<div style='background-color: none transparent;'></div>

Home » » ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီး တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရဖြစ်ပွား(သတင်းအပြည့်အစုံ)

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီး တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရဖြစ်ပွား(သတင်းအပြည့်အစုံ)

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. 
 နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး 
၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ဖြစ်စဉ်မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်
လာသော ၂ ခ/ ၈၈၁၀ မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာတမှ ရန်ကုန်သို့ ပြန်
လည်ထွက်ခွာလာသော TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူးယာဉ်သည်
ဇလွန်မြို.နယ်၊ ကျုံတုံးကျေးရွာအရောက် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်
၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

27mt1

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို. ပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံအရောက်တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား) ၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား ၄၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို.
 ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map