<div style='background-color: none transparent;'></div>

Home » » မျက်နှာကိုဖတ်ပြီး နှလုံးခုန်နှုန်း တိုင်းတာနိုင်မည့် iPhone App

မျက်နှာကိုဖတ်ပြီး နှလုံးခုန်နှုန်း တိုင်းတာနိုင်မည့် iPhone App


အိုင်ဖုန်း၏ အရှေ့ဘက်တွင် ပါဝင်သည့် ကင်မရာကို အသုံးပြုကာ မျက်နှာကို ဖတ်စေပြီးလျှင် နှလုံးခုန်နှုန်းကို တိုင်းတာနိုင်မည့် Application အသစ် တစ်မျိုးအား MIT မှ နည်းပညာရှင်များက တီထွင်ဖန်တီးလိုက်ကြောင်း သိရသည်။ Cardiio ဟု အမည်ပေးထားသည့် ၎င်း Application သည် မျက်နှာကို Scan ဖတ်ပြီးလျှင် နှလုံးခုန်နှုန်း မည်မျှရှိသည်ကို ချက်ချင်း အဖြေထုတ်နိုင်စွမ်း ရှိသည်။
ပုံမှန်အားဖြင့် နှလုံးခုန်နှုန်း ပိုမိုမြင့်မားလာလျှင် မျက်နှာဆီသို့ ရွေ့လျားသည့် သွေးပမဏမှာ ပိုမိုများပြားသည့်အတွက် ယင်းအချက်ကို အခြေခံကာ ၎င်း Application အား ရေးသားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Application ကို နည်းပညာရှင် ဇနီးမောင်နှံဖြစ်သည့် Ming Zer နှင့် Yukkee Poh တို့က ပူးပေါင်းရေးသား ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ Apple စတိုးများ၌ ၄ ဒသမ ၉၉ ဒေါ်လာဖြင့် ရောင်းချနေပြီ ဖြစ်သည်။
စမ်းသပ်မှုများအရ တိကျမှုများစွာရှိခြင်းကြောင့်လည်း ထို Application အား လက်ခံနှစ်သက်သူ ပိုမိုများပြားလာကြောင်း သိရသည်။ ဆက်လက်ပြီး မျက်နှာကိုဖတ်၍ ကိုလက်စထရော တိုင်းတာနိုင်သည့် App ကိုလည်း အသုံးပြုနိုင်ရန် နီးစပ်နေပြီဟု သိရသည်။
it time 
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map