<div style='background-color: none transparent;'></div>

Home » » ပွဲပျက်ရင် ကိုယ့်ဘက်ကလေးငါးဆ လောက် လျော်ခိုင်းမှ တရားမယ်ဟုအဆိုတော် ချမ်းချမ်းဆို

ပွဲပျက်ရင် ကိုယ့်ဘက်ကလေးငါးဆ လောက် လျော်ခိုင်းမှ တရားမယ်ဟုအဆိုတော် ချမ်းချမ်းဆို


Show ပွဲတွေကို နေ့တိုင်း နီးပါးသွားရင်းနဲ့ ဒုတိယ Singel ခွေ VCD ထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အဆိုတော်ချမ်းချမ်းနဲ့ မေးဖြစ်သမျှ-
လတ်တလော ချမ်းချမ်းလုပ်ဖြစ်နေတဲ့ အနုပညာလှုပ် ရှားမှုက။
ဒုတိယတစ်ကိုယ်တော် VCD ထွက်ဖို့ စိုင်း ပြင်းနေတယ်။ ပထမခွေလိုတော့ အများကြီးသရုပ် ဆောင်မထားဘူး။ သုံးလေးပုဒ်လောက်ပဲပါမယ်။ ပရိသတ်လည်း အပြောင်းအလဲဖြစ်အောင် မင်းသား မင်းသမီးအများကြီးပါတော့ သူတို့စိတ်ကျေနပ်မယ်လို့ ထင်ပါတယ်။

သိပ်ချစ်တယ်အရမ်းမုန်းတယ် တေးစီးရီးကဘာတွေ ပြန်ကြားရလဲ။
တကယ်လည်းမချစ်ဘဲနဲ့ကို သူတို့ကြိုက်ကြ တယ်။ အဲဒီအတွက် ဝမ်းသာပါတယ်။
၂၀၁၂ ပြောင်းလဲမှုတွေက အများကြီးပဲလေ။ ချမ်းချမ်း ရော ဂီတဘက်မှာ ဘာတွေပြောင်းလဲလာဦးမလဲ။
ဂီတပြောင်းလဲမှုဆိုတာ ဘယ်လိုပြောရမလဲ။ လူတစ်ယောက်ချင်းဆီမှာ ခံစားချက်ကိုယ်စီရှိတယ်။ ညီမတို့က အဲဒီလူတွေရဲ့ခံစားချက်ကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာတယ်လို့ ဆိုရမှာပေါ့။ အဆွေးသီချင်းဆိုရင် သူတို့ငိုမယ်၊ ပျော်စရာဆို သူတို့ပျော်မယ်။
Show ပွဲတွေမှာ ညီမနဲ့ပတ်သက်ပြီး သတင်းတွေအရမ်း ထွက်တာပဲ ပွဲလက်ခံတာနဲ့ပတ်သက်ပြီးတော့ပေါ့။
အဓိကက ညီမပြောချင်တာက ညီမတို့က ဆိုမယ့်သူ၊ ဆိုတဲ့သူက အမြဲအလုပ်ရှာနေတာပဲ။ ပွဲစီစဉ် သူကတော့ အမြတ်ထုတ်ချင်တာများတယ်။ တချို့ မလုပ်ဖူးတဲ့သူဆို ပိုဆိုးတယ်။ ပွဲတစ်ခါမှ မလုပ်ဘူးတဲ့ အခါကျတော့ အနိုင်ကျင့်လို့ရရင်ကျင့်မယ်ဆိုတဲ့ စိတ်မျိုး ရှိတယ်။ ပူးပေါင်းပြီး ဝိုင်းအနိုင်ကျင့်တဲ့အခါ ညီမက တစ်ယောက်တည်း သွားရတော့ ဒုက္ခအရမ်းများတယ်။ အဲလိုဒုက္ခများနေတဲ့အခါမှာ ကိုဩရသတို့ အနုပညာ မောင်နှမတွေက လိုက်ကူညီပေးတယ်။ ငွေကြေး ပိုသုံး နိုင်တဲ့ သူကစားသွားတာပဲ။ ညီမတို့က အဲလိုပိုက်ဆံ ပေါက်ပြီး ဖြေရှင်းစရာအကြောင်းမရှိဘူး။ ကိုယ်က အလုပ်လုပ်နေရတာပဲလေ။ သူတို့သာပွဲလုပ်ဖို့ အဆင် မပြေတော့တာ။ အဲဒီအတွက်လည်း စိတ်မကောင်းပါ ဘူး။ ကိုယ်ကမှန်မှန်ကန်ကန်လုပ်ရင် ဒီလိုဖြစ်မှာ မဟုတ် ဘူးလေ။
ခုနောက်ပိုင်းပွဲလက်ခံရင် ဘယ်လိုလက်ခံလဲ။
ညီမအခု စည်းကမ်းတစ်ခုလုပ်ထားတယ်။ ပွဲမတိုင်ခင် ပိုက်ဆံအပြည့်ပေးရမယ်။ ပွဲကျင်းပဖို့အတွက် အသွားအပြန်တာဝန်ယူပေးရမယ်။ မယူပေးနိုင်ရင် လုံးဝ မဆိုဘူး။ တစ်ခုခုဖြစ်ရင်ပြန်တရားစွဲမယ်။ သူတို့တောင် ပွဲပျက်ရင် ၂ဆ ၃ ဆတောင်းသလို ကိုယ့်ဘက်ကလည်း လေးငါးဆလောက် ပြန်လျော်မှတရားမယ်လို့ထင် တယ်။
ချမ်းချမ်းရဲ့ ပြည်ပပွဲကရော အတွဲခွေတွေရော လုပ်ထား သေးလား။
ဘန်ကောက်ပြန်သွားမယ်။ ၃ ရက်နေ့ ကိုဇော် ပိုင်ရယ်၊ ကို R ဇာနည်ရယ်၊ ညီမရယ် သုံးယောက်ဆိုမယ်။ အတွဲခွေက ဇမ်နူးရယ် အိုင်းရင်းရယ် သုံးယောက်အတွဲခွေရှိ တယ်။ အုပ်စုလိုက်ဆိုမယ့်အတွဲခွေထွက်ဖို့ရှိတယ်။
တတိယ Single ခွေကို ပရိသတ်နဲ့အဆက်မပြတ်ဖို့ စလုပ် နေပြီလား။
တတိယစီးရီးအတွက် သီချင်းလေးတွေရွေးနေ တယ်။ ကိုဆောင်းဦးလှိုင်၊ ကိုဟဲလေး၊ ကိုရဲလေးတို့ အများ ကြီးပါပဲ။ ရေးပေးထားတယ်ဆိုတော့ ရယ်ဒီတော့ဖြစ်နေပါ ပြီ။ အကောင်အထည်ဖော်ပြီး စလုပ်ဖို့လိုသေးတယ်။
ပရိသတ်ကို ပြောချင်တဲ့စကားရှိရင်။
ချမ်းချမ်းပြောချင်တာက အရာအားလုံးက ပရိသတ်ပေါ်မှာ စေတနာထားပြီးလုပ်ပေးသလို ပရိသတ် က စေတနာထားလို့ ဒီနေရာကိုရောက်လာတာပါ။ အဲဒါ ကြောင့်လည်း ကျေးဇူးမကန်းပါဘူးလို့။ နောက်ထပ်လာ မယ့်အခွေလည်း အကောင်းဆုံးလုပ်ထားတဲ့အတွက်ကြောင့် ထွက်လာခဲ့ရင်လည်း အားပေးပါဦးလို့ ပြောသွားခဲ့ပါတယ်
frist new journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map