<div style='background-color: none transparent;'></div>

Home » » တရားရေးအကျပ်အတည်းကြောင့်တရားသူကြီးတစ်ဦးနှင့် မိသားစုဝင် ၃ ဦးခေါင်းဖြတ်သတ်ခံရ

တရားရေးအကျပ်အတည်းကြောင့်တရားသူကြီးတစ်ဦးနှင့် မိသားစုဝင် ၃ ဦးခေါင်းဖြတ်သတ်ခံရ

ပြီးခဲ့သော သီတင်းပတ် ကုန် ဆုံးရက်တွင် ခေါင်းဖြတ်သတ်ခံခဲ့ရ သော တရား
သူကြီးနှင့် မိသားစုဝင် ၃ ဦးတို့အမှုကိုယူကရိန်းရဲတပ်ဖွဲ့ စုံစမ်းဖော်ထုတ်နေ


သည်ဟု ယူကရိန်း အစိုးရအရာရှိတို့က ပြီးခဲ့သော အင်္ဂါ နေ့တွင် ပြောကြားခဲ့ကြောင်း သိရ သည်။

ခေါင်းဖြတ်သတ် ခံခဲ့ရသော တရားသူကြီးဗော်လိုမျာ ထရိုဖီမေါ့ နှင့်၎င်း၏ဇနီး၊ သမီးနှင့်သမီး၏ ရည်း စားတို့၏ရုပ်အလောင်းများကို ၄င်း တို့ထံ လာရောက်လည်ပတ်သော မွေးစားသားဖြစ်သူကတွေ့ရှိခဲ့ပြီး ရဲ တပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ် သည်ဟု တာဝန်ရှိသူတို့ကပြောကြား ထားသည်။

ယူကရိန်းပြည်ထဲရေး ဝန်ကြီး ဗစ်တလေဖက်ကာချန်ကိုက ဦးခေါင်းများမှာ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြော ကြားထားသည်။


ထို့အတူ ယူကရိန်း စုံစမ်းထောက်လှမ်းရေးအရာရှိတို့က လည်း ယခုလူသတ်မှုသည် တရား သူကြီး၏အလုပ် သို့မဟုတ် ၄င်း၏ ရှေးဟောင်းပစ္စည်းစုဆောင်းမှုတို့နှင့် ဆက်နွယ်နိုင်သည်ဟုလည်း ဆိုထား ကြသည်။

တရားသူကြီး ဗော်လိုမျာ ထရိုမီမော့သည် ၄င်း၏တရားသူကြီး သက်တမ်းတစ်လျှောက်တွင် အမှု ပေါင်းထောင်နှင့်ချီပြီး စီရင်ဆုံးဖြတ် ခဲ့သူတစ်ယောက်ဖြစ်သည်။

တရားသူကြီးနေအိမ်ကို ဖောက်ထွင်းဝင် ရောက်သည့်လက္ခဏာမျိုး
 တွေ့ရှိ ခြင်းမရှိသည့်အတွက် ရာဇာဝတ်မှု ကျူးလွန်သူတို့သည်
စနစ်တကျပြင် ဆင်ကာ ကျူးလွန်ခဲ့ခြင်း ဖြစ်ဖွယ်ရှိ သည်ဟု ယူကရိန်းရဲ
တပ်ဖွဲ့က ပြော ကြားထားသည်။

ယူကရိန်းနိုင်ငံ၏ တရားရေး စနစ်သည် ယခင် ဆိုဗီယက်ပြည် ထောင်စုဟောင်းပုံစံမျိုးဖြစ်ပြီး တ ရားစီရင်မှုတို့၏ ၉ဝ ရာခိုင်နှုန်း ကျော်မှာ ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အ ဆုံးသတ်လေ့ရှိခြင်းကြောင့် နိုင်ငံသား တို့သည် တိုင်းပြည်၏ တရားရေး စနစ်ကို နှစ်သက်ခြင်းမရှိကြကြောင်း သိရသည်။

 ထို့ကြောင့် ဥရောပကောင် စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် ယူကရိန်း နိုင်ငံသည် ဥရောပ လူ့အခွင့်အရေး တရားရုံးသို့ အယူခံတင်သွင်းမှု စတုတ္ထ အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေကြောင်း သိရသည်။

 Messenger News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map