<div style='background-color: none transparent;'></div>

Home » » အလင်းရောင်ရှိနေသည့်အချိန် ဆွဲကြိုးဖြတ်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး

အလင်းရောင်ရှိနေသည့်အချိန် ဆွဲကြိုးဖြတ်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီး


ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊
ဇေယျမင်္ဂလာလမ်းမကြီးနေ မခင်ချောစု၊ (ဘ)ဦးမောင်ငယ်သည်
နေအိမ်မှ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်ရှိ ချစ်တီးကွေ့ဈေးသို့ တစ်ဦးတည်းလမ်းလျှောက်၍ထွက်လာစဉ် ဘူတာရုံလမ်း၊ ပရဟိတကျားကျောင်းရှေ့အရောက်တွင် နောက်မှ အမျိုးသားတစ်ဦး
လိုက်လာပြီး လည်ပင်းတွင်ဆွဲထားသော MC ရွှေဆွဲကြိုး (၁)ကျပ်သားအား စောင့်ဆွဲလိုက်သဖြင့် နောက်သို့လှည့်ကြည့်စဉ် ၎င်းအမျိုးသားမှာ ထပ်မံဆွဲဖြတ်၍ယူဆောင်ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့ ဖြစ်ပွားခဲ့သဖြင့်အော်ဟစ်အကူအညီတောင်းရာ ပတ်ဝန်းကျင်မှ
ပြည်သူများနှင့်လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသားမှာ (၁)ရပ်ကွက်၊ ဘူတာရုံလမ်းထိပ်ရှိ အပ်ချုပ် ဆိုင်တစ်ခုအတွင်း ၀င်ပြေးသွားသဖြင့် ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ပါသည်။

ဆွဲကြိုးလုယက်သွားသည့် ဖမ်းဆီးရမိသူမှာ ကျော်ကျော်နိုင်(ခ)
ကုလားကြီး၊ (ဘ)ဦးစောရင်၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် မခင်ချောစုမှ
အရေးယူပေးပါရန်တိုင်တန်းခဲ့၍ လှိုင်မြို့မရဲစခန်း(ပ)၃၁၇/၂၀၁၃၊
ပုဒ်မ ၃၈၂ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

အေးချမ်းမွန်,,,,,,,,,,,,,
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map