<div style='background-color: none transparent;'></div>

Home » » ကုန်သည်ကြီးများ ဟိုတယ်မှာအမြွှာနှစ်တွဲ အတူနွှဲခဲ့တဲ့ မင်္ဂလာပွဲ

ကုန်သည်ကြီးများ ဟိုတယ်မှာအမြွှာနှစ်တွဲ အတူနွှဲခဲ့တဲ့ မင်္ဂလာပွဲ

ရုပ်ရော၊ အသံပါ ခွဲရခက်လောက်အောင်တူကြတဲ့ ၂၈ နှစ် အရွယ်အမြွှာ ညီအစ်ကို Eddie နဲ့ Edwin နှစ်ဦးနဲ့ ၂၆ နှစ်အရွယ် အမြွှာညီအစ်မ Cecilia နဲ့ Mary Rose နှစ်ဦးကို နှစ်မင်္ဂလာပေါင်းလက်ထက်ပွဲအပြီး ဘုရားကျောင်းရှေ့မှာ ပျော်ရွှင်စွာတွေ့ရစဉ်။

သူတို့နှစ်စုံတွဲရဲ့မင်္ဂလာပွဲကို မတ်လ ၂ ရက်နေ့က စိန်ပေါလ်ဘုရား ကျောင်းနဲ့ ကုန်သည်ကြီးများ ဟိုတယ်မှာ အတူကျင်းပခဲ့ကြပြီး တခြား မင်္ဂလာဆောင်တွေနဲ့မတူဘဲ ထူးခြားဆန်းသစ်အောင် ပန်းကြဲ၊လက်စွပ် ဗန်းကိုင်နဲ့ ဖျော်ဖြေရေးတွေကိုလည်း အမြွှာတွေကိုပဲ ပြုလုပ်ခိုင်းခဲ့ပါ တယ်။ ဒီစုံတွဲနှစ်တွဲရဲ့ချစ်ဇာတ်လမ်းအစကတော့ လွန်ခဲ့တဲ့ခုနစ်နှစ်က သင်္ကြန်အတွင်း ခရစ်ယာန်လူငယ်တရားစခန်းသွားရင်း အငယ်နှစ် ယောက်ဖြစ်တဲ့ Edwin နဲ့ Mary Rose တို့ စတင်ခင်မင်ခဲ့ရာကနေ သူတို့နှစ်ဦးနောက်ကို အမြဲလိုက်ပါခဲ့တဲ့ အစ်ကို Eddie နဲ့ အစ်မ Cecilia တို့လည်း ချစ်ကြိုက်ခဲ့ကြတာလို့ သိရပါတယ်။

ချစ်သူသက်တမ်း ခုနစ်နှစ်အတွင်းမှာ ချစ်သူချင်းရန်ဖြစ်စိတ်ကောက်ကြတဲ့အချိန်တွေဆိုရင် ဖုန်းထဲမှာ လူမှားပြီး အော်ပစ်မိတာမျိုး တွေရှိခဲ့ကြတယ်လို့ သူတို့စုံတွဲနှစ်တွဲ ကြုံခဲ့ကြတဲ့ အမှတ်တရအလွဲလေးတွေကို သတို့သမီးလေး Mary Rose က ရယ်မောရင်းပြော ပြပါတယ်။

"ကျွန်မတစ်သက် ဒီလိုမင်္ဂလာဆောင်ကို ဒီတစ်ခါပဲကြုံဖူးတယ်။ အရမ်းတွေ့ရခဲတယ်" လို့ မင်္ဂလာပွဲလာ အဘွားအိုတစ်ယောက်ရဲ့ မှတ်ချက်က သူတို့အတွက် ပီတိပါလို့လည်း မင်္ဂလာမောင်နှံတွေက ဆိုပါတယ်။

credit to www.myanmar.mmtimes.com
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map