<div style='background-color: none transparent;'></div>

Home » » အချစ်ကြောင့် မျက်ရည်ကျဖူးတယ်ဆိုတဲ့ ဖွေးဖွေး

အချစ်ကြောင့် မျက်ရည်ကျဖူးတယ်ဆိုတဲ့ ဖွေးဖွေး


ဩဂုတ် ၉ရက်နေ့မှာ အသက် ၂၄နှစ်ပြည့် တဲ့ဖွေးဖွေးကို Birthday Wish လုပ်ရင်း ရိုက်ကွင်း ပေါ်မှာပဲ တွေ့မေး ခဲ့ပါတယ်။ “ဖွေးဖွေး မွေးနေ့မှာ ဘယ်နှစ်မှ အလုပ် မလုပ်ခဲ့ဘူး။ ဒီနှစ်တော့ ထူးထူးခြားခြား ရိုက်ကွင်း ရှိနေခဲ့တယ်။ ရိုက်ကွင်းပေါ်မှာ ရောက်နေ တယ်ပေါ့။ ၂၄နှစ်ပြည့် မိန်းကလေး တစ်ယောက် ရဲ့ခံစားမှု ဆိုရင် လူကြီး ဖြစ်သွားပြီလို့ ခံစားရတဲ့ အတွက် ပျော်နေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ တွေးစရာတွေပိုများလာတယ်။လူ့ဘဝမှာ အသက် ရှင်ဖို့ တစ်နှစ်ပိုလျော့သွားတယ်ပေါ့။ ဒီနေ့မနက် ဖွေးကို ပထမဆုံး Birthday Wish လုပ်တာ ဖေဖေ နဲ့မေမေပါ။မွေးနေ့ လက်ဆောင် အဖြစ်ဖုန်းတစ်လုံး ပေးတယ်။ချစ်သူ၊ခင်သူ၊မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းနဲ့ ပရိသတ်တွေဆီကတကယ့်အမှတ် တရဖြစ်စေမယ့် hand made လေးတွေပို့ပေးကြ တယ်။ ဖွေးဓာတ်ပုံလေးတွေကိုSelection လုပ်ပြီး ပို့ပေးတယ်။ အဲလိုတွေ့ရတော့အရမ်းဝမ်းသာ တယ်။

ကျေးဇူးလည်း တင် ပီတိလည်းဖြစ်ရ တယ်”လို့ မွေးနေ့အမှတ်တရစကားပြောခဲ့ပါ တယ်။ ဖွေးဖွေးကစိုင်းစိုင်းခမ်းလှိုင်နဲ့ပထမဆုံး အကြိမ်ဗီဒီယိုရိုက်တာဖြစ်ပါတယ်။ “ကာလာစုံ Lesson” လို့နာမည်ပေးထားပြီးဖွေးဖွေးက “ဖြူဖြူ” အဖြစ်သရုပ်ဆောင်ရပါတယ်။ ရှုတင်အားတဲ့ရက် မှသာ မွေးနေ့အလှူအဖြစ်မေရီချက်ပ်မင်းကျောင်းအပါအဝင် လှူနေကျနေရာများကိုလှူဖြစ်မယ်လို့သိရပါတယ်။
ညနေဘယ်မှာဆုံမလဲ၊ အင်းလျားကန်ဘောင်က ကိုယ်ပိုင်ဆိုင်မှာဆုံမလားမေးတော့ အဲဒီဆိုင်မှာ ခဏခဏဆုံပြီးပြီလေ။ ဒါကြောင့်အခြားဆိုင်မှာပဲ သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါးမုန့်သွားစားဖြစ်မယ်လို့ပြောပါတယ်။ ဖွေးဖွေးရင်ထဲမှာ အချစ်ဆိုတဲ့အရာကို ထိထိခိုက်ခိုက်နာကျင်ခံစားခဲ့ဖူးလား မေးတဲ့အပေါ် “အချစ်ကြောင့်တော့မျက်ရည်ကျဖူးတာပေါ့နော်။ ဒါပေမယ့်ထိခိုက်နာကျင်ပြီးဘာမှမလုပ်ချင်တော့လောက်အောင် ဘဝကိုအရှုံးပေးချင်တဲ့အထိတော့မထိခိုက်ခဲ့ပါဘူး။ လူငယ်သဘာဝအချစ်ရှိမယ်။
ငိုရမယ်၊ ရယ်ရမယ်၊ ဒါကအချစ်ကြောင့်မဟုတ်ဘူး။ ကိုယ်ကြုံရတဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးလည်း ပျော်ရတာ၊ ရယ်ရတာ၊ ငိုရတာရှိနိုင်ပါတယ်။ ဒီတော့ ၅၀-၅၀လို့ပြောရင်မှန်ပါတယ်” လို့ အချစ်နဲ့ ပတ်သက် တဲ့ အကြောင်းအရာကိုလည်း မွေးနေ့အမှတ်တရအဖြစ်ပြောကြားခဲ့ပါတယ်။  
shade journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map