<div style='background-color: none transparent;'></div>
Home » » ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။ အထက် တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခု ရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ် ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီး ရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီးလက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အ
ဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..


ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကိုပစ် ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလို ၀န်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ
့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက် လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...

@ daily mail
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map