စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ဗယ်လင်တိုင်း (Valentine) ကာရာအိုကေ ပိုင်ရှင် ဦးမြင့်မောင် က လျှပ်တစ်ပြက် ဂျာနယ်အား အသရေဖျက်မှုနှင့် တရားစွဲဆိုထားသည်ကို အာမခံ ရခဲ့သည်ဟု တရားစွဲဆိုခံ စာရေးဆရာ ဟာဂျူလီ(ကသာ) က ပြောသည်။
လျှပ်တစ်ပြက် ဧပြီလထုတ် အတွဲ ၃၊ အမှတ် ၈၄ နှင့် ၈၈ တွင် ပါရှိသည့် ဆောင်းပါးနှင့် ပတ်သက်၍ အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ်တရားရုံးသို့ ဦးမြင့်မောင် က ဦးတိုက်လျှောက်ထားခဲ့ရာ တရားသူကြီး ဦးတင်မြ က လက်ခံခဲ့ပြီးနောက် တနင်္လာနေ့ ရုံးချိန်းတွင် အာမခံ ပေးခဲ့ခြင်း ဖြစ်သည်။
သူနှင့်အတူ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား တရားစွဲဆိုထားသော်လည်း ဦးမြတ်ခိုင်ထံ ဆင့်ခေါ်စာ မရောက်သေးသဖြင့် ယခု ရုံးချိန်းသို့ ဦးမြတ်ခိုင် ရောက်လာခြင်း မရှိကြောင်း သိရသည်။
လျှပ်တစ်ပြက် ဧပြီလထုတ် အတွဲ ၃၊ အမှတ် ၈၄ နှင့် ၈၈ တွင် ပါရှိသည့် ဆောင်းပါးနှင့် ပတ်သက်၍ အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ်တရားရုံးသို့ ဦးမြင့်မောင် က ဦးတိုက်လျှောက်ထားခဲ့ရာ တရားသူကြီး ဦးတင်မြ က လက်ခံခဲ့ပြီးနောက် တနင်္လာနေ့ ရုံးချိန်းတွင် အာမခံ ပေးခဲ့ခြင်း ဖြစ်သည်။
သူနှင့်အတူ လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား တရားစွဲဆိုထားသော်လည်း ဦးမြတ်ခိုင်ထံ ဆင့်ခေါ်စာ မရောက်သေးသဖြင့် ယခု ရုံးချိန်းသို့ ဦးမြတ်ခိုင် ရောက်လာခြင်း မရှိကြောင်း သိရသည်။
“ပုဒ်မ ၅ဝဝ အတွက် ကျနော် ဒီနေ့ သွားတယ်။ တစ် တရားခံက ကိုမြတ်ခိုင်၊ နှစ်တရာခံက ကျနော်ပေါ့။ သူ မလာတဲ့ အတွက်၊ ဆင့်စာ မရောက်တဲ့အတွက် ကျနော့်ကို မမေးတော့ဘူး။ မမေးဘဲ အာမခံ ရပါတယ်။ ကျနော်က တရားခံ ပုံစံပေါ့ဗျာ။ သိန်း ၃ဝ တန် အာမခံတယ်” ဟု ဟာဂျူလီ(ကသာ)က ပြောသည်။ သြဂုတ်လ ၂ဝ ရက်နေ့တွင် ရုံးချိန်း
ပေးထားသည်။
ခရီးသွား သတင်းထောက် တက္ကသိုလ်မောင်ရဲမုန်း က ကသာမြို့ထဲရှိ ကာရာအိုကေဆိုင် အကြောင်း လျှပ်တစ်ပြက် တွင် ရေးသားချက်အပေါ် ဆိုင်ရှင်ဘက်မှ ဖြေရှင်းပေးရန် ပြောဆိုလာသဖြင့် ဆောင်းပါးပါ အချက်အလက် ပြန်လည် ဆန်းစစ်ရန် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က စာရေးဆရာ ဟာဂျူလီ(ကသာ)အား တာဝန်ပေးခဲ့သည်ဟု ဆိုသည်။
“သူ(ဆောင်းပါးရှင်)က ကသာမြို့ ရုပ်ရှင်ရုံရှေ့ မြို့လယ်ခေါင်မှာ ကေတီဗီ တခု ရှိတယ်။ အဲဒီမှာ အခန်းတွေ ရှိတယ်။ မိန်းကလေးတွေ ထားတယ်။ တနာရီကို အခန်းငှားခ ငါးထောင် ပေးရတယ်။ နောက်ကျရင် ဆောင်ကြာမြိုင် ဖြစ်သွားမှာ စိုးတယ်ဆိုပြီး ရေးတယ်။ ကိုမြတ်ခိုင်ကို ပြန်ဖြေရှင်းပေးဖို့ ကေတီဗီက ရန်ကုန်ဆင်းသွားတယ်။ ကိုမြတ်ခိုင်က ကျနော်ကို လှမ်းအကူအညီ တောင်းတယ်။ ဒါလေးကို ဟုတ်/မဟုတ် ပတ်ဝန်းကျင်ကို အင်တာဗျူးပြီး ရေးပေးပါ။ ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူးပေါ့” ဟု မဇ္စျိမကို ရှင်းပြသည်။
ထို့ကဲ့သို့ တာဝန်ပေးချက်အရ ရယက ဥက္ကဋ္ဌ ဟောင်းတဦး အပါအဝင် ကာရာအိုကေဆိုင် အနီးရှိ ဒေသခံ သုံးဦးနှင့် အင်တာဗျူးသည့် ဗီဒီယိုဖိုင်နှင့် အသံဖိုင်များဖြင့် မှတ်တမ်းတင်ထားပြီး အင်တာဗျူးစဉ် အခြားဒေသခံ သုံးဦးကိုလည်း သက်သေအဖြစ် ခေါ်ယူထားသည်ဟု ဆိုသည်။
ထိုအင်တာဗျူးအား ဧပြီလအတွင်း ထွက်ရှိသည့် ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ထိုအတွက် အသရေဖျက်မှုဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ (ကသာ)တို့အား Valentine ကာရာအိုကေဆိုင်ရှင်ကပင် နစ်နာကြေး ကျပ်ငွေ သိန်းပေါင်း ၅,ဝဝဝ ရယူမှုဖြင့် ကသာခရိုင် တရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု ဆိုသည်။ ၎င်းအမှုကို သြဂုတ်လ ၉ ရက်နေ့တွင် စစ်ဆေးရန် ရုံးချိန်း ပေးထားသည်။
မြို့နယ်တရားရုံးက အသရေဖျက်မှု လက်မခံမီ တရားလိုဘက်မှ နစ်နာကြေး သိန်း ငါးထောင် တောင်းဆိုမှုကို ခရိုင်တရားရုံးက အရင် လက်ခံလိုက်ခြင်းသည် တရားဥပဒေအရ နားမလည်နိုင်ကြောင်း ဟာဂျူလီ(ကသာ)က ဆိုသည်။
အဆိုပါကိစ္စ ဖြစ်ပွားသည့် နောက်ပိုင်း ၎င်းကာရာအိုကေဆိုင်အား ပိတ်လိုက်ကြောင်း သိရသည်။
ကာတွန်း၊ စာရေးဆရာ ဟာဂျူလီ (ကသာ)သည် သူ့အနေဖြင့် အသရေဖျက်မှုဖြင့် ပထမဆုံးအကြိမ် တရားစွဲဆိုခံရခြင်း
ဖြစ်ပြီး သူ့အနေဖြင့် အမှန်တကယ် စိစစ်ရေးသားခဲ့၍ တရားဥပဒေအရ ပြန်လည် ချေပသွားမည် ဖြစ်ကြောင်း မဇ္စျိမကို
ပြောသည်။
အဆိုပါ အမှုများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် Velinetine ကာရာအိုကေဆိုင် ပိုင်ရှင်များထံ မဇ္စျိမအနေဖြင့် ဆက်သွယ်၍ မရရှိခဲ့ပေ။
ချင်းမိုင် (မဇ္စျိမ) ။


0 comments:
Post a Comment