<div style='background-color: none transparent;'></div>

Home » » နာကြည်းစိတ်ဖြင့်ချစ်သူရည်းစားအား နှစ်ရှည်လများအဆိပ်ခတ်ခဲ့သူ.. .သေစေညွှန်းခဲ့သလား

နာကြည်းစိတ်ဖြင့်ချစ်သူရည်းစားအား နှစ်ရှည်လများအဆိပ်ခတ်ခဲ့သူ.. .သေစေညွှန်းခဲ့သလား

အသက်(၃၃)နှစ်အရွယ်အမျိုးသမီးတဦးသည်မိမိဧ။်ချစ်သူရည်စားအားအပြစ်အတွက်တန်ပြန်ခံစားစေလို
သည့်အတွက်(၃)နှစ်ကြာမျက်စဉ်းဆေးအားသောက်ရေထဲသို့အနည်းငယ်စီခတ်ကာနာကျင်စေခဲ့သည့်
အဖြစ်အပျက်တခုအမေရိကန်ပြည်ထောင်စုပန်းဆဗီနီးယားပြည်နယ်တွင်ဖြစ်ပွားခဲ့သည်ဟုသြဂုတ်လ
(၁၄)ရက်နေ့ABCသတင်းတွင်ဖော်ပြထားသည်.
အပြစ်ရှိသူ ဗစ်ကီဂျိုမေးလ် အမည်ရှိအမျိုးသမီးအားရဲအရာရှိများမှပြီးခဲ့သောကြာသာပတေးနေ့တွင်
ဖမ်းဆီးခဲ့ကြသည်.ဗစ်ကီမှချစ်သူရည်းစားဖြစ်သူ(၄၅)နှစ်အရွယ်ရှိ သာမန်အက်ဂါနက်စ်ဗစ်သည်မိမိအား
စိတ်အနှောင့်အယှက်ဖြစ်စေမှု၊အရှက်သိက္ခာကျအောင်ပြုမှုပြောဆိုဖြင်းများအကြီမ်ကြိမ်လုပ်ပြီးစိတ်ဆင်းခဲ့ရ
သည်ဟုရုံးတော်တွင်ထွက်ဆိုသည်။
ထိုအပြစ်အတွက်နက်စ်ဗစ်အားတန်ပြန်ခံစားစေလိုပြီး(၃)နှစ်ကြာသည့်တိုင်
ထိုအမျိုးသားအားသောက်သုံးရေထဲသို့(၂၀၀၉)ခုနှစ်မှစပြီးမျက်စဉ်းဆေးအနည်းငယ်စီထည့်ပြီးသတိထားတိုက်ခဲ့သည်။
ဆေးအရှိန်ကြောင့်ပျို့အန်ခြင်း၊သွေးပေါင်တတ်ခြင်းနှင့်အတူအသက်ရှုအဂါင်္ရပ်တွင်ပြသနာဆိုးဆိုးရွားရွားလာသော
နက်စ်ဗစ်သည်ကျွမ်းကျင်သောဆရာဝန်များနှင့်တိုင်ပင်ပြသခဲ့ရာဆေးစစ်ချက်အဖြေမှာနက်စ်ဗစ်ခန္ဓာကိုယ်အတွင်း
မျက်စဉ်းဆေးတွင်ပါဝင်သည့်ဓာတုဗေဒပစ္စည်းတမျိုးသည်မြင့်မားစွာပါဝင်နေကြောင်းသိရှိခဲ့ရသည်။
နက်စ်ဗစ်နှင့်ကလေးတယောက်ရရှိထားသူဗစ်ကီးမှ သူမသည်မိမိချစ်သူအပေါ်သေစေလိုခြင်းဟာကြံစည်ခဲ့ခြင်း
မဟုတ်ကြောင်းနာကျင်စေရန်အတွက်သာရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟုတရားရုံးတော်တွင်အကြိမ်ကြိမ်အသနားခံထွက်
ဆိုခဲ့သည်။သူမဧ။်ရှေ့နေဖြစ်သူမှမိမိဧ။်အမှုသည်ဗစ်ကီးသည်မိမိကိုယ်မိမိကာကွယ်သည့်အနေဖြင့်ထိုသို့ပြုမှု
ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်.။
ယခုအခါ ဗစ်ကီးသည်သူမဧ။်အပြစ်ဒဏ်အတွက်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနိုင်ဖွယ်ရာရှိကြောင်းသတင်းတွင်
ဖော်ပြထားပါသည်။။
burmese classic
Share this article :

1 comments:

Unknown said...

သြော် တော်တော်အငြိုးကြီးတယ်လို့ ပြောလို့ရမလား မသိဘူး....
ဝဋ်ကြွေးပါပဲဗျာ....

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map