<div style='background-color: none transparent;'></div>

Home » » ရေပန်းစားလျက်ရှိသော Gangnam style စကားလုံးကို Collins အဘိဓာန်တွင် ထည့်သွင်း

ရေပန်းစားလျက်ရှိသော Gangnam style စကားလုံးကို Collins အဘိဓာန်တွင် ထည့်သွင်း

၂၀၁၂ခုနှစ်တွင် ရေပန်းစားလျက်ရှိသော Fiscal cliff, mummy porn, Eurogeddon အပါအဝင် Gangnam styleစသည့် စကားလုံးများကို Collinsအဘိဓာန်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း သတင်းများအရ သိရသည်။ Collins အဘိဓာန်ဝက်ဘ်ဆိုက်သည် အိုလံပစ်ဂိမ်း၊ အမေရိကန် ရွေးကောက်ပွဲ အပါအ၀င် ကမ္ဘာပေါ်ရှိ အထင်ကရဖြစ်ရပ်များမှ လူသုံးများသော
စကားလုံးများကို တစ်လလျှင် တစ်လုံးစီဖြင့် တစ်နှစ်လျှင် ၁၂လုံးခန့် စုစည်းကာ ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ Gangnam Styleစကားလုံးကို ယခုနှစ် နိုဝင်ဘာလ၏ လူကြိုက်အများဆုံးနှင့် လူသုံးအများဆုံး စကားလုံးအဖြစ် သတ်မှတ်ကာ အဘိဓာန်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map