<div style='background-color: none transparent;'></div>

Home » » ကမ္ဘာကြီးကို အုပ်စိုးနိုင်သည့် ပျော့ပျောင်းသော လက်ပိုင်ရှင်များ

ကမ္ဘာကြီးကို အုပ်စိုးနိုင်သည့် ပျော့ပျောင်းသော လက်ပိုင်ရှင်များ


ပုခက်လွှဲသောလက် ကမ္ဘာကြီးကိုလဲ စိုးမိုးနိုင်တယ်တဲ့.......။
ကမ္ဘာမှာ အမျိုးသမီးလို့ ဆိုလိုက်တာနဲ့ လူသားတိုင်းလိုလိုက အားနွဲ့တဲ့ သူအဖြစ်သာ ပြေးမြင်ကြပါလိမ့်မယ်။
နုနယ်ပျော့ပျောင်းတဲ့ အသွင်သဏ္ဍန်ဆောင်သည့် အမျိုးသမီးတွေဟာ အမှန်တကယ်ရော ပျော့ညံ့ကြသူများလား။
မေတော့ မထင်ပါ...........။

ရှေးအစဉ်ဆက် ဖိနှိပ်ခံ အခြေအနေတွေကြောင့်သာ အမျိုးသမီး အများစုဟာ အိမ်မှု့ကိစ္စတွေ ထိန်းသိမ်းရင်း အရည်အချင်းတွေ လောင်းရိပ်မိ ခွန်အားတွေ ထုတ်သုံးခွင့်မရပဲ ငုံလျှိုနေကြတာပါ။
တကယ်တမ်း အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်တွေ ချပေးလာခဲ့တော့ အမျိုးသမီးတွေကလဲ ယောကျာင်္းသားများနည်းတူ ယောင်္ကျားသားများနှင့် ရင်ဘောင်တန်း လှုပ်ရှားလာနိုင်ခဲ့ကြတဲ့ သာဓကတွေ များစွာ တွေ့ရှိခဲ့ကြမှာပါပဲ....။
အမျိုးသမီးများဟာ ခွန်အားအရာမှာ ယောင်္ကျားသားတွေထက် အားနွဲ့ချင် အားနွဲ့ပေမဲ့ စိတ်ဓာတ်အရာမှာ ပိုပြီး ကြံခိုင်ပါတယ်။
အခက်အခဲတွေ ကြုံလာလို့ ရင်ဆိုင်ရမည်ဆိုလျှင် သွေးအေးအေးနှင့် ဇွဲရှိရှိ ရင်ဆိုင်နိုင်သူသည် အမျိုးသားများထက် အမျိုးသမီးရာခိုင်နှုန်းက ပို၍ များပြားပါသည်။
ကျရှုံးခြင်းကို စိတ်ဓာတ် ခိုင်ခိုင်ဖြစ် လက်ခံ ရင်ဆိုင်နိုင်သူဦးရည်သည် အမျိုးသားများထက် အမျိုးသမီးဦးရေ ပို၍ များပြားပါလိမ့်မည်။
စိတ်ဆင်းရဲမှုတွေနှင့် ကြုံလာရချိန်တွင် ယောကျာင်္းများက သေရည်သေရက် သုံးစွဲခြင်းဖြစ် ခံစားမှုကို အရှုံးပေး မေ့ပျောက်အောင် စွမ်းဆောင်ခဲ့ကြပေမဲ့ အမျိုးသမီးများက ထို ဒုက္ခမှ လွတ်မြှောက်အောင် မည်သို့ စွမ်းဆောင်ရမည် ဆိုတာကို ကြံဆတွေးတော လွတ်လမ်းရှာကြသည်။
တစ်ခါတစ်ရံ မိန်းမသားတစ်ယောက်ရဲ့ ဘဝသည် လွန်စွာ သနားဖို့တော့ ကောင်းလှသည်။
ပြင်ပလောကတွေနဲ့ အဆက်အသွယ်တွေ ဖြတ်ရင်း လင်ယောကျာင်္း၊သားသမီးတွေကသာ ကိုယ့်ရဲ့ ကမ္ဘာ ၊ ကိုယ့်ဘဝရဲ့ အဖော်မွန်အဖြစ်နစ်မြုပ်နေခဲ့ကြသည့် အရည်အချင်းရှိ အမျိုးသမီးတွေ ဒုနဲ့ဒေးပါ။
သို့သော် အောင်မြင်မှုတစ်ခုကို မိသားစုငြိမ်းချမ်းရေးနဲ့ လဲလှယ်ဝံ့ခဲ့သည်။
လောကမှာ အောင်မြင်နေသည့် ယောင်္ကျား အတော်များများတွင် လိမ္မာပါးနပ်သည့် ဇနီးမယား များကို ပိုင်ဆိုင်ထားကြသည်။ လမ်းပြကောင်းသည့် မိခင်ကောင်းများကို ပိုင်ဆိုင်ထားကြသည်။
ထက်မြက်သည့် အမျိုးသမီးများသည် ယောကျာင်္းသားများ၏ စိတ်နှလုံးအား ဖယောင်းအသွင် ပုံသွင်းပြီး အောင်မြင်ခြင်းလမ်းမှန်ပို့ဆောင်နိုင်ပါသည်။
စိတ်ဓာတ် ကြံ့ခိုင်သည့် အမျိုးသမီးများသည် နိုင်ငံ အတွက် သားကောင်းရတနာများကို မွေးထုတ်ပေးသည်။
နိုင်ငံတကာမှာ ကျော်ကြားနေသည့် အမျိုးသမီးပေါင်း များစွာရှိခဲ့ပါသည်။
၎င်းတို့၏ ဇွဲရှိမှု ၊ ကြိုးစားအားထုတ်မှု ၊ ကြံ့ခိုင်မှုတို့သည် သက်ရှိလောကမှာ ကျင်လည်နေကြကုန်သော အမျိုးသမီးထု အားလုံး၏ ကိုယ်စား သက်သေတည်း။
အရေးကြုံက သက်လုံကောင်း ဆိုသည့်အတိုင်း အမျိုးသမီးများ၏ ဇွဲသတ္တိတို့သည် မိမိ မိသားစုအတွက် ၊ နိုင်ငံအတွက် ကြုံလာပါက ပျော့ပျောင်းသည့် ဖယောင်းအသွင်မှာ သံမဏ္ဏိအသွင် ပြောင်းလဲနိုင်စွမ်းနှင့် အရေးကြုံက လက်မနှေး အမျိုးသမီးများ ရှေ့တန်းက စွမ်းဆောင်နိုင်စွမ်းရှိပါသည်။
အမျိုးသမီးများသည် ပျော့ညံ့သူများ မဟုတ်ကြပါ။ ပျော့ပျောင်းသူများသာ ဖြစ်သည်။
နူးညံ့ပျော့ပျောင်း
ပုံစံမျိုးစုံ သွန်း၍လောင်း
ခုတ်၍ မပြတ် ၊
သတ်လဲမသေ
ညစ်ကြေးစုံလင်
သန့်စင်စေတာ
ငါတို့ အမျိုးသမီးတွေရဲ့
စိတ်ဓာတ်သာတည်း။
မတ်လ (၈) ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာအမျိုးသမီးများနေ့
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map