<div style='background-color: none transparent;'></div>

Home » » ကောလာဟလ များများထွက်လေ ကြိုက်လေပဲဆိုတဲ့ ပြေတီဦး

ကောလာဟလ များများထွက်လေ ကြိုက်လေပဲဆိုတဲ့ ပြေတီဦး


လတ်တလော ကောလာဟ လူမျိုးစုံ ပရိသတ်ရဲ့ စိတ်ဝင် စားမှုတွေနဲ့  ပြည့်နေတဲ့ ပြေတီဦးကို ရိုက် ကွင်းတစ်ခုမှာတွေ့တုန်း ပရိသတ် သိချင်နေကြတဲ့ ကောလာဟလ အ ကြောင်းနဲ့ ပတ်သက်ပြီး ပြေတီဦးက “ကောလာဟလနဲ့ ပတ်သက်ပြီး မြင်တဲ့အတိုင်းပဲလေ။ အစ်ကိုတို့နှစ် ယောက်အရမ်းအဆင်ပြေနေကြပါ တယ်။
ဒီကောလာဟလဆိုတာ အ ခုမှရှိခဲ့တာမဟုတ်ဘူး။ ဟိုးအစဉ် အဆက်ကတည်းက ရှိခဲ့တာပါ။ ဘာ မှခံစားမှုမရှိဘူး။ ကောလာဟလ များများထွက်လေ အစ်ကိုကကြိုက် လေပဲ။ ဘာကြောင့်လဲဆိုတော့ လူ စိတ်ဝင်စားတဲ့လူမို့လို့။ အဲဒီလိုလူမျိုး မှလည်း ကောလာဟလထွက်တာ ကိုး။ လူစိတ်မဝင်စားတဲ့လူဆို ကော လာဟလမထွက်ဘူး။ အရေးကြီး က ခိုင်မာတဲ့ဝတ္ထုမျိုးကိုရိုက်ရတာ ကြိုက်တယ်။ ဇာတ်လမ်းကတစ်ခုနဲ့ တစ်ခုကိုLink တွေနဲ့ပြန်ပြီးတည် ဆောက်ရတာများတယ်။

ဝတ္ထုဆို တာက အဲဒီLink တွေကိုတစ်ခါ တည်းတွက်ပြီးရေးထားပြီးသားဆို တော့ ဇာတ်ညွှန်းရေးဆရာတစ် ယောက်အနေနဲ့ အဲဒီဟာကို စဉ်း စားနေစရာမလိုဘူး။
ဘယ်လို Presentation နဲ့သွားရင် လှမလဲ ဆိုတာ စကားလုံးပိုင်းလောက်ပဲစဉ်းစားရ တာပေါ့။ ဇာတ်လမ်းကျတော့ အဲဒီLink တွေကိုပါထည့်ပြီး ဇာတ်ညွှန်း ရေးဆရာက စဉ်းစားရတယ်။ Producer လုပ်ဖို့ကတော့ အစီအစဉ် မရှိသေးပါဘူး။ တခြားမင်းသား တစ်ယောက်ကို Producer လုပ်ဖို့ လည်းအစီအစဉ်မရှိသေးပါဘူး” လို့ ပွင့်ပွင့်လင်းလင်းဖြေကြားပေးခဲ့ပါ တယ်။
8days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map