<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံ ဖျော်ဖြေရေးပွဲနဲ့ ချစ်သုဝေရလိုက်တဲ့သင်ခန်းစာ

ထိုင်းနိုင်ငံ ဖျော်ဖြေရေးပွဲနဲ့ ချစ်သုဝေရလိုက်တဲ့သင်ခန်းစာ

ဒီဇင်ဘာ၉ရက်နေ့မှာ ဖျော်ဖြေခဲ့တဲ့ ထိုင်းဖျော်ဖြေရေးပွဲမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေအဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအဆင် မပြေဖြစ်ခဲ့ရပုံနဲ့ ပတ်သက်ပြီး ချစ်သုဝေက အခုလိုရှင်းလင်းပြောပြခဲ့ပါတယ်။
''ထိုင်းနိုင်ငံမှာ Metal Zone နဲ့ ထရီဇာတို့ အဆိုတော်၆ယောက် ဒီဇင်ဘာ ၉ရက်နေ့ကသွားဖျော်ဖြေကြတယ်။ အဲဒီအချိန်မှာ ဗီဇာကိစ္စတွေ၊ work permit ကိစ္စတွေကို ပွဲရှင်တွေပဲ အမြဲတမ်းတာဝန်ယူပြီး လုပ်ပေးထား ရတယ်။ ထရီဇာတို့ကလည်း ယုံကြည်စွာနဲ့သွားကြတယ်။

ဟိုလည်းရောက်ရော ထိုင်းတွေက အစကတည်းက work permit မရထားတဲ့ပွဲဆိုရင် လာပိတ်ပင်ရမယ်။ ဒီလိုမဟုတ်ဘဲ အဆိုတော် ၂ဦးဖျော်ဖြေပြီးတဲ့ အချိန်မှာပွဲလာရပ်ခိုင်းတယ်။ ဆိုပြီးသားအဆိုတော်တွေ ကို action ယူခဲ့တယ်။ စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်။ မြန်မာ ပရိသတ် ကို သွားဖျော်ဖြေတဲ့အတွက် Criminalတွေ စစ်ချက်ယူသလို ထရီဇာတို့ အစစ်ခံခဲ့ရတော့ စိတ်ထဲမှာဒါဟာ မြန်မာလူမျိုးတွေရဲ့ သိက္ခာကို ညှိုးနွမ်းစေ တဲ့အရာလို့ ထရီဇာမြင်တယ်။အဲဒီအတွက် ထရီဇာကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊

တရားဥပဒေစိုးမိုးရေးနဲ့ ထိုင်းသံရုံးတွေကို စာတင်တယ်။ အဓိကကတော့ ထိုင်းရဲတွေက ထရီဇာတို့ကို Criminalတွေကို ဆက်ဆံတာ မျိုး၊ မြန်မာအနုပညာရှင်တွေကို နှိမ်ပြီး ဆက်ဆံတာမျိုး မဖြစ်သင့်မဖြစ် ထိုက်အောင်ပေါ့။ မီဒီယာကနေ ဒီအကြောင်းတွေပြောတာက ထရီဇာတို့ အဆိုတော်တွေ အားလုံးက မြန်မာပရိသတ်တွေရှိတဲ့ နိုင်ငံခြားကို သွားဖျော်ဖြေကြတယ်။ ကိုယ်က အနုပညာရှင် ဖြစ်တဲ့အတွက် အနုပညာ အလုပ်ကိုပဲသိတယ်။

ကျန်တဲ့ သူတို့နိုင်ငံက ဥပဒေတွေ၊ သူတို့နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေကို ထရီဇာတို့မသိဘူး။ ဒါပွဲရှင် လုပ်ရမယ့်ကိစ္စ။ ဒီအခါမှာ ပွဲရှင်ကို ၁ဝဝ ရာခိုင်နှုန်း ယုံကြည်မှုတစ်ခုနဲ့ အလုပ်လုပ်ဖို့ သင့်ပါမလား။ အားလုံးလည်း ကြားမှာပဲ။ ထိုင်းမှာပွဲသွားဖျော်ဖြေကြတယ်။ ပွဲပါမစ်မရလို့ ပြန်လာရတာနဲ့ ဟိုရောက်တော့မှ ဖျော်ဖြေရင်းနဲ့ ရပ်ခိုင်းတာနဲ့ ဒါမှမဟုတ် ရဲတွေက ငွေ လာတောင်းတာနဲ့ အမျိုးစုံပေါ့။ အခက်အခဲ မျိုးစုံ ဖြစ်ခဲ့တယ်။

ထရီဇာကတော့ ဒီအနုပညာရှင်တွေကိုယ်စား ထရီဇာတို့ကို တန်ဖိုး ထားနိုင်အောင်၊ Valueတစ်ခုနဲ့ ဆက်ဆံ နိုင်အောင်ဟိုဘက်က ပွဲရှင်တွေကို ထရီဇာ့တစ်ကိုယ်စာပြောရမယ်ဆိုရင်တော့ document အပြည့်အစုံပြနိုင် သလား၊ ပြနိုင်တော့မှ လိုက်ဆိုတော့မယ်။ မြန်မာမြန်မာချင်းပဲဆိုပြီး ဘယ်ယုံကြည်မှုတစ်ခုနဲ့မှ အလုပ်မလုပ်နိုင်တော့ဘူး။ ဒီလိုကိစ္စ မျိုးလေးတွေတောင်မှ ယုံကြည်မှုမရနိုင်တဲ့ အခြေအနေမှာဆိုတော့ အနုပညာရှင်တွေအားလုံးကိုလည်း လူညီစေချင်တယ်။ အသိပေးချင်တယ်။ ဒီလိုမျိုးတွေဖြစ်ပျက်နေတယ် ဆိုတာမျိုးကို စာမျက်နှာပေါ်မှာ ပြောတာပါ။ ကိုယ်လည်းသင်ခန်းစာတစ်ခုဖြစ်ခဲ့ပြီ။ ဒါကိုသင်ခန်းစာယူပြီး နောက်မမှား ရအောင် ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်သွားမလဲဆိုတာကို ပြောပြချင်တာပါပဲ။ စိတ်အနှောင့်အယှက်တအားဖြစ်ခဲ့ရတယ်။ စိတ်နည်းနည်းလေး ကသိ ကအောက်ဖြစ်လိုက်တယ်။ ဒါကလွဲလို့ ထရီဇာအခုအချိန်မှာ တည်ငြိမ်သွား ပါပြီ။ လုပ်ချင်တာလုပ်လို့ရတဲ့အထဲမှာ မြန်မာတွေ မပါဘူးဆိုတာ သိစေချင် တဲ့အတွက် ထရီဇာတင်ပြလို့ရတဲ့လူတွေကို တင်ပြထားပါတယ်''လို့ ချစ်သုဝေက ပြောပါတယ်။

ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map