြန်အလှန် စနောက် ရာမှ ယခုကဲ့သို့ လူသတ်မှု အထိပါ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေး မှူးက ပြောကြား သည်။

လူသတ်မှု ကျုးလွန်သည်ဟု တိုင်ကြားခံရသူ မောင်ရဲနောင်ကို မိနစ် ၃၀ အကြာတွင် ရပ်ကွက် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့် ထိုးသူဟု စွပ်စွဲခံရသူ မောင်ရဲနောင်ကို (ပ) ၄၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စုံစမ်း သိရှိရသည်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map